Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
𝄞
ငယ်စဉ် ကလေးဘဝကတည်းက တို့တွေ လွယ်အိတ် ကိုယ်စီနဲ့ ကျောင်းနေဘက် သူငယ်ချင်းရေ
အဆင်မပြေကြတဲ့ ကြားက ကျောင်းထားတဲ့ အဖေအမေတွေ အတွက် ပညာဂုဏ်ဆောင် အလင်းတန်းငယ်
အိမ်ဧည့်ခန်းမှာ ချိတ်ကာထားတဲ့ ဘွဲ့ပုံတွေနဲ့ နိုင်ငံ့တာဝန်တွေကို ယူရင်းကွယ်
တာဝန်ကျရာ အရပ်မှာ မေတ္တာထားက စေတနာတွေနဲ့ ဂုဏ်ယူပါတယ် ငါမင်းတို့အတွက် အခုတော့ ငါ့မှာ အားကျရုံ သက်သက်
𝄞
အဖေအမေ တားတဲ့ကြားက ငါ့မှာ ဆင်ခြင်ဥာဏ်မဲ့ လမ်းပေါ်တက်ကာ ငါကျောင်းထွက်
နေပူမိုးရွာ ချွေးစက်များစွာနဲ့ ငါ့ ခံနိုင်ရည်မဲ့ ပညာသင်ချိန် ငါလမ်းလွဲ
တနေကုန်လုပ်မှ 3500နဲ့ ငါအဆင်ပြေအောင် မနည်း သမုဒ္ဒရာ ဝမ်းတထွာ ငါအသက်ဆက်
ကိုယ်တိုင်ဖောက်တဲ့ လမ်းကို လျှောက်ရအုံးမယ် နာရီဓာတ်ခဲ မကုန်ခင် အချိန်လေးထဲ
𝄞𝄞
အသစ်ကပြန် စချင်တယ်.. နောက်ကျ နောင်တတွေနဲ့ ဆေးမှင်စုတ်ထိုး ဖျက်မရတဲ့ အဖြစ်မျိုးနဲ့ ငါ့ဘဝထဲ
ကျောင်းဝတ်စုံလေးတွေရယ်.. တွေးလိုက်ရင် မျက်ရည်ဝဲ မိဘမေတ္တာ ကျေးဇူးတရားကို အလေးမထားမိခဲ့ပဲ..
အမှားနဲ့အမှန် အဆိုးအကောင်းငါ ဆုံးဖြတ်ချက်လွဲ.. ပညာမတတ်ငါ သုံးထောင့်ငါးရာဟေ့