Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
သူ့ကို အဝေးကနေ တွေ့မြင်နိုင်တဲ့ ကျောင်းရှေ့က လက်ဖက်ရည်ဆိုင် ခြောက်နာရီ ထိုးပီဆို မေ့မနေနိုင်
ထိုင်နေကျ စားပွဲဝိုင်းကို ရောက်နေပီး သူ့မျက်နှာ မြင်ဖို့အတွက် တမေ့တမောငါ စောင့်နေမိ
ဆောင်းတွင်း နံနက်ခင်းမို့ နှင်းတွေကြားမှာ မှုန်ရီဝါး သူ့ကို တွေ့လိုက်တာနဲ့ရင်တခုလုံး တုန်ရီသွား
ဒီလိုဘဲ မနက်တိုင်း အလှကြည့်ရင်း အချိန်တွေလဲ ကုန်ပီကွာ ရင်ထဲမှာ စကားလုံးတွေ ပြွတ်သိပ်လို့ ပလုံစီသွား
ပြောမထွက် အချစ်ဆိုတာ ပညာရေးမှာ အနှောက်အယှက်မို့ ဒီလိုဘဲ အလှကြည့်မယ် စိတ်ရိုင်းတွေ ဖျောက်ဖျက်လို့
ဖြစ်နိုင်ရင် မင်းအနားမှာ ကပ်နေမယ် တောက်တဲ့လို ညီမလေး ငါ့ကြောင့် ထိခိုက်သွားမှာ ကြောက်တတ်လို့
ချစ်တာက ချစ်တာပေါ့ ရင်ထဲမှာ သိမ်းထားမယ် တခါတလေမှာ ညီမလေးရဲ့ အကြည့်တွေက စိမ်းကားတယ်
အဲ့ဒီအချိန်မှာ ငါ့ရဲ့ စိတ်တွေက ထိန်းမရခဲ့ အသဲယားလို့ နှလုံးသားတောင် ကျိမ်းသွားတယ်
စံပယ်ဖြူလို အလှလေးနဲ့ ဖြူစင်တဲ့ ညီမလေးရယ် ငါမင်းကို ချစ်တဲ့အကြောင်း ပြောလို့က မရသေးတယ်
ကျောင်းပီးဖို့ အချိန်ဆိုတာ ခနလေးတဲ့ အဲ့ဒီအချိန်ထိ စောင့်နေပါ့မယ် ဝင်လာခဲ့ကို့ ဘဝလေးထဲ
မဝေခင်မှာ ကြွေသွားမယ် စိုးရိမ်တဲ့ ပန်းကလေးရယ် နေချင်တာ မင်းအနားဘဲ ဒါပေမဲ့ အလှမ်းဝေးတယ်
ကို့ရဲ့ဘဝ အခြေအနေကလဲ ဒီအချိန်မှာ ကြမ်းသေးတယ် နှင်းဆီရောင် သန်းနေတဲ့ နုတ်ခမ်းလေးရယ် လွမ်းသေးတယ်
အပြစ်ကင်းတဲ့ မျက်နှာလေးကို ချစ်ခြင်းဖွဲ့ ရေးလိုက်မယ် အမရာ ဒေဝီ သံမ္ဘူလ ငေးထိုက်တယ်
သူ့အလှကို ငါ့အတွက်တော့ ဘယ်သူနဲ့မှ တုပလို့မမှီနိုင်ဘူး ငါချစ်တာ တယုတယမို့
ညဘက်ဆို မင်းအခန်းက စာကျက်သံလေး ကြားရတယ် ကိစ္စတခုရှိတိုင်း မင်းအိမ်ရှေ့ ဖြတ်သွားရတယ်
တခါတလေမှာ မင်းအမေက ဆူပူလို့ တရားပြတယ် ခေါင်းငုံ့ပီး ငြိမ်နေရှာတဲ့ ညီမလေးကို သနားရတယ်
ဒီတိုင်းဘဲ ကြည့်မနေနဲ့ သူငယ်ချင်းတွေက ပြောနေကြတယ် ဘယ်သူတွေ ဦးသွားမလဲ စိုးရိမ်လို့ ရင်မောနေ ရတယ်
ကောင်လေးတွေ မင်းအနားမှာ တွေ့နေရရင် ဒေါတွေပွမယ် ညီမလေးနဲ့ ပက်သက်ရင် စိတ်စောလို့ လောနေရတယ်
