Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
နင်ဘာလို့ထွက်ခွာလဲ နင်ဘာကြောင့် မုန်းတာလဲ..ဟေ့.ရေ
မင်းမရှိတဲ့ ငါ့ရင်ခွင်ဟာ ဒဏ်ရာတွေ အပြည့်နဲ့မို့
နင်ဘာလို့ မုန်းတာလဲ နင်ဘာကြောင့် ထွက်ခွာလဲ
အိပ်မက်ကလေး ပျက်စီးမသွားအောင် နင် ငါ့အနားရှိဖို့
အရင်အချိန်များ လွမ်းနေတယ် အိပ်မက်ဟောင်းအတိုင်းပါပဲ
မင်းကလွဲ ငါ့ရဲ့ဘဝမှာ အရာရာ ရှိမြဲအတိုင်းပဲ
နင်ဘာကြောင့် မုန်းတာလဲ နင်ဘာကြောင့် ထွက်ခွာလဲ
လမ်းဟောင်းများ လျှောက်ခဲ့တိုင်းမှာ အရင်လိုအချိန်များ လွမ်းပါရဲ့...
အရင်ချိန်များ ပြန်ပေးပေါ့ ချစ်သူရာ
ငါတစ်ယောက်ထဲ ဒီအတိုင်းပဲထားမှာလား
အခြေအနေများကွာခြားခဲ့ အတိတ်နေ့များ
ငါဘယ်လို ရင်ဆိုင်ရမလဲ နင်လမ်းပြခဲ့ပါ..
ဒဏ်ရာများ မပေးနဲ့ချစ်သူရာ
နာကျင်မှု့ အဆုံးသတ်ပြီးမှာလား
ဒီဇာတ်လမ်း အလွမ်းနဲ့သိမ်းမှာလား
ထားလိုက်ပါ တစ်ချိန်ချိန်တော့နင့်အနား အရောက်လာခဲ့မှာ
Babyမယုံဘူး ငါ့ရဲ့ရင်ထဲ နင်ဘာကြောင့် ရက်စက်တာလဲ
ဒီလိုနဲ့ ငါတို့ဝေး...
နင်ဘာလို့ထွက်ခွာလဲ နင်ဘာကြောင့် မုန်းတာလဲ..ဟေ့.ရေ
မင်းမရှိတဲ့ ငါ့ရင်ခွင်ဟာ ဒဏ်ရာတွေ အပြည့်နဲ့မို့
နင်ဘာလို့ မုန်းတာလဲ နင်ဘာကြောင့် ထွက်ခွာလဲ
အိပ်မက်ကလေး ပျက်စီးမသွားအောင် နင် ငါ့အနားရှိဖို့
အရင်အချိန်များ လွမ်းနေတယ် အိပ်မက်ဟောင်းအတိုင်းပါပဲ
မင်းကလွဲ ငါ့ရဲ့ဘဝမှာ အရာရာ ရှိမြဲအတိုင်းပဲ
နင်ဘာကြောင့် မုန်းတာလဲ နင်ဘာကြောင့် ထွက်ခွာလဲ
လမ်းဟောင်းများ လျှောက်ခဲ့တိုင်းမှာ အရင်လိုအချိန်များ လွမ်းပါရဲ့...
နာကျင်မှု့ အဆုံးသတ်မဲ့နေ့များ မြင်ယောင်ဆဲ အတိတ်က နေ့ရက်များ
မဆုံနိုင်သော.. ဘဝမို့ဝေးပြီကွာ ငါဘယ်လိုရင်ဆိုင်ရမလဲ နင်လမ်းပြခဲ့ပါ..
တစ်ချိန်ချိန်တော့ ဆုံတွေ့ခွင့်ရမှာလား မျှော်နေရင်း အတွေးနဲ့ရူးနေသူ ငါ
ဒီရင်က နှလုံးသားထောင့် တစ်နေရာ နင်တစ်ယောက်ထဲ အမြဲတမ်းရှိမှာပါ
Baby မယုံဘူး ငါ့ရဲ့စိတ်ထဲ အို..တစ်ကယ်လည်း ဝေးရပြီပဲ...
ဒီလိုနဲ့ ဘယ်လိုရှေ့ဆက်ရမလဲ...