Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
¶
¶¶
∆
မနက်ခင်းရဲ့ အတုအယောင်တွေဟာ နှစ်မြုပ်ဝင်ဆဲပဲ နှင်းစက် အတုများကြား ရှူရှိုက်သမျှ လေဟာ အဖြူလွှားလွှား
ဆောင်းကို ရောက်ပြီဆို မိုးကိုလွမ်းလို့ မပြီးနိုင်တဲ့ သူမဟာ ဘယ်သူနားမှာ ငါ့စိတ်ကတော့ သူ့အနားမှာ သူကသာ
ဆောင်းရာသီ အမှတ်တရများကို စီကုံးပြပါ အဲ့လိုသာ မေးခဲ့ရင် အဖြေက ငါ့ဘေးနင်ရှိတုန်း ခဏတာ
ငါ့ပုခုံးပေါ် မှီအုံးထားတာ ငါတို့ နှစ်ယောက် အရီအပြုံးများစွာ
တို့နှစ်ယောက် အတိတ်ထက်ပို အေးမျှတဲ့ နှင်းစက် ကမ္ဘာပေါ်မကျလာ နိုင်တော့တာ နင်အသိဆုံး မလားကွာ ဒီနှလုံးသားအား ပြည့်ဖုံးကာချ
ကော်ဖီခွက်ကို ငေး အတိတ်က နေ့ရက်များ ပြေးမြင် ဘဝတူ သစ်ရွက်လေးတွေ ရင်ဖွင့်တဲ့ စကားသံကို ဝေမျှ ခံစားနေစဉ်
ငါလွမ်းသလို နင့်ကို လွမ်းစေချင်တာ တရားလား အဖြေက မပြတ်သားသေးခင်
ညနေစောင်း နင်ခြေဖျားလက်ဖျား အေးရင် အပြေးရောက်လာပီး ပွေ့ထားဖက်ထား ပေးချင်
မင်းလည်း တစ်နေ့ အချစ်သစ် တွေ့ရှိသွားလိမ့်မယ် ဆိုတာကို ဆက်တွေးသင့် မသင့်
အချိန်တွေဟာ ကလေးတစ်ယောက်လို စင်္ကြာပန်းလေးကိုင် ထွက်ပြေးရင်း အဝေး တလွင့်လွင့်
မင်းအတွက်ငါ ငါ့အတွက်မင်း ငါသိတဲ့ အချစ်ရဲ့ Definition အစစ်က မမျှော်လင့်တဲ့ Amazing Trip ကြောင့် အသက်ပေးရင်း ချစ်ကြမယ့် Relationship မှာ ရုတ်တရက် အရေးအခင်းဖြစ်
ကိုယ့်ရင်ခွင် နှင်းများရွဲ တိုးဝင်ရင် မင်းဖျားမယ် ပြောလည်း ရဲရင့်ခဲ့တဲ့ သူ့အပေါ် အားနာမိတယ် မှားခဲ့သမျှ ငါတို့ ပြင်ဆင်ခွင့် မရခဲ့
အထီးကျန် ညတွေမှာ ဂီတာ တစ်လက်ပိုက်ရင်း စိုးလွင်လွင် သီချင်းများနဲ့
အနားမှာ မင်းရှိသလို သီဆို ဟစ်ကြွေးရင်း မိုးစင်စင် လင်းသွားရဲ့
အဲ့တော့လည်း နင့်လမ်းပြကြယ်နဲ့ နင် ငါ့လမ်းပြကြယ်နဲ့ငါ ခရီးဆက်လျှောက် အခု
အရာရာ ပြာကျသွားလည်း ရင်ထဲက ဆောင်းရာသီကတော့ အပြီးမသတ်လောက်ဘူး
တခါက အကြည့် တစ်ချက်ကြောင့် ရူး ငါဖြစ်ခဲ့တယ် မီးခွက်စောင့် ဘီလူး
ခရင်းခွနဲ့ အနီးကပ် ဖောက်တူးတာတောင် ရင်ဘတ်က ဒီထက် မအောင့်ဘူး
ပြန်ရှာမရတဲ့ တခါတုန်က see first account တစ်ခု
မြောက်ပြန် လေတို့တောင် သိနေပြီ နင့်အတွက် ဘယ်သူ ဒီလောက်ငိုမလဲ
Ruby တစ်တောက်ကိုခဲ အချမ်းမလျော့ဖို့ ကောင်းကင်ကို အကူအညီ တောင်းဆိုမယ်
အလွမ်းပြေ နင့်အငွေ့အသက်တွေ ကပ်ကျန်ရစ်ခဲ့တဲ့ Hoodie အဟောင်းဆိုလဲ
တကယ်ပါ အခုထိ ငါ့အတွက်တော့ Uniform လိုပဲ
¶¶
¶¶