Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
Ain't go try to lie သိပ်ချစ်တဲ့ နတ်သမီးကြားစေဖို့ အချိုမြဆုံး
နှလုံးသားနဲ့ရင်းလို့ သီကုံးထားတဲ့ သီချင်းတွေဆိုပြဦးမယ်
အပြုံးတွေငါ့ဘက်လှည့်ပါ အဝေးသို့လွင့်ပျယ်သွားတဲ့ ဒဏ်ရာတွေ
မင်းရဲ့ရှေ့ဝပ်ဆင်းမိသွားတာ အသုံးချပေါ့ကြိုက်သလို ငါ့ကို
အမုန်းများနဲ့ရိုက်ခတ်တဲ့ အတိတ်တို့ကိုမေ့ပြီးတော့
ဖြည့်ဆည်းလို့ မင်းနဲ့ နှစ်ကိုယ်တူ အိပ်မက်တွေရှိတဲ့
ကမ္ဘာကပျော်စရာအကောင်းဆုံး နေ့ရက်များအကြောင်း ပြောရင်မောမယ်
မြင်လွှာတွေ ဖွင့်လိုက်တိုင်း မင်းပဲ မြင်ချင်တယ်
ရင်မှာ အဆင်သင့်ပဲ အတိုင်းအဆမဲ့တဲ့
ရင်ခုန်သံ အဖူးအပွင့်များနဲ့ ထုဆစ်ထားတဲ့
ကဗျာတွေရေးလို့ လက်တွဲဖို့ အရေးဆိုမယ်
ဂရုမစိုက်နိုင်ဘူးလေ ဘာကိုမှ ရူးမိုက်စွာ ကိုးကွယ်တဲ့ အချစ်သာ
မင်းနဲ့ငါ့ရဲ့ ပြည့်စုံတဲ့ဘဝ သစ္စာတွေ အခိုင်မြဲဆုံးပါ
ငှက်ကလေး နှစ်ကောင် ပူးကပ်လို့ လေမှာဝဲမျော
တွေ့လား အချစ်ကလေး မင်းမော့ကြည့်လိုက် မင်းနဲ့ငါ့လိုပဲပေါ့
မင်းမရှိရင်သေမှာပဲနော် ...
အချစ်ကို ချိုတယ် ခါးတယ် ဆိုပြီး အရသာ ခွဲမနေပါနဲ့တော့
အရင်က ဘာသာမဲ့တဲ့ကောင် မင်းကိုမှ ကိုးကွယ်တတ်လာတာ
မင်းဆံပင်လေးကို နားရွက်နောက် ပို့ရတဲ့ အချိန်တိုင်းဟာ ရက်ရာဇာ
မတွေ့ရတဲ့ တစ်ရက်တာဟာ ရာသီ များစွာအလား
မင်းပါးလေး အမြဲတမ်း ထိုင်ညှစ်ချင်တာ အာ သီ သ ပါကွာ
အခုကစ ကြိုးစားနေ ဖြစ်ပြီ အလုပ်အကိုင် အတည်တကျ
ငါ့အမေပြီးရင် မင်းကိုပဲ အချစ်ဆုံး ဆိုတာကို သိလား
အမြဲတမ်း မက်တဲ့ အိပ် မက်ထဲ... နိုးလာရင် မင်းမရှိဘူး
အိပ်ယာထ မျက်စိဖွင့်တိုင်း မင်းကိုရှာတာ မင်းမသိဘူး
မင်းက နှင်းဆီဖူး ကိုယ်က ဆူးငြောင့်ပါ အချစ်ရယ်
ဝင်သက် ထွက်သက်တိုင်းမှာ မင်းကို ရူးလောက်အောင် ချစ်တယ်
လက်နက်ချ အရှုံးပေးလို့ ဒူးထောက် ပါတယ်
ပူလိုက် အေးလိုက် အချစ်ရဲ့ ပုစ္ဆာထဲမှာ အရူးတစ်ယောက်လိုပါပဲ
မြင်လွှာတွေ ဖွင့်လိုက်တိုင်း မင်းပဲ မြင်ချင်တယ်
ရင်မှာ အဆင်သင့်ပဲ အတိုင်းအဆမဲ့တဲ့
ရင်ခုန်သံ အဖူးအပွင့်များနဲ့ ထုဆစ်ထားတဲ့
ကဗျာတွေရေးလို့ လက်တွဲဖို့ အရေးဆိုမယ်
ဂရုမစိုက်နိုင်ဘူးလေ ဘာကိုမှ ရူးမိုက်စွာ ကိုးကွယ်တဲ့ အချစ်သာ
မင်းနဲ့ငါ့ရဲ့ ပြည့်စုံတဲ့ဘဝ သစ္စာတွေ အခိုင်မြဲဆုံးပါ
စော်လေး သရဏံဂစ္ဆာမိ ဆိုတော့ ဝိုင်းပြီးတော့ လှောင်ကြတယ်
မင်းရဲ့ နှလုံးသား လယ်ယာမြေမှာ ငါ့မျိုးစေ့ပဲ အောင်ရမယ်
ဘဝမှာ ရုန်းကန်ရတာ ခက်ခဲလို့ ဘယ်လောက်ပဲ ပင်ပန်းပါစေ အချစ်ရယ်...
မင်းပြုံးလိုက်လို့ သွားလေး ပေါ်လာတိုင်း ရင်ထဲမှာ ပန်းတွေ ပွင့်တယ်
နာတာရှည် အလွမ်းတွေနဲ့ အိပ်မက်ငတ်သူကို ပြန်လို့ ဆေးခြယ်
သက်တမ်းစေ့ ရှင်သန်ချင်ပါတယ် ဘဝရဲ့ နံရိုးလေးနဲ့...
တစ်နေ့ကြ လက်ထပ်ဖို့ စိတ်ကူးယဉ်...
အနာဂတ်မှာ လက်တွေ့ကျ မင်းစိတ်တိုင်းကျ ပုံဖော်ထားတဲ့
အိမ်ကလေးထဲ ဖက်ပွေ့ကြ
မိသားစုဆိုတဲ့ အသိုက်အမြုံနဲ့ ငါတို့နှစ်ယောက် နွေးထွေးစွာ...
ဆံပင်ကောက်ကောက် ပါးဖောင်းဖောင်း သမီးလေး မွေးပေးပါ
ပစ္စုပန်ထက် အနာဂတ် အရေးကြီးတယ် မင်းတွေးခေါ်သမျှတွေ
ဘယ်နေ့သေမှန်း မသိတဲ့ဘဝမှာ ဒီနေ့ပဲ ငါ ပျော်ပါရစေ
မြင်လွှာတွေ ဖွင့်လိုက်တိုင်း မင်းပဲ မြင်ချင်တယ်
ရင်မှာ အဆင်သင့်ပဲ အတိုင်းအဆမဲ့တဲ့
ရင်ခုန်သံ အဖူးအပွင့်များနဲ့ ထုဆစ်ထားတဲ့
ကဗျာတွေရေးလို့ လက်တွဲဖို့ အရေးဆိုမယ်
ဂရုမစိုက်နိုင်ဘူးလေ ဘာကိုမှ ရူးမိုက်စွာ ကိုးကွယ်တဲ့ အချစ်သာ
မင်းနဲ့ငါ့ရဲ့ ပြည့်စုံတဲ့ဘဝ သစ္စာတွေ အခိုင်မြဲဆုံးပါ