Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
𝄞
အမှောင်ကမ္ဘာ အိမ်ကလေးတစ်လုံးမှာ ဒီ ရောင်နီ ရောင်ဝါ ထွန်းတောက်ကာ
ရှည် လျား..တဲ့ ညငယ်လေးရယ် မြန်မြန်ဆန်ဆန် မိုးသောက်ပါ
လွမ်း စွတ် တမ်း တ မမုန်းရက် နိုင်သူလေး
ကိုယ် မျှော် မှန်း လို့ မ စွမ်း သာ လွမ်း လို့ လွမ်း မ ဝ
အယူခံလေးတွေ ပူပန်ပေး ဇူလိုင် မိုး ညို ညို
အော် အချိန်တွေ ဆွဲ မထိန်ခဲ့ အမြဲ သူပြန်ချစ်ဖို့ကို
ရှေ့ တန်း တင် တဲ့ မာ န လေး ပြန်လို့ သိမ်းပြီး ယူသွားပါ
အပိုဆုလေးပါ ပေး ဦး မှာ
𝄞
ပူပင်..စွာ တရေးနိုးမှာ ထပြီး ငါ့ ရဲ့ လက် ပေါ် ဖယောင်းစက် ချ ကာ
မှောင်လို့ မဲလှ ချည်လား အလင်းစက်လေး မမြင်ရတော့ပါ
သူ့အပြုံးများဟာ စိတ်ကူးထားတဲ့ ဒဏ္ဍာရီ တစ်ခုလိုပါ
အမှောင်ကမ္ဘာ အိမ်ကလေးတစ်လုံးမှာ ဒီ ရောင်နီ ရောင်ဝါ ထွန်းတောက်ကာ
ရှည် လျား..တဲ့ ညငယ်လေးရယ် မြန်မြန်ဆန်ဆန် မိုးသောက်ပါ
လွမ်း စွတ် တမ်း တ မမုန်းရက် နိုင်သူလေး ကိုယ် မျှော် မှန်း လို့ မ စွမ်း သာ လွမ်း လို့ လွမ်း မ ဝ
𝄞𝄞
ကိုယ့်..ဘဝ အဖြစ်ဟာဆိုး... စက်တင်ဘာ မိုးရေစက်တွေထဲမှာ မင်း နဲ့ ကိုယ်...
ရင်ဘက်ထဲက ဒီစကားလေးများ မကြားခင်
မပြောလိုက်ပါနဲ့ မပြောပါနဲ့ မပြောပါနဲ့ အချစ်ရယ်
ကိုယ့်... အဖြစ်ဟာဆိုး... စက်တင်ဘာ မိုးရေစက်တွေထဲမှာ မင်း နဲ့ ကိုယ်...
ရင်ဘက်ထဲက ဒီစကားလေးများ မကြားခင်
မပြောလိုက်ပါနဲ့ မပြောပါနဲ့ မပြောပါနဲ့ အချစ်ရယ်
𝄞
မှောင်မဲလွန်းတဲ့ နေရာ မှောင်မဲလွန်းတဲ့ ဒေသ
မနက်ဟာ ပစ်မလား ဟေ့ ချစ်များ အေ့ နင်စိမ်း သွားသလား
အဝတ်အစားများ ပြင်ထားမှ ခဏနေ မိုးကျတော့မယ်ကွာ
မင်းကိုယ့်အပေါ် ဆိုးရွားတော့မှာ ကိုယ်သိနေတယ် ကြိုတင်ကာ မပြင်ဆင်ခဲ့
မိုးများကြားမှာ အချစ်ကိုရှာ မင်းလေးတွေ့ရင် တွေ့မှာပါ
အို လေ အရမ်းကြမ်းနေ ဖြစ်သမျှ အားလုံးဟာ တန်းလန်းတွေ
နေရောင် နွေဟာမရှိ ပြေအောင် အဖြေရှာကြည့် သူ အသေရှောင် နေပါသည်
သောက်မရတဲ့ စီးကရက် ချေမွှခဲ့လို့ အားလုံး ပြန်သိတဲ့အခါ ရေရတဲ့ အလုပ်
𝄞
စက်တင်ဘာမိုးရယ် အဖြစ်ဆိုးတယ် သူလေး ပြောထွက်မယ့် စကား
ကယ်တင်ပါလို့လေ ကိုယ်မပြောရဲ နေဝင်လို့ သွားတော့မှာ
မိုးသည်းတာ မရပ်တော့ပါ တစ်နှစ်လုံးပဲကွယ်
မိုးစက်တွေ ကြားထဲမှာ နင်မုန်းခဲ့တယ်
ကိုယ့်ဘဝကို ရက်စက် နင်လုပ်ရက်တယ်
နည်းနည်းလောက် ငဲ့ကြည့်ပါ အချစ်ဆုံး...
𝄞𝄞
ကိုယ့်... အဖြစ်ဟာဆိုး... စက်တင်ဘာ မိုးရေစက်တွေထဲမှာ မင်း နဲ့ ကိုယ်...
ရင်ဘတ်ထဲက ဒီစကားလေးများ မကြားခင်
မပြောလိုက်ပါနဲ့ မပြောပါနဲ့ မပြောပါနဲ့ အချစ်ရယ်
ကိုယ့်... အဖြစ်ဟာဆိုး... စက်တင်ဘာ မိုးရေစက်တွေထဲမှာ မင်း နဲ့ ကိုယ်...
ရင်ဘတ်ထဲက ဒီစကားလေးများ မကြားခင်
မပြောလိုက်ပါနဲ့ မပြောပါနဲ့ မပြောပါနဲ့ အချစ်ရယ် အို...ဝူး...ဝိုး...