Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
ပြီးခဲ့တဲ့ sunday ဟိုးကောင်ကင်ထက်ကို လွမ်းငေးရင်း အလွမ်းတေးတွေ တီဆိုရတာ အရမ်းပဲ ပျင်းလာလို့
မနက်က အသစ်လာပို့တဲ့ သတင်းစာကို ဖွင့်ဖတ်လိုက်မိခြင်း ရင်ဘတ်ထဲ လှိုက်ဖို ထိချက်ပြင်းတဲ့ သတင်း အဲ့တာ မင်းရဲ့ စေ့စပ်တဲ့ သတင်း
မင်းလုပ်ရက် လိုက်လေခြင်း ခဏလေး အတွင်းနဲ့ အသည်းတွေ ကြွေအောင်
ရင်ခုန်သံတွေ မညီမညာ ဖြစ်တာတောင် ငါ့အချစ်တွေ အရောင်စို နေတုန်းပဲ မင်းနဲ့ ပတ်သက်လာရင် အမှောင်တွေ ဘယ်လောက်ဖုံးလဲ
ရုန်းမထွက်ချင်ခဲ့တာ အစဉ်အလာ နင်းအုပ်စိုးထားတဲ့ ငါ့ကမ္ဘာထဲမှာ..
အဖြူနဲ့ အစိမ်းဘဝ ဟိုးတုန်းက အချိန်တွေ တချက်သတိရ
အထက်စီးကျ လာချင်တဲ့ ငယ်ရည်းစား တခုခုကြောင့် မင်းအလိုမကျရင် ထပ်မငြီးရအောင်
ဆက်ပြီး ဖြည့်ဆည်းသမျှက ခုကျ ရင့်သီးမှုတွေ ဘယ်လိုဖြစ်လာတာ မင်းစိတ်မပျက်နဲ့ တက်ရောက်မှာပါ မင်းဖိတ်ရက်တဲ့ ဒီအခမ်းအနားကို
ရွှေရောင် အသည်းခြင်း ထပ်တဲ့ တံဆိပ် စာအုပ်ထိပ်လေးမှာ မင်းတို့ နာမည်တွေ နှိပ်ပေး..ထား
မိတ်ဆက် ပေးလိုက်ပါကွာ တို့ကမင်းရဲ့ မိတ်ဆွေပါလို့ အိမ်မက် အတွေးတို့ မက်ခဲ့သမျှ ခဏလေးနဲ့ ပျက်ပြယ်ကာ
ဟိုး.အဝေးကို ထွက်သွားကြချိန် ချစ်တတ်တဲ့ နှလုံးသားကို လက်ဖွဲ့ အဲ့ဒီနေ့ကစ.....
ခန်းမကြီးထဲ လူတွေ စည်သွားပြီ ဂါဝန် ဖားဖားကြီးနဲ့ အရာရာ သားနားပြီ
သိပ်လှတဲ့ နတ်သမီး အပြုံးတွေ စီခြယ်ထားတော့ တဖက်သတ်ကြီး
ကွက်လပ်တွေ အဖြစ်နဲ့ ဖြေသာအောင် နေကြည့်ရင်း အချစ်မရှိတဲ့ နေ့သစ်တွေ ဖြတ်ခဲ့
အသက်မဲ့တဲ့ မနက်ဖြန်တွေ ဆက်ခဲ့ ကွဲအက်တဲ့ အသည်းတခြမ်းကို လက်ဖွဲ့ ဒဏ်ချက်တို့ ပြည့်နက်ဆဲ...
အနက်ရောင် ဝတ်စုံအပြည့်နဲ့ ထိုမင်္ဂလာ ခန်းမထဲ ဟိုယခင်က နမ်းမဝတဲ့ လိုချင်စရာ နှုတ်ခမ်းကလည်း
ပန်းအလှကြဲ ကလေးများ နောက်၌ ဘဲတပွေနဲ့ လက်ချင်းချိတ် ထိုမြင်ကွင်း မမြင်ချင်တဲ့ အဆုံး မျက်စိတွေ ချက်ချင်းမှိတ်
လက်ငင်း စိတ်မှာဆိုး တချက်ချင်း တက်နင်း ကြိတ်ကာ ထိုးချင်လည်း ခေါင်းကြီးပဲ ပေးလိုက်တယ် သတိုးသားကြီးနဲ့ ဖက်ရင်းအိပ်ကာ ဝိုး..
