Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
ဆုံးဖြတ်ခက်နေပါတယ် ဘယ်လိုသွားတွေ့ဖို့
အသံပဲ ကြားတဲ့ မင်းကလေးကို
စိတ်ကတော့ ထင်တယ်သူလေးပဲလို့ ဟိုနေ့ကတော့ ပြုံးပြသလို
ငါ ဘယ်လိုအစပြုဖို့ စိတ်က ခက်ခက်ခဲခဲ တွေးရပြီ
သူမြင်အောင် ရှေ့ထွက်ကြည့်တော့ မင်းက
ရိုးရိုးလေးပဲ လှည့်ကြည့်သည်
မိန်းမများနဲ့ ပတ်သက်ပြီးတော့ ကောင်းကောင်း မင်းသိရဲ့လား
ပြုံးပြလိုက်တော့ အဆင်ပြေနေပြီ မင်းရဲ့ဘက်က တွေးလား
သံယောဇဉ်များတဲ့ မိန်းမမျိုးနဲ့ သွားတွေ့တော့မှ ခက်မှာ
မာယာတွေဟာ တောင်ပုံနေတယ် ဒါကိုနင်သိရဲ့လား
မကြုံဖူးသေးလို့ မင်းသိအောင် ငါပြောပြမယ်
မင်းရဲ့စိတ်က ဆုံးဖြတ်ပြီးတော့ သွားလိုက်လို့လေ
စဉ်းစားလို့ မင်းသူ့ကို သွားချစ်ကြည့်လေ
ငါထင်နေပါတယ် ယုံလွယ်နဲ့ သူဟာအသည်းခွဲနေ
ဒါဆို ငါဘယ်လိုလုပ်မလဲ စဉ်းစားကြည့်
ဒီလိုကြာကြာနေရင် ဖြစ်မလား စဉ်းစားကြည့်
နေ့တိုင်းပဲ ကြည့်ကြည့်သွားတော့ ခက်တယ် စဉ်းစားကြည့်
ဒီအချိန်မှာ ငြိမ်ငြိမ်နေတာ ကောင်းမလား စဉ်းစားကြည့်
သူ့အပြုံးလေးများက မာယာတွေလား စဉ်းစားကြည့်
ဒါဆိုရင် ဘာဟာအချစ်လဲ စဉ်းစားကြည့်
စွဲလမ်းလို့ ရူးသွားလောက်တော့ စဉ်းစားကြည့်
မြင်ချင်တယ် ဘယ်သူဟာရှုံးမလဲ
ဆုံးဖြတ်ခက်နေပါတယ် ဘယ်လိုသွားတွေ့ဖို့
အသံပဲ ကြားတဲ့ မင်းကလေးကို
စိတ်ကတော့ ထင်တယ်သူလေးပဲလို့ ဟိုနေ့ကတော့ ပြုံးပြသလို
ငါ ဘယ်လိုအစပြုဖို့ စိတ်က ခက်ခက်ခဲခဲ တွေးရပြီ
သူမြင်အောင် ရှေ့ထွက်ကြည့်တော့ မင်းက
ရိုးရိုးလေးပဲ လှည့်ကြည့်သည်
မိန်းမများနဲ့ ပတ်သက်ပြီးတော့ ကောင်းကောင်း ငါ့လက်တွေ့
ပြုံးပြလိုက်လို့ အဆင်ပြေနေပြီ မင်းတွေးထားလို့ဟေ့
ငါ စဉ်းစားထားတဲ့ မိန်းမစိတ်တွေ လွဲသွားလို့ဟေ့
မာယာတွေဟာ တောင်ပုံနေတယ် ဒါကို နင်သိရဲ့
မင်းဘက်က ရိုးရိုးသားသား သွားချစ်ကြည့်မလို့ မဟုတ်လား
မင်းရဲ့စိတ်ကဆုံးဖြတ် ပြီးတော့သွား ကြည့်ကြည့်ပါ
စဉ်းစားလို့ မင်းသူ့ကို သွား ချစ်ကြည့်လေ
မယုံချင်နေကွာ မြန်မြန်သာလာ မင်းသွားဟ
ဆုံးဖြတ်ခက်နေပါတယ် ဘယ်လိုသွားတွေ့ဖို့
အသံပဲ ကြားတဲ့ မင်းကလေးကို
စိတ်ကတော့ ထင်တယ်သူလေးပဲလို့ ဟိုနေ့ကတော့ ပြုံးပြသလို
ငါ ဘယ်လိုအစပြုဖို့ စိတ်က ခက်ခက်ခဲခဲ တွေးရပြီ
သူမြင်အောင် ရှေ့ထွက်ကြည့်တော့ မင်းက
ရိုးရိုးလေးပဲ လှည့်ကြည့်သည်
မယုံနိုင်အောင်ပါ အသံလေးကြားတော့ စိတ်က ပျော်ဝင်သွားပေါ့
ငါလေ အချိန်မှန် အသံလေး ကြားပြီးတွေ့ဖို့ ရင်မဆိုင်ရဲတော့
သေချာရေရာတာလည်း ဘာမှမရှိတော့ ရင်ခုန်ရင်းပေါ့
လူကို မြင်အောင် အထင်အရှားတွေ့ခွင့်ရမှ ယုံကြည်လိုက်တော့ တခြားစီ
ဆုံးဖြတ်ခက်နေပါတယ် ဘယ်လိုသွားတွေ့ဖို့
အသံပဲ ကြားတဲ့ မင်းကလေးကို
စိတ်ကတော့ ထင်တယ်သူလေးပဲလို့ ဟိုနေ့ကတော့ ပြုံးပြသလို
ငါ ဘယ်လိုအစပြုဖို့ စိတ်က ခက်ခက်ခဲခဲ တွေးရပြီ
သူမြင်အောင် ရှေ့ထွက်ကြည့်တော့ မင်းက
ရိုးရိုးလေးပဲ လှည့်ကြည့်သည်