Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
တောင်တန်းတွေ ပေါ်မှာရှိတဲ့ တိမ်တိုက်ရဲ့ အရိပ်လိုမျိုး ငါအချစ်က နင်အဝေးက ကြည့်မှ တွေ့နိုင်လို့
မုန်းတိုင်းတွေထန် လေတွေကြမ်းလည်း အတူတူ တစ်ကိုင်းတည်း နားမယ်ဆို အခုကြတော့ ဒီစကားများ ဘယ်သူ့အတွက် ဖြစ်နေတုန်း
G Fatt ရယ်လို မအောင်မြင်ခင် ကာလတစ်ခုက ကျောင်းနဲ့အိမ် အိမ်နဲ့ကျောင်း ဘ၀က ဘာမှမထူးခြား
ငါကအရူးပါ တစ်ခါဖူးစာရှင် မိန်းကလေးကြောင့် ဘ၀ပြာကျဖူးတာ နင်လဲငါ့လို လွမ်းနေမှာပဲ မဟုတ်လား မညာရဘူးကွာ
ရန်ဖြစ်တိုင်း လမ်းခွဲမယ် ပြောတော့ သူကြေကွဲပြန်တော့ ကျွန်တော်ပဲ မနေနိူင်မထိူင်နိူင် အသေအလဲ ပြန်ချော့
ခေါင်းကို ရေရွဲမခံသော သူကို မိုးရေအတင်း ချိုးခိုင်းပြီး လမ်းမှာတွေသမျှ ဗွက်အိုက်တွေ ခြေနဲ့ကန်ဆော့
သေချာတယ် နောက်နေ့ဆို သူဖျားတော့တာပဲ သူဖျားတဲ့အကြောင်း သူမိဘတွေကိုလည်း ငါသွားမပြောပြရဲ
နှာစီးချောင်းဆိုးက လွဲလို မရှိပါ တခြားရောဂါလည်း ဒီသီချင်းကို စပ်မိတော့ လက်ရှိငါချစ်သူကို အားတော့နာရဲ့
အတောင် အလက်တို့ စုံလာတော့ ဒီရင်ဘက် နင်ကန်ထွက်သွားခဲ့ဦး ငါဟာ ဝမ်းနည်းလွန်းလဲ အားတင်းပြီးတော့ပြုံး
ဟိုအဝေးဆုံးကို မြင်ဖို့ အမြင့်ဆုံး ပျံသွားတဲ့ အချစ်ဆုံး နင်အိမ်တန်း တက်မယ်နေ့ အခုထိ စောင့်နေတုန်း
ငါတို့ ဌက်တွေလို ဝိုး အိုး ငါတို့ ဌက်တွေလို ငါတို့ ဌက်တွေလို ဝိုး အိုး ငါတို့ ဌက်တွေလို ဝိုး အို ဝိုး
ဒီသီချင်းကို သုံးမိနစ်လောက် အချိန်ပေးပြီး နင်နားဆင်လှည့်ပါ အရင်က နင်သွားချင်တဲ့ နေရာတွေကို လိုက်ပို့ဖို့ ငါမှာ အားအင်းနည်းပါး
အလုပ်တွေ ပိပြီး အိပ်မပျော် စားမဝင်တဲ့ဘ၀ ကျွန်မချစ်သူက ပညာတတ်ဆိုပြီး နင်ကြွားချင်ခဲ့မှာ ငါသိတယ် ဒါပေမဲ့ ဒီဂီတက ငါအတွက် ဘုရားစင်ပဲကွာ
အနုပညာရှင် တော်တော်များများက အောင်မြင်လာရင် ခြေရှုပ်တက်လို့တဲ့ ကျွန်တော် ကျော်ကြားသွားမှာ စိုးရိမ်မိတယ်တဲ့ စော်စော်ကားကားကွာ
ငါမက်တာ ဂုဏ်တွေငွေတွေ မော်တော်ကားများ မပါ လက်ခုပ်သံတွေနဲ့ ပျော်ပျော်ပါးပါး ဘဝ
ငါ့နာမည်ပါတဲ့ show board တွေ မြင်ရင် စိတ်နဲ့ မိုးချုပ်နေဝင် အိုးပုတ်ချိုးရုပ်တွေနှင့် ဆော့ကစား ခဲ့တုန်းက ပေးခဲ့တဲ့ ကတိအတိုင်း တစ်သက်လုံး အပျိုကြီးလုပ် အရိုးထုတ်စေချင်
တောင်တန်းတွေ ပေါ်မှာရှိတဲ့ တိမ်တိုက်ရဲ့ အရိပ်လိုမျိုး ငါအချစ်က နင်အဝေးက ကြည့်မှ တွေ့နိုင်လို့
မုန်းတိုင်းတွေထန် လေတွေကြမ်းလည်း အတူတူ တစ်ကိုင်းတည်း နားမယ်ဆို အခုကြတော့ ဒီစကားများ ဘယ်သူ့အတွက် ဖြစ်နေတုန်း
အတောင် အလက်တို့ စုံလာတော့ ဒီရင်ဘက် နင်ကန်ထွက်သွားခဲ့ဦး ငါဟာ ဝမ်းနည်းလွန်းလဲ အားတင်းပြီးတော့ပြုံး
ဟိုအဝေးဆုံးကို မြင်ဖို့ အမြင့်ဆုံး ပျံသွားတဲ့ အချစ်ဆုံး နင်အိမ်တန်း တက်မယ်နေ့ အခုထိ စောင့်နေတုန်း
ငါတို့ ဌက်တွေလို ဝိုး အိုး ငါတို့ ဌက်တွေလို ငါတို့ ဌက်တွေလို ဝိုး အိုး ငါတို့ ဌက်တွေလို ဝိုး အို ဝိုး
မင်း ငါရဲ့မျက်ကွယ် နေရာလဲ ဘယ်တော့မှ ရှောင်မပြေးစေဖို့ မင်းဘေးမှာ ကပ်တွယ်နေမှာပဲ မင်းချစ်တဲ့ ကြောင်လေးတွေလို
ငါရဲ့နောက်ကွယ် နေရာလဲ ဘယ်တော့မှ မရှောင်ပြေးစေဖို့ မင်းဘေးနား ကပ်တွယ်နေမှာပဲ မင်းချစ်တဲ့ ကြောင်လေးတွေလို
မင်းကိုကျော့ပိုး ပျံသန်းကာ ဒိုးမယ့် သိန်းဌက်ကြီးသဖွယ် ဟိုကောင်းကင်ထက် တိမ်ကြားကို သွားမယ်လို ငါမလိမ့်တပတ် ရွှီးတယ်
တစ်ယောက်တည်း စိတ်ကူးယဉ်မိ နင်မရှိတော့ဘူး ဒီအိပ်မက်ခရီးထဲ့ ပြန်ခဲ့ပါတော် အချစ်ဆုံးရယ် ငါတို့တတွေအရင်လို စက်ဘီးပတ် စီးမယ်