Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
ပေပေတေတေ နေဖြစ်ခဲ့သမျှ အားလုံးပဲ အခုတော့ ခဝါချ
အကောင်းဆုံးလမ်းရွေးလျောက်မဲ့ ငါ့ခြေထောက်တွေ
အင်အားတွေ စုစည်းထား
လူငယ်လူရွယ်လေးတယောက်က အမှားများနဲ့ ကင်းလွတ်နိုင်မလား
ဦးနှောက်မဲ့ ရူးသွတ်ခဲ့တဲ့ အပြစ်တွေ အခုချိန်နောင်တရ
မိသားစုက ဒုက္ခတွေများ ငါမသိတက်ခဲ့တဲ့ အမှားတွေကြား
လူမိုက်တယောက်အဖြစ် ရပ်တည် ငါမှားခဲ့လည်း အမှတ်မရှိ
ကောင်းတဲ့အချက် နတ္ထိပါလား
ပျက်စီးခဲ့တဲ့ ငါ့ရဲ့အကျင့်တရား မူးယစ်ဆေးများကြား ဝေဝါး
ငါသတိလက်လွတ်ခဲ့တာတွေ အသိစိတ်ပျောက်ခဲ့တာတွေ
ဆိုးမိုက်ခဲ့တဲ့ အပြစ်တွေအား
လူဆိုတာ မှားတဲ့အမျိုးပဲ ဆင်ခြင်တွေပေးခဲ့ရင်း
လုပ်ခဲ့တဲ့အမှားတိုင်းကို ဖုံးကွယ် မာန်မာန တရားရယ်
ငါ့အတ္တတွေကို ငါခွာချ ရန်ငြိုးရန်စ အမုန်းတရားနဲ့ အာဎာတ
မကောင်းတဲ့ အကျင့်စရိုက်တွေ စွန့်လွှတ်လို့ ဘဝကို အသစ်ကပြန်စ
ငါရဲ့မနက်ဖြန် တောက်ပလာစေဖို့
အခုကစ မကောင်းတဲ့အကျင့်တွေ မကောင်းတဲ့စရိုက်တွေ
စွန့်လွှတ်လိုက်ပြီဟေ့
ငါရဲ့မနက်ဖြန် တောက်ပလာစေဖို့
အားလုံးအတွက် ကောင်းကျိုးပေးသူ တယောက်အဖြစ် ရပ်တည်
တန်ဖိုးရှိတဲ့လူ သားတယောက် ဖြစ်စေမယ်
ရိုးသားရမယ် ဖြောင့်မတ်ရမယ် ကိုယ်ကျင့်တရား စိတ်ထား မွန်မြတ်ရမယ်
ကတိကဝတ်တို့ အသက်ကဲ့သို့မြဲမယ် ရှင်သန်နေထိုင်ချိန် ဒီကမ္ဘာထဲ
အပြောနဲ့အလုပ် ထပ်တူညီနိုင်ဖို့
လူကောင်း သူကောင်း တယောက်ရဲ့ စံချိန် မှီနိုင်ဖို့
လောဘ ဒေါသ မောဟတွေ မကြီးဖို့ ဆင်ခြင်တုံ တရားရှိဖို့
ဒီလောကကြီးက ပေးလိုက်တာ သင်ခန်းစာ
အပူအပင်တွေ ဒုက္ခတွေ ဆင်မြန်းလာ
မကောင်းတဲ့ဒုစရိုက် အကျင့်တွေ ပြင်စမ်းပါ
ရိုးရိုးသားသား ကြိုးစားရင် ပင်ပန်းမှာ
ငါလဲကျရင် ပြန်ထမယ် လူ့လောက ဒုက္ခတွေရဲ့ကြားထဲ
အမှားအားလုံးထဲက အမှန်တရားရယ် ဘဝကို အသစ်ကနေ ပြန်စမယ်
ငါရဲ့မနက်ဖြန် တောက်ပလာစေဖို့
အခုကစ မကောင်းတဲ့အကျင့်တွေ မကောင်းတဲ့စရိုက်တွေ
စွန့်လွှတ်လိုက်ပြီဟေ့
ငါရဲ့မနက်ဖြန် တောက်ပလာစေဖို့
အားလုံးအတွက် ကောင်းကျိုးပေးသူ တယောက်အဖြစ် ရပ်တည်
တန်ဖိုးရှိတဲ့လူ သားတယောက် ဖြစ်စေမယ်
Yeah!.. အနာဂတ်တွေဆေးခြယ်
မကောင်းတဲ့ ဒုစရိုက်အကျင့်တွေ အားလုံးဘေးဖယ်
ကိုယ့်လမ်းကိုရွေးချယ် ကိုယ့်သမိုင်းကိုယ်ရေးမယ်
ဒီလောကကြီးအား ကောင်းခြင်းတွေ ယူဆောင်လာပေးမယ်
လူတယောက် အသစ်တဖန်မွေးဖွားသလို
ဆိုးခဲ့မိုက်ခဲ့ မကောင်းတဲ့သွေးများကို
ဖောက်ထုတ်ပြစ် အပြစ်တွေအားလုံး ဆေးချဖို့
ဆုံးဖြတ် ရှင်သန်ချိန်လေးများကို
ဒီသံသရာ စက်ဝိုင်းထဲက မထွက်သေးသ၍
သမာအာဇီဝ ကျကျနဲ့ အသက်မွေး
လောကဓံတွေကြား ကိုယ်ကျင့်တရား မပျက်ကြေး
ကိုယ့်အဆင့်အတန်း ကိုယ်ပြန်ပြီး အမှတ်ပေး
လူလောက အကောင်းနဲ့ အဆိုးများ
ရှုပ်ထွေးရတာအကြောင်းနဲ့ အကျိုးတရား
လူတော်တစ်ယောက် ဖြစ်ချင်ရင် ကြိုးစား
လူကောင်းတစ်ယောက် ဖြစ်ချင်ရင် ရိုးသား
ငါရဲ့မနက်ဖြန် တောက်ပလာစေဖို့
အခုကစ မကောင်းတဲ့အကျင့်တွေ မကောင်းတဲ့စရိုက်တွေ
စွန့်လွှတ်လိုက်ပြီဟေ့
ငါရဲ့မနက်ဖြန် တောက်ပလာစေဖို့
အားလုံးအတွက် ကောင်းကျိုးပေးသူ တယောက်အဖြစ် ရပ်တည်
တန်ဖိုးရှိတဲ့လူ သားတယောက် ဖြစ်စေမယ်