တိုင်ပင်ကာ ထားလည်း မနိုင်ဝန်ငါ ပြိုင်ချင်စရာ ကြားထဲ စားဖူးသွားပီ အဆန်းကြီး မင်းတို့ကျွေးတဲ့ ice cream က ခါးတယ်
ဂါဝန်လေးနဲ့ လှတယ်ကွာ ငါမြင်တွေ့ခဲ့ ခဏပဲ နာကျင်တို့ အသည်း နှလုံးသား မလာခင် စာအရင် ရေးခဲ့တာလဲ
ပါကင် လေးထဲမှာထည့် ငါတမင် ကမ္ဘာအပြင် ဝေးခဲ့တာပဲ အငြိုးမီးများ ထိုးပီးငါ ခိုးကြည့်မှာ သတို့သမီးအား
တမျိုးကြီးပါ နှလုံးသားလေးလဲ ကွဲကြေ slowly slowly ပါ
အရက်ကုန်တော့ရိုက် ဘေဘုတ်ပေါ်က သတ်ပုံက ထပ်မဆုံသော အခိုက်မှာ အရက်ကိုတော့ တိုက်အုံးလေ
အသက်ကုန်တော့ မိုက်တုန်းပဲ နင်ပျော်နေတဲ့ $ခွက်ကြီးနဲ့ ဓာတ်ပုံ တွဲရိုက်ဦးမယ်
ခန်းမကြီးထဲ လူတွေ စည်သွားပြီ ဂါဝန် ဖားဖားကြီးနဲ့ အရာရာ သားနားပြီ
သိပ်လှတဲ့ နတ်သမီး အပြုံးတွေ စီခြယ်ထားတော့ တဖက်သတ်ကြီး
ကွက်လပ်တွေ အဖြစ်နဲ့ ဖြေသာအောင် နေကြည့်ရင်း အချစ်မရှိတဲ့ နေ့သစ်တွေ ဖြတ်ခဲ့
အသက်မဲ့တဲ့ မနက်ဖြန်တွေ ဆက်ခဲ့ ကွဲအက်တဲ့ အသည်းတခြမ်းကို လက်ဖွဲ့ ဒဏ်ချက်တို့ ပြည့်နက်ဆဲ...
နင်လာခဲ့ ဖူးတဲ့ ငါ့ရဲ့အရိပ် အာဝါသ ဘာတွေထူး အတိတ်ဟာ သာဓကနဲ့ ရှိခဲ့တဲ့ကိစ္စ ခွာခြား
ငါ ကြာလေရူး ကြိတ်ခါခါ သွားမယ် နင်က ကာမေသူ့ မိဆ္တာဆာတာပဲ အရူးလိုစိတ်မှာ နာသွားတယ်
ဝေဟင်တောင် ပျံသွားမှဘဲ ငါမဟုတ်တဲ့ တခြားကောင်နဲ့ နင် အိမ်ထောင် ရပ်သားကျခဲ့ ရေချိန်တောင် တက်သွားရတယ်
အရက်ဆိုင်မှာ ငါခွေနေ ဖောင်ဖျက်ဓားဘဝ ဟုတ်တယ် နင့်အကောင်က ရွှေအိမ် ငါဆိုတာက အထက် အသားစပဲ
ဘယ်အရာမှ အလကားမရလို့ ရှေ့ဆက်ဖို့ မနက်များ စလို့ လက်များပြလို့ တဖက်ခြားသွားဖို့ မထင်ပါ အခုမှ အဝေးပျံပြီး
ပလင်မှာ တယုတယ ပေကျန်နေလည်း ရင်မှာ တမုတယ အဆွေးဒဏ် ခြွှေခဲ့လိုက်ပီ
ကျိမ်စာဆူးသွားငါ ဘေးရန်တွေလဲ မင်္ဂလာဦးညမှာ သွေးအန်သေ
ငါအသုံးမကျ လစ်ဟင်းလာတော့ ငါ့ရဲ့ နှလုံးသား အဆစ်ကလေးမှာ နင်အမုန်းများ ပစ်ခွင်းကာဆော့
အသည်းကို တရစ်ခြင်းခွာ အဲ့နွံထဲမှာ နစ်ရင်းငါပျော် ဒါငါ့ရဲ့လက်ဖွဲ့ အရူံးသမား အချစ်သီချင်းပါနော်
ခန်းမကြီးထဲ လူတွေ စည်သွားပြီ ဂါဝန် ဖားဖားကြီးနဲ့ အရာရာ သားနားပြီ
သိပ်လှတဲ့ နတ်သမီး အပြုံးတွေ စီခြယ်ထားတော့ တဖက်သတ်ကြီး
ကွက်လပ်တွေ အဖြစ်နဲ့ ဖြေသာအောင် နေကြည့်ရင်း အချစ်မရှိတဲ့ နေ့သစ်တွေ ဖြတ်ခဲ့
အသက်မဲ့တဲ့ မနက်ဖြန်တွေ ဆက်ခဲ့ ကွဲအက်တဲ့ အသည်းတခြမ်းကို လက်ဖွဲ့ ဒဏ်ချက်တို့ ပြည့်နက်ဆဲ...
ရင်ထဲဆို့နှင့်ဆဲ အခုဘဝင် အသဲတို့လည်း ပူဆဲ ငါလည်းလူပဲ ခံစားချက်ခြင်း တူတယ် နင်ယူတဲ့လူနဲ့ အတူတွဲလို့ ချစ်သက်တမ်းတွေ ကြာပါစေ ငါပေးတဲ့ဆုပဲ..
ငါ့ကိုကြိုတင် ကြံစည်ကာသွား အဆက်ဖြတ်ခဲ့ ရန်ဖီရှာသလား သက်သက်မဲ့ ရက်စက်တယ် ပက်ပက်နဲ့
ရွှေချမယ် မှန်စီ ကာထား ရက်မြတ်ဝယ် ငါအရောက် လာခဲ့ပါမယ် နင်ရဲ့ ရှန်ခရီယာမ လက်ထက်ပွဲ