Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
အနားနား မင်းမရှိတဲ့ အချိန်ဟာ ခြောက်ကပ်လွန်းတဲ့ နေ့ရက်များ မင်းကို တွေ့ချင်တာ အပြစ်လား
စိတ်မချလို့ ပြောမိတာပါ ဒါဟာ မင်းလေးကို ချစ်လို့ပါ ကိုယ်ကိုနားလည်ပါ ချစ်လေးရာ
ငါဆိုးမှန်းလဲ မင်းသိထားရဲ့ နင်ဟာ အမြဲသည်းခံ ခွင့်လွှတ်သူ ချစ်သူ I love U..
ငါမသိခဲ့ မင်းရဲ့ခံစားချက် ကြင်နာယုယစွာ မပြောတတ်သူ အတ္တကြီးခဲ့သူ
တနေ့နေ့ မင်းနဲ့ငါနဲ့ တနေ့နေ့ အဆင်မပြေမှုတွေ ကျောခိုင်းလို့ အဝေးဆုံး ထွက်လို့ သွားမယ်လေ
ကလေးလေး နောက်ထပ်မငိုနဲ့ ကလေးလေး ငါလွန်သွားရင် sorryပါ တချက်လောက် ပြုံးပြလှည့်ပါမေ
ငါစိတ်တိုတုန်း ပြောမိတယ် ဒီစကား ဒီစကား နင်အပြစ်မယူပါနဲ့ကွာ ပြန် ခွင့်လွှတ်ပါ
ငါချစ်တာတော့ မင်းလေးတကယ် ယုံထားယုံထား ကိုယ်တောင်းပန်ပါတယ် စိတ်မကောက်လိုက်ပါနဲ့
ဒီသီချင်း အကြောင်းကို အမှတ်စဉ်တပ်ပြီး မာတိကာ ရေးရင်
No.1 အချက် စကား သိပ်တတ်တဲ့ သာလိကာလေး မင်း
No.2 အချစ်နဲ့ ပတ်သက်ရင်တော့ အရာရှိမလေး အသွင်
No.3 ကျွန်တော်က သူနဲ့ယှဉ်ရင် ကကြီးခခွေး အဆင့်
နောက်ကွယ်မှာ မလိမ့်တပတ်နဲ့ ဉာဏ်တွေ များသလား
ဆိုတဲ့ သံသယတွေထား ငါ့ဘက်က ဦးအောင်ရန်တွေထရှာ
ကျုပ် တစ်ခါတလေမှာလေ သံဝေဂရ နှလုံးလမ်းကြောင်းမှာ သမုဒ္ဒရာတွေ ဘာတွေများ ခံနေသလားဗျာ
ပြတ်ပြီ ငါ့ကိုလာ မပတ်သက်ပါနဲ့ အဲ့လိုပြောပြီး နောက်နေ့သတိရ
စိတ်တွေက နင့်ကို ကမ္ဘာတွေ ပတ်ပတ်ရှာတယ်
ဒါကြောင့် သံယောဇဉ်က ရေကိုဓားနဲ့ လာခွဲလို့ မပြတ်နိုင်မှန်းသိရဲ့
စိတ်ကောက် ပြေလိုက်ရင်ပဲ ချက်ချင်း မြေမျိုလို့ သွားမဲ့ အထာနဲ့
ဘာလို့ ကောက်နေလဲ ငါအဖြေထုတ်လို့ မရ ပြောရတာ လက်ပေါက်ကပ်တယ် ထမနဲစားပြီး ပလွေမှုတ်သလိုပါ
ငါ့ကို အရွဲ့တိုက်ပြီးတော့ တခြားကောင်တွေနဲ့ ခြေရှုပ်မလို့လား
အဲ့ဒီရှုပ်တဲ့ကောင်တွေ အားလုံး သတ်ပြီး မြေမြုပ်သဂြိုလ်မှာ Yeah