Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
ဟုတ်ကဲ့အမေ သမီးနိုးပါပြီ မျက်လုံးတစ်ဖက်ဖွင့် နာရီတစ်ချက် ရှိုးပါသည်
မနက် ၅ နာရီကို ထိုးတာသိတော့ မျက်နှာသစ်ပြီး ဖိနပ်ကြိုးပါချည်
ရိုးကာအီတဲ့ မနက်စာကို ဆွဲပြီးတော့ အပြင် ဒိုးပါမည်
နှင်းစက်ကလေးတွေ အိမ်ခေါင်မိုးပေါ် တွဲလဲခိုလို့
အရမ်းလှတဲ့ နံနက်ခင်းအတွက် ဒါက ဆည်းလည်းလိုမျိုး
နှာဖျားကနေ အသည်းထဲကို တိုးလာခဲ့တဲ့
ရွက်ခြောက်လေးတွေ မီးရှို့တဲ့အနံ့က ပတ်ဝန်းကျင်ကို ကြီးစိုးခဲ့ပြန်
Hello Hello Hello ဒီဇင်ဘာရယ်..
Hello Hello Hello ဒီဇင်ဘာရယ် နံနက်ခင်းပါ
လမ်းလျှောက်နေရင်းနဲ့ပဲ ငါက ဟိုငေးဒီငေးပေါ့
ထင်းရှူးပင်တွေကြားမှာ ကလေးတွေ ဟိုပြေးဒီပြေးဆော့
စက်ဘီးကလေးတွေ ကလင်ကလင်နဲ့ လမ်းပေါ်လူတွေကြည့် ကူးကာ
ပြုံးပြပြီးတော့ နှုတ်ဆက်ကြတယ် တစ်ယောက်နဲ့တစ်ယောက်နဲ့ မသိဘူးကွာ
ကြည်နူးစရာ ပတ်ဝန်းကျင်က အေးဆေးနေပေါ့ ပိုပြီး နွေးထွေးစေတော့
လည်ပင်းကြိုးလေးချည်ပြီး လမ်းလျှောက်နေတဲ့ ခွေးကလေးတွေရော
ပြီးတော့ ငှက်ကလေးတွေရော
နောက်ပြီး သစ်ပင်ပေါ်မှာ အစာရှာတဲ့ ရှဉ့်ကလေးတွေရော
ကြည်လင်ပါတယ်ဆို အို ဒီဇင်ဘာရယ်ငို
မှုန်ရီမှိုင်း မှိုင်းအေးဒဏ် နှင်းစက်ကြားမှာ
ငါတို့ အပျင်းလဲ ပိုတယ် သီချင်းလဲ ဆိုတယ်
အချိန်တွေ ရာသီတွေရယ် ပြောင်းလို့နေလဲ
ဒီဇင်ဘာရယ် လွမ်းလို့ နေဦးမယ်...
အစောကြီးပဲ နေဝင်ပြီးတော့ မိုး ချုပ်တာနဲ့
အင်္ကျီပွ ဘောင်းဘီပွ ဖက်ရှင်အမိုက်စားနဲ့ ရှိုးထုတ်ပါတယ်
နွေးရင် ပြီးတာပဲလေ ကျန်တာ ရွေးမနေပါနဲ့
အဆုတ်တွင်း ရှူသွင်းလိုက်တဲ့ လေလေးကိုက အေးနေတာပဲ
တောင်တန်းတွေရှိတဲ့နေရာ အဝေးတွေဘက်ငါ ကြည့်ပြီးငေး နေတတ်တာမို့
ကလေးဘဝအခြေအနေ လွမ်းပြီး ဆွေး နေလျက်ပါဗျို့
မှတ်မိသေးတယ် အဲ့အချိန်မှာ မျက်လှည့်ပြတဲ့
ပါးစပ်ထဲက အငွေ့တွေ ထွက်တာကို
ကိုယ့် အိမ်လေးထဲမှာ မိသားစုနဲ့ နွေးနွေးထွေးထွေးပါ
မုန့်တွေ လုပ်စားပြီးတော့ အေးအေးဆေးဆေးဟ
ခွဲနေသူတွေကတော့ အဖေကဘာမှာလဲ အမေကဘာမှာလဲနဲ့
သူတို့လည်းပဲ အခုချိန်ဆိုရင် အိမ်ကို ပြန်ချင်နေကြ ရှာမှာပဲ
ကော်ဖီပူပူနဲ့ မီးပုံးတွေ တော်ကီတူတူဖွဲ့ စည်းလုံးနေ
လက်ခုပ်နဲ့တီးတဲ့ တီးလုံးတွေနဲ့ မှိတ်တုပ် မှိတ်တုပ် မီးလုံးလေးတွေရယ်
ကြည်လင်ပါတယ်ဆို အို ဒီဇင်ဘာရယ်ငို
မှုန်ရီမှိုင်း မှိုင်းအေးဒဏ် နှင်းစက်ကြားမှာ
ငါတို့ အပျင်းလဲ ပိုတယ် သီချင်းလဲ ဆိုတယ်
အချိန်တွေ ရာသီတွေရယ် ပြောင်းလို့နေလဲ
ဒီဇင်ဘာရယ် လွမ်းလို့ နေဦးမယ်...
Hello Hello Hello ဒီဇင်ဘာရယ်..
Hello Hello Hello ဒီဇင်ဘာရယ် နံနက်ခင်းပါ
ကြည်လင်ပါတယ်ဆို အို ဒီဇင်ဘာရယ်ငို
မှုန်ရီမှိုင်း မှိုင်းအေးဒဏ် နှင်းစက်ကြားမှာ
ငါတို့ အပျင်းလဲ ပိုတယ် သီချင်းလဲ ဆိုတယ်
အချိန်တွေ ရာသီတွေရယ် ပြောင်းလို့နေလဲ
ဒီဇင်ဘာရယ် လွမ်းလို့ နေဦးမယ်...