Songs ↓
Thanzin

Controls

Display, spacing, and layout

Reset to default

Columns

1 cols

Select 1 to 4 columns for reading.

Original key

Re-anchor the chords to the key you actually play in.

Capo

0
- 0 +

Lower the shapes without changing the pitch.

Transpose

Key: Db -> Dbm
-+0 +

Shift chords up or down.

Accidentals

Write chords with sharps or flats.

Display

Choose overlay or lyric view.

Line spacing

0px

Adjust lyric and chord line height.

Label width

1.6x
- +

Widen the section-label column.

Key - Db Original key - C#m
Intro:

V1

ဟိုဖက်ခြံထဲက ကြက်ဖနဲ့ ‎ကျုပ်ကြက်မနဲ့ညား

သူတို့ချစ်ခြင်းရဲ့ အချစ်သက်သေ ‎အိမ်မှာဥတစ်လုံးကျ

ဟိုဘက်ခြံကအကောင် ပုကွကွ စကားပြော ဘုကျကျ

ကျုပ်ခြံထဲက ဥ ကိုလာပြီးမ

V2

ငါ့ခြံထဲမှာ ဥတဲ့ဥ ‎ငါ့ကြက်မရဲ့ဥ

အတင်းဝင်ကောက်တဲ့ ဟိုဘက်ကဂျပု

မလွန်ခင်တူနဲ့ထု ‎မင်းကြက်အထီးက မဥတဲ့ဘဝ

အဲ့တာမင်းကိစ္စ ‎မင်းမကျေနပ်ရင် ကိုယ်တိုင်ထိုင်ဥဟ

Cho1

အဲ့ဒီမှာစ ‎ဝုန်းဒိုင်းကြဲကြ

အမျိုးတွေကလေးတွေ ဂျပုကိုဝင်ပြီးချ

မုတ်ဆိတ်ကိုဆွဲဒူးနှစ်လုံးကြားထည့်

သူ့ကျောကိုထုတာ လက်တောင်မလည်ဘူးတဲ့

V3

နှုတ်ခမ်းတွေကွဲလို့ ခေါင်းလည်းဖု ‎အညှိုးထားသွားတဲ့ဂျပု

ဥကိုမရတော့ ကျုပ်ကြက်မ သန်းခေါင်မှာ ဂွနဲ့ထု

ကြက်မကြီးက မာလကီးယားလို့ သူ့နွားကြီးမိန်းနဲ့ထိုး

နွားသေသွားလို့ သူကြီးတိုင်တော့ အကြောင်းဆိုး

Cho2

အသက်ခြောက်ဆယ်မှ ထိပ်တုံးနဲ့ညား

ဒေါကန်ရတာ ပြောစရာမရှိဘူးခင်ဗျ

ဂျပုဘက်ကအမျိုး ကျုပ်ဘက်ကအမျိုး

လမ်းမှာတွေ့ရင် ဦးရာလူကချ

Solo

:||___ |___ |___ |___ | |___ |___ |___ |___ ||: |___ |___ |___ |___ |

:||___ |___ |___ |___ | |___ |___ |___ |___ ||: |___ |___ |___ |___ |

:||___ |___ |___ |___ |

|___ |___ |___ |___ ||:

|___ |___ |___ |___ |

V3

နေတက်ရေတက်မှာ မွေးတဲ့ကျုပ် စိတ်ထားက ခပ်ပုပ်ပုပ်

အချုပ်အနှောင်လွတ်တဲ့ နောက်နေ့မနက် ‎အိမ်ပြန်အကြံကြီးထုတ်

လူပါးဝလွန်းတဲ့ ဂျပုမျက်ခွက် ‎မျက်စိထဲကမထွက်

သူ့စပါးကျီထဲကို မီးအိမ်သွားပစ်ထည့်

Cho3

အဲ့ဒီမှာစ ‎ဝုန်းဒိုင်းကြဲကြ

အမျိုးတွေ ကလေးတွေ လွတ်ရာကိုပြေးကြ

ဂျပုရဲ့အိမ်ထက် ‎Fire ကမျို

သိပ်မကြာသေးခင် ကျုပ်အိမ်ပါလှမ်းကူး

V4

ကျုပ်တစ်ရွာလုံးက ဝိုင်းငြှိမ်းရ ‎ကျုပ်ရှို့တဲ့မီးခင်ဗျ

ကြက်ဥတစ်လုံးက စတဲ့အစ နှစ်အိမ်ထောင်ပြာဖြစ်ကြ

သင်ခန်းစာရလို့ ပုခုံးထဖက် ‎ဂျပုကရှုံ့မဲ့မဲ့

နောက်တစ်ခါ ကြက်တွေမဥအောင် လုပ်ထားကွာ...

FINE

About this song
Release year
Unknown
Language
Level
Created by
a******9@gmail.com