Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
ဟိုး... ဟို... နင်လဲအခုဆို ရင့်ကျက်လို့ နေပြီ ငါလဲအခုဆို ရင့်ကျက်သင့် ပါပြီ
အို ဘဝတွေခြား ဝေးသွားမှ ဘာမှားလဲ ခုငါသိ
နင်လဲအခုဆို တခြားတစ်ယောက် ရှိလောက်ပြီ
ငါတွဲဖူးတဲ့ လက်က အခြားတစ်ယောက်စီ
ငါ ယုံလိုက်ပါပြီ မင်းတို့ ခုဆို အချစ်သစ် စလောက်ပြီ
နင် ငါ့ကို မုန်း... သွားတာလည်း ဒါ ငါ့ကြောင့်ပဲ ငါလုပ်တာပဲ
အို အားလုံးငါ့ရဲ့ အပြစ်တွေပဲ
နင့်ချစ်သူ သိဖို့ ပြောချင်ရဲ့ နင့်ရဲ့ အကြိုက်တွေ
နင်မကြိုက်တဲ့ စရိုက်တွေ အားလုံးမင်းနဲ့ ဝေးစေဖို့
ကျေးဇူးပြု၍ကွာ အို မင်းငါ့ထက် သူ့ကို မြတ်နိုးပေးပါ
ကျေးဇူးပြု၍ကွာ အို မင်းသူ့ထက် နားလည်မှုများ ပေးပါ
ငါမြတ်နိုး ပျိုးခဲ့တဲ့ ဒီပန်းလေးညိုးသွားမှာ မလိုလားလို့ပါ
ကျေးဇူးပြု၍ကွာ အဆုံးထိ မင်းငါ့ကို ချစ်သွားပေးပါ
ဟိုး …. ဟူး …. ဟိုး နားလည် ဟိုး …. ဟူး …. ဟိုး ဟိုး …. ဟူး …. ဟိုး ဟိုး
ဟိုး …. ဟူး …. ဟိုး နားလည် ဟိုး …. ဟူး …. ဟိုး ဟိုး …. ဟူး …. ဟိုး ဟိုး
-
နား.. နား.. နား နား.. နား.. နား.. နား နား.. နား.. နား.. နား နား..
နား.. နား.. နား နား.. နား.. နား.. နား နား.. နား.. နား.. နား နား..
နား.. နား.. နား နား.. နား.. နား.. နား နား..
အဲဒီတုန်းက ငါ့ကိုငါ ထင်နေတာ ငါက မှန်တဲ့လူ
ကိုယ့်ကိုကိုယ် မှန်တဲ့လူ ဆိုပြီးတော့ သူ့ကိုရန်ပဲမူ တစ်ပင်လဲဟူ နောက်တစ်ပင်ကို ထူမယ်ဆို အဲဒီလိုမျိုးအကြံနဲ့ လူ
မခံခဲ့ဘူး မင်းပြောသမျှ တစ်ခုမှကို ငါ လက်သင့်မခံခဲ့ဘူး
ဟုတ်ပါတယ် မင်းငါနဲ့ တွဲရင် မင်းတဖြည်းဖြည်း စုတ်ယုတ်မှာပဲ
ငါ့ဘဝထဲ နင်ဝင်လာတာကိုပဲ ငါက အရှုပ်ထုတ်အထာနဲ့
မင်းကိုအမြဲ အလုပ်ရှုပ်တာပဲ ပြောပြီးတော့ သမုတ်ထုတ်တာပဲ
ကိုယ့်ကိုကိုယ် အဟုတ်လုပ်ကာလဲ အခြားသူနဲ့ ဇာတ်ရှုပ်တာ
မင်းသိလို့ သွားလဲ ငါဘာများ မင်းတားလို့နားလည်
ပတ်ဝန်းကျင်ပြောလို့ ပြန်ကြားလဲ
ငါမင်းကို လိမ်လည်ကာထားဆဲ ငါသနားတယ်
မင်းကိုငါ တကယ်ပါ သနားတယ် အခုစဉ်းစားရင် ငါအရမ်းမှားတယ်
အချစ်စိတ်တွေ မွှန်ကာသွားတဲ့ ငါက တကယ်တော့ အတ္တသမားပဲ