မိုးရွာထဲ ညီမလေးရဲ့ နောက်ကနေ ငါလိုက်ခဲ့တယ် ငါ့တကိုယ်လုံး စိုရွဲလို့ သူ့အတွက် ငါအမှိုက်သရိုက်ဘဲ ဖြစ်နေလား
တွေးရင်းနဲ့ အားငယ်လာ ဟမ်း ဘာဖြစ်ဖြစ် မထူးဘူး ဖွင့်ပြောဖို့ သွားမယ်ကွာ
ထိန်းချူပ်မရ ရင်ထဲမှာ ပလုံစီနေတဲ့ စကားတွေက ထွက်လာခဲ့ ညီမလေးရယ် ချစ်စကားလေး ကြားရလို့ မရှက်ပါနဲ့
ဒီလူဟာ တသက်တာ အတွက် အတည်ပါကွာ ဒီစကားကို ပြောဖို့အတွက်ကျောင်းဆင်းချိန် အမှီလာတာ
ဒီကမ္ဘာမှာ ချစ်ခဲ့တာ မင်းတယောက်အပြင် အခြားမရှိပါ မညီညာတဲ့ ရင်ခုန်သံကြောင့် စကားတွေလဲ မှားမိတာ
နားလည် ဒီလူကိုသနားမိလား အန်း သေချာတာ တခုကတော့ နောက်နေ့မှာ အဖျားမိတာ
မိုးတွေကရွာ အေးစက်တဲ့ လေတွေကတိုက် ဒီလူက မိုက်ပီးတော့ ညီမလေးရဲ့ နောက်ကိုလိုက်
နောက်နေ့မှာ ခေါင်းတွေကိုက် အိမ်တွင်းဘဲ အောင်းနေလိုက် အိပ်ယာထဲ လှဲပီးတော့ အတွေးစိတ်တွေ ညီမလေးဘက် ပြောင်းနေလိုက်
တရက် နှစ်ရက်လောက် မင်းတို့ကျောင်းကို ကိုမရောက်ဘူး ညီမလေးမျှော်နေမှာလား
ဒါမှမဟုတ် အရှုတ်ထုတ်ကြီး ရောက်မလာလို့ ပျော်နေမှာလား စိတ်ကူးနဲ့ လက်တွေ့ လွဲချော်နေမှာလား နောက်နေ့မှာ ကျောင်းကိုလာမယ် စကားပြောရင် ဖော်ရွေမှာလား
သူလာပီ ဟိုးအဝေးက သူ့ကို တွေ့လိုက်တာနဲ့ ရင်တွေ ပူလာသည် ရင်ထဲမှာ လှုပ်ခတ်နေတဲ့ လှိုင်းတွေက ဆူနာမီ
ဂနာမငြိမ်တဲ့ ငါ့ကိုကြည့်ပီး ဘေးအနားက ငါ့အကြောင်းကို သိနေတဲ့ လူတကာရယ်
အင်း လက်ဖက်ရည်ဆိုင် ရှေ့ရောက်တော့ ကို့ဘက်ကို တချက်ကြည့်သွား
ကိုပြောတဲ့ စကားတွေကိုရော မင်း မှတ်မိလား မင်းရဲ့အပြုံး တပွင့်ကို မခံနိုင်တော့ဘူး ဟတ်ထိသွား ကြွေပီဟေ့ ညီမလေးရေ မင်းကြောင့် အခုတော့ ခက်ပီကွာ
ကျောင်းတွေက ပိတ်တော့မယ် အချိန်ဆိုတာ ဘယ်မှာလဲ နောက်ဆိုရင် ညီမလေးနဲ့ တွေ့ဖို့က မလွယ်ပါတယ်
တကယ်ကြာတယ် မင်းကို့အတွက် စဉ်းစားနေတဲ့ အဖြေဆိုတာ ချစ်တာဘဲ ကြားချင်တယ်
အသဲကွဲပီး မသေလိုပါ ဆုံးဖြတ် မင်းကို့ကို မုန်းရက်လား ဒါဆိုရင် ချစ်တယ်ပေါ့ ခေါင်းငြိမ့်ကာ ပြုံးလျက်သား
ကို့ရင်ခွင်ထဲကနေ ရုံးထွက်မလား ပျော်ရွှင်စရာ အဖြေနဲ့ ဒီဇာတ်လမ်းလေး အဆုံးသတ်သွား