Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
တောင်းတတိုင်း အမြဲ ရောက်လာတာမျိုး
မင်း အပြုံးလေး တွေ့ဖို့ မိုင်ထောင်ချီ ငါ ခရီးနှင်လို့..
ဒီကမ္ဘာက ကျဉ်းကျဉ်းလေးပါတဲ့ အာကာသထဲ အခုထိ လိုက်ရှာဆဲ
တစ်ယောက်တည်း.. အိုး ရေး ရေး
မင်းရှိခဲ့တဲ့ အတိတ်ဆီ ပြန် သွား
မှားယွင်း ခဲ့ကြတဲ့ အချိန်တွေကို ငါ ပြုပြင်မရ..
ကြယ်စင်တွေလဲ လမ်းပြ ပေးပါကွယ်
Galaxy ထဲ အချစ်ပျောက် လိုက်ရှာခဲ့ အမှောင်ထဲ..
Okay သူအရင်ဆုံး ပြောလာတဲ့ စကားလေးက break မယ်
တို့နှစ်ယောက် လိုတာ ကိုယ်ပိုင် space တဲ့
သူ့ပြောတဲ့ space က အာကာသထဲ
ကိုယ်မင်းကို တွေ့အောင် ဘယ်လို ပြန်လာရှာမလဲ
ကမ္ဘာ့အပြင်ကို ထွက်လို့ သွားခဲ့တယ် side fight
Connection အမြဲ ကျနေတဲ့ WiFi
ဘယ်လိုမှ ညှိလို့မရတဲ့ တို့နှစ်ယောက်ရဲ့ timeline မှာ
လက်သည်းအမည်းနဲ့ ကောင်လေးက မင်းအတွက်တော့ အရိုင်းအစိုင်း
Rick & Morty ကိုမေးမယ်
ပြောတဲ့ ကောင်မလေးက ဘယ် ကမ္ဘာကိုပြေးလဲ wah..
မိနစ် အလင်းနှစ် မိုင်ထောင်ချီ ဝေးလဲ
ကျွန်တော် Space X နဲ့ အာကာသထဲ သွားဖို့တော့ တိုင်ပင်သေးတယ်
ဘာကြောင့် အကြောင်းပြချက်တွေ လာပြီးတော့ ပေးလဲ
ဘာကြောင့် အဆင့်တက်ပြီး ချစ်ခဲ့ကြ သေးလဲ
တကယ်လို့ ဝေးသွားမှာ သိရင် မင်းက play သွားမှာသိရင်
ဘာမှ ခံစားချက်တွေ လာပြီးတော့ မပေးနဲ့
တောင်းတတိုင်း အမြဲ ရောက်လာတာမျိုး
မင်း အပြုံးလေး တွေ့ဖို့ မိုင်ထောင်ချီ ငါ ခရီးနှင်လို့..
ဒီကမ္ဘာက ကျဉ်းကျဉ်းလေးပါတဲ့ အာကာသထဲ အခုထိ လိုက်ရှာဆဲ
တစ်ယောက်တည်း.. အိုး ရေး ရေး
မင်းရှိခဲ့တဲ့ အတိတ်ဆီ ပြန် သွား
မှားယွင်း ခဲ့ကြတဲ့ အချိန်တွေကို ငါ ပြုပြင်မရ..
ကြယ်စင်တွေလဲ လမ်းပြ ပေးပါကွယ်
Galaxy ထဲ အချစ်ပျောက် လိုက်ရှာခဲ့ အမှောင်ထဲ..
နာကျင်နေမှန်း သိလည်း မင်းအချစ်ကို ဆာလောင်တယ်
မခွဲဘူးလို့ ကတိတွေပေးပြီး အာချောင်ခဲ့တာ ဘာကြောင့်လဲ
ထွက်သွားတဲ့ မင်းအကြောင်း အမြဲတမ်း စုံစမ်းနေတာ အခါ တစ်ထောင်မနည်း
သံယောဇဉ် ကြိုးတစ်မျှင်ကို လိုက်ရှာနေဆဲ ငါ့တစ်ယောက်ထဲ
နဂါးငွေ့တန်း ဖြတ်လို့ အလင်းနှစ်တွေ များစွာ
မင်းကို ချစ်ခဲ့မိတာ ငါ့အတွက် အပြစ် ဖြစ်နေလားကွာ
ရှေးလူတွေ ပြောခဲ့ဖူးသလိုမျိုး အချစ်မှာ မတရားတာ မရှိ
ကြယ်တာရာ တိုက်ပွဲထဲကလို စစ်ဖြစ်နေရမှာ
Black Hole ဖြတ်ပြီး Dimension တွေ ကူးဖြတ်လို့ရရင်
အတိတ်က မှားခဲ့တဲ့ အမှားတွေကို ပြင်ဆင်ခွင့်တို့ ငါရရင်
ထပ်ပြီး ဆုံချင်ခဲ့ အနမ်းလေးတွေ ပေးဖူးတဲ့ ပါးပြင်
အခွင့်အရေး တစ်ခုသာ ရရင် ထွက်မပြေးဘူး ဖက်ထားချင်
ဒီ space opera ထဲမှာဆို မင်းက မင်းသမီး
သေဆုံးသွားတဲ့ နေတစ်စင်းလို လုံးဝ အလင်းမရှိတဲ့ ငါ့ဘဝ
အထီးကျန်ဆန်လို့ အလင်းတွေပေးမယ် အချစ်ဆုံးမင်းဆီ
တိုင်းခန်းတွေ လှည့်ကာရှာတယ် မင်းကို မတွေ့ရှိ yeah!
တောင်းတတိုင်း အမြဲ ရောက်လာတာမျိုး
မင်း အပြုံးလေး တွေ့ဖို့ မိုင်ထောင်ချီ ငါ ခရီးနှင်လို့..
ဒီကမ္ဘာက ကျဉ်းကျဉ်းလေးပါတဲ့ အာကာသထဲ အခုထိ လိုက်ရှာဆဲ
ငါလဲ.. အိုး ရေး ရေး
မင်းရှိခဲ့တဲ့ အတိတ်ဆီ ပြန် သွား
မှားယွင်း ခဲ့ကြတဲ့ အချိန်တွေကို ငါ ပြုပြင်မရ..
ကြယ်စင်တွေလဲ လမ်းပြ ပေးပါကွယ်
Galaxy ထဲ အချစ်ပျောက် လိုက်ရှာခဲ့ အမှောင်ထဲ..
နင့်အကြောင်းတွေကို ငါ့ အသည်းထဲ ကြားထဲ
အလင်း နှစ်ပေါင်းများစွာ အိုး.... ငါ ရှာဖွေ နေဆဲ မို့...
ပေါင်းစပ်ဖို့ မဖြစ်နိုင်လို့... အချိန်တွေကို စောင့်ရင်းငါ မျှော်နေမယ်...