အရပ်ကတောင် သနားတယ် မင်းငါ့အတွက် ငိုတာပိုများတယ်
မင်းငါ့ကို လိုတာများထက် ပိုကာချစ်တာကို သိ သားနဲ့ ငါလှည့်စားခဲ့
အချစ်ဆိုတာ တကယ်အလကားပဲ မယုံကြည်နဲ့ ဆက်သွားရင် အမှားပဲ
ပတ်ဝန်းကျင်ဝိုင်းကာ တားလည်း မင်းငါ့ဘက်က ရပ်တည်ကာထားမြဲ
ဟုတ်တယ် ဒါအမှန်တရားပဲ ဘာမှ မင်းအတွက် ငါမတရားခဲ့
ဝန်ခံဖို့ သတ္တိအားနည်း တောင်းပန်တယ် မင်း ထွက်မသွားပါနဲ့ ခြောက်ခြားစွာနဲ့
ငါတောင်းပန်နေတာပါ ကျေးဇူးပြုပြီး ငါ့အနားကို ပြန်လာပါကွာ
ကျေးဇူးပြု၍ကွာ အို မင်းငါ့ထက် သူ့ကို မြတ်နိုးပေးပါ
ကျေးဇူးပြု၍ကွာ အို မင်းသူ့ထက် နားလည်မှုများ ပေးပါ
ငါမြတ်နိုး ပျိုးခဲ့တဲ့ ဒီပန်းလေးညိုးသွားမှာ မလိုလားလို့ပါ
ကျေးဇူးပြု၍ကွာ အဆုံးထိ မင်းငါ့ကို ချစ်သွားပေးပါ
ဟိုး …. ဟူး …. ဟိုး နားလည် ဟိုး …. ဟူး …. ဟိုး ဟိုး …. ဟူး …. ဟိုး ဟိုး
ဟိုး …. ဟူး …. ဟိုး နားလည် ဟိုး …. ဟူး …. ဟိုး ဟိုး …. ဟူး …. ဟိုး ဟိုး
ဟုတ်ပါတယ် ငါဟာလူဆိုးပါ
မင်းယုံတဲ့ မျှော်လင့်ချက်တွေကို အကုန် ရိုက်ချိုးကာ
တနေ့ မှာ သဝေထိုးကာ မင်းရဲ့ အဝေးကိုဒိုးမှာ
ဒီလိုမျိုး စိတ်ဓာတ်တွေက ဆိုးရွားခဲ့
အဲဒီတုန်းက ငါ့ရဲ့ အချစ်က ပုံရိပ်မထင်ပါ ဝိုးတဝါးနဲ့
ရိုက်စမ်းပါ မကျေနပ်သေးရင် ငါ့ပါးနှစ်ဖက်ကို တစ်ချက်ဆီဟာ
တကယ်တမ်းတော့ ငါ့ဆီမှာမရှိတာ စွန့် လွတ်ဖို့ ဆိုတဲ့သတ္တိပါ
နောက်ပြီးတော့ မပြောစမ်းပါနဲ့ စကားကြမ်းတွေနဲ့ Heart ထိစရာ ခက်ပြီကွာ
ကဲ Hlwan Paing ဆိုတဲ့ကောင် မင်းမှတ်ပြီလား
မင်းပြောသလို သူပြန်ပြောပြီ သူကမင်းကို တကယ်အထင်သေးသွားပြီ
သူ့ ဘဝမှာ မင်းမရှိလဲ အဆင်ပြေတယ်တဲ့ အို တကယ်ဝေးသွားပြီ
တကယ်ဆိုမင်းက အပြောနဲ့အလုပ် အို တစက်လေးမှ မညီ
ဝေးရပြီ အဲဒီကလေးမသည် တချိန်တုန်းက ငါ့ရဲ့ ချစ်သူလေးကို အခုငါ သတိရသည်...
အတိတ်ကမင်းနဲ့ အကြောင်းတွေ ကြိုးစားမေ့ကာ ဖျောက်လိုက်
ငါ့ခေါင်းနဲ့ ငါ့ခန္ဓာကိုယ် အိုးစားကွဲအောင် လျှောက်ရိုက်
လမ်းတွေလျှောက်လိုက် သတိရစိတ်တွေ ဝင်နှောက်လိုက်
တကယ်တော့ အချစ်က ငါ့အတွက် ကာဗွန်ဒိုင်အောက်ဆိုက်ဒ်