Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
ဟိုဖက်ခြံထဲက ကြက်ဖနဲ့ ကျုပ်ကြက်မနဲ့ညား
သူတို့ချစ်ခြင်းရဲ့ အချစ်သက်သေ အိမ်မှာဥတစ်လုံးကျ
ဟိုဘက်ခြံကအကောင် ပုကွကွ စကားပြော ဘုကျကျ
ကျုပ်ခြံထဲက ဥ ကိုလာပြီးမ
ငါ့ခြံထဲမှာ ဥတဲ့ဥ ငါ့ကြက်မရဲ့ဥ
အတင်းဝင်ကောက်တဲ့ ဟိုဘက်ကဂျပု
မလွန်ခင်တူနဲ့ထု မင်းကြက်အထီးက မဥတဲ့ဘဝ
အဲ့တာမင်းကိစ္စ မင်းမကျေနပ်ရင် ကိုယ်တိုင်ထိုင်ဥဟ
အဲ့ဒီမှာစ ဝုန်းဒိုင်းကြဲကြ
အမျိုးတွေကလေးတွေ ဂျပုကိုဝင်ပြီးချ
မုတ်ဆိတ်ကိုဆွဲဒူးနှစ်လုံးကြားထည့်
သူ့ကျောကိုထုတာ လက်တောင်မလည်ဘူးတဲ့
နှုတ်ခမ်းတွေကွဲလို့ ခေါင်းလည်းဖု အညှိုးထားသွားတဲ့ဂျပု
ဥကိုမရတော့ ကျုပ်ကြက်မ သန်းခေါင်မှာ ဂွနဲ့ထု
ကြက်မကြီးက မာလကီးယားလို့ သူ့နွားကြီးမိန်းနဲ့ထိုး
နွားသေသွားလို့ သူကြီးတိုင်တော့ အကြောင်းဆိုး
အသက်ခြောက်ဆယ်မှ ထိပ်တုံးနဲ့ညား
ဒေါကန်ရတာ ပြောစရာမရှိဘူးခင်ဗျ
ဂျပုဘက်ကအမျိုး ကျုပ်ဘက်ကအမျိုး
လမ်းမှာတွေ့ရင် ဦးရာလူကချ
:||___ |___ |___ |___ | |___ |___ |___ |___ ||: |___ |___ |___ |___ |
:||___ |___ |___ |___ | |___ |___ |___ |___ ||: |___ |___ |___ |___ |
:||___ |___ |___ |___ |
|___ |___ |___ |___ ||:
|___ |___ |___ |___ |
နေတက်ရေတက်မှာ မွေးတဲ့ကျုပ် စိတ်ထားက ခပ်ပုပ်ပုပ်
အချုပ်အနှောင်လွတ်တဲ့ နောက်နေ့မနက် အိမ်ပြန်အကြံကြီးထုတ်
လူပါးဝလွန်းတဲ့ ဂျပုမျက်ခွက် မျက်စိထဲကမထွက်
သူ့စပါးကျီထဲကို မီးအိမ်သွားပစ်ထည့်
အဲ့ဒီမှာစ ဝုန်းဒိုင်းကြဲကြ
အမျိုးတွေ ကလေးတွေ လွတ်ရာကိုပြေးကြ
ဂျပုရဲ့အိမ်ထက် Fire ကမျို
သိပ်မကြာသေးခင် ကျုပ်အိမ်ပါလှမ်းကူး
ကျုပ်တစ်ရွာလုံးက ဝိုင်းငြှိမ်းရ ကျုပ်ရှို့တဲ့မီးခင်ဗျ
ကြက်ဥတစ်လုံးက စတဲ့အစ နှစ်အိမ်ထောင်ပြာဖြစ်ကြ
သင်ခန်းစာရလို့ ပုခုံးထဖက် ဂျပုကရှုံ့မဲ့မဲ့
နောက်တစ်ခါ ကြက်တွေမဥအောင် လုပ်ထားကွာ...
FINE