Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
𝄞
တိမ်တွေ အလှဆုံး အချိန် ဒါ ဘယ်လို ခေါ်သလဲတဲ့...လေ
တိမ်ပင်လယ်ကြီး ရှေ့မှာ သူမေးရင်း ရယ်ကာနေ...
𝄞
တောင်ပေါ် ဇလပ်ပန်း နဲ့ အနည်ထိုင်နေသူ ဇာတ် လမ်း...တွေ
ချယ်ရီမြေ က လေ ကိုယ် နာကျင်စွာ လွမ်းနေ...
𝄞𝄞
မနက်ခင်းတွေက မင်းကို လွမ်းစေတဲ့ အရိပ်တွေပေး...
ကိုယ်မရောက်လာတဲ့ လမ်းမှာ မင်း စောင့်လို့ နေမလားလေ
ဇလပ်ပန်းလေး..... တောင်ပေါ် ဇလပ်ပန်းလေးရေ.....
𝄞
တစ်နယ်စီသာ ကွဲနေ ဒီ တစ်နိုင်ငံစီထဲက...လေ
အတူ ပြန်မဆုံသေးပေ ကံခေနေသူ နှစ်ယောက် ဟေ့
𝄞
နေခြည် မနက်ခင်း တစ်ဖက် ဒီ နေဝင်ချိန်ရဲ့ တစ်ဖက်...စီ
တောင်ပေါ်သူ အငွေ့အသက် တောင်ပေါ်သားက ရနေပြီ...
𝄞𝄞
စိတ်ကူးယဉ်ပြီး စောင့်သည် ရှမ်းပြည်က ပန်းချယ်ရီ...
သူချစ်နေတဲ့ ချင်း တောင်တန်းက ဇလပ်ပွင့်ကလေး ဆီ
အချစ်ကလေးဆီ..... တောင်ပေါ် ဇလပ်ပန်းလေးဆီ...
𝄞
ဇလပ်ပန်း ပွင့်ဖြူလေး...လို မင်းရဲ့စိတ်နေ ဖြူစင်တယ်
ဇလပ်ပန်းပွင့်နီလေး...လို မင်းနှုတ်ခမ်းလေးပါ နီကာရဲ
ဇလပ်ပန်းပွင့်ဝါလေး...လို မင်းအသားလေးဟာ ဝါလေတယ်
မြင်ဖူး တွေ့ခဲ့ဖူးသူ တိုင်းလည်း မင်းကို ခင်မင် ခဲ့
𝄞𝄞
တောင်တန်းပေါ်က ပန်းတွေ အမွှန်းတင် ရလောက်အောင်ပေ...
ဒီပန်းတွေထဲ ရွေးချယ်ပြီး အမှတ်ရစေခဲ့ပေ
ဇလပ်ပန်းလေး..... တောင်ပေါ် ဇလပ်ပန်းလေးရေ.....
𝄞𝄞
စိတ်ကူးယဉ်ပြီး စောင့်သည် ရှမ်းပြည်က ပန်းချယ်ရီ...
သူချစ်နေတဲ့ ချင်း တောင်တန်းက ဇလပ်ပွင့်ကလေး ဆီ
အချစ်ကလေးဆီ.....
တောင်ပေါ် ဇလပ်ပန်းလေးဆီ...
တောင်ပေါ် ဇလပ်ပန်းလေး~ဆီ...