Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
အိပ်မပျော်ဘူး မင်းစကားတွေကို ပြန်ကြားနေတယ် ခံနိုင်ရည် ကုန်နေပြီ ငါ့နှလုံးသား
မမေ့ပါနဲ့ ၃နှစ်တာ ဒီသံယောဇဉ်ကို ပျော်ရွှင်စရာတွေ အကုန် လေထဲလွင့်
မင်းက သိပ်တော်တယ် ငါ အသဲကွဲ သွားပါတယ် နင်ငါ့အပေါ် အဆိပ်သုတ် နှုတ်ခမ်းနဲ့ အချစ်တွေကို ပစ်
အမှားကြီး လုပ်လို့လားကွာ မင်းဒီလောက် ပြတ်သားတာ နေ့စွဲတွေ ပေါ့ပျက်ပျက်နဲ့ မလေးနက်တော့
ငါ အရင်လို မပျော်ဘူး မင်းမရှိတော့ ငါ တစ်ယောက်တည်း သုံးမရလို့ ပစ်ချထား ခဲ့သလားလို့ ငါမေးလိုက် ချင်တယ် အား
ပုံပြင်လိုပဲ အခုထက်ထိကို ငါမယုံချင်ခဲ့ ညရောက်တိုင်း လန့်လန့် နိုးနေတယ် မင်းလက်ကလေး ထိလို့ ငါပြန်အိပ် ပါရစေကွယ် မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး
ငါလုံးဝ ဖျောက်ဖျက်မရနိုင် သေရာပါ အလွမ်းတွေ ဘယ်သူက နှစ်သိမ့်မှာ လဲ ဘယ်သူက ဂရုစိုက်မှာလဲ
သူငယ်ချင်းများ ဝိုင်းဟားကြတော့ ငိုနေရုံပဲကွယ် ငါလမ်းပျောက် ခဲ့ပါပြီ နင်က လှည့်လို့တောင် မကြည့်
အချစ်က ပျားရည်ဆို ငါ့အတွက်တော့ ခါးသလို ဝီစကီ ၁ခွက်လောက် လုံးဝသစ္စာမရှိဘူး
အတိတ် မေ့သွားရင် ကောင်းမယ် ရူးသွားရင်လည်း ကောင်းမယ် ဟိုအဝေး မှာ မင်းစွန့်ပစ်လိုက်တဲ့ အချစ်မျက်ကန်း