Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
စိတ်တွေ ကျန်းမာပါစေကွယ်..
စိတ်တွေ တကယ် ကျန်းမာစေချင်တယ်...
ချာချာလည် အတွေးများထဲ
ငါ လာကယ်ပေးလို့ ရရင် ကောင်းရဲ့..
စိတ်တွေ ကျန်းမာပါစေကွယ်..
စိတ်တွေ တကယ် ကျန်းမာစေချင်တယ်...
ကမ္ဘာမှာ ဘာမှ အရေးမကြီးဘူးရယ် အလွန်အကျွံ မခံစားနဲ့
အတွေးတွေဟာ လေး ပင်စွာနဲ့ မင်းခေါင်းပေါ် ပိကျလာသလား
မင်းစိတ်ဟာ ငါ့တုန်းကလိုပဲ များမှာပေါ့ အထိအရှ အနာအဆာ
ဘုရားဟောတဲ့ အနိစ္စ ဝိပဿနာ တရားတွေ သတိရပါ့မလား
ငါသိတယ် ဘယ်လောက်တောင် ကြောက်နေမလဲ ဝဋ်ကြွေးတွေ ကြီးလှပါလား
အားကိုးရာ တစ်ယောက်ယောက်ပေါ့ မင်းမိဘ သို့မဟုတ် အဓိက နေရာက
သူငယ်ချင်းပဲဖြစ်ဖြစ် မင်းဘက်ရှိကြမှာပါ အမိအရသာ ရှာ
အဲ့ဒီ့ သီးခြားကမ္ဘာမှာ ဖြစ်လိမ့်မယ် ဒွိဟ အခါခါ
အားလုံးဟာ မီးပွားသာသာ အချိန်တန်တော့လည်း ပြီးသွားမှာပါ
မေးခွန်းတွေဟာ အကြိမ်အရေ အတွက် ရှည် ထမင်းတောင် မစားနိူင်တော့ဘူးမလား
မြိန်ရေယှက်ရေ မင်းဦးနှောက်က မမှတ်နိုင်တော့တဲ့ အချိန်တွေ ရက်တွေ
မင်းဟာ ပင်လယ်သေ တစ်စင်းလို အိန္ဒြေမပျက် ဝဲဂယက်တွေ
ငြိမ်နေ သက်နေပေမယ့် ငါသိတာပေါ့ကွာ အတိမ်အနက်တွေ
ငါတို့ ဖြတ်သန်းခဲ့ကြသော တစ်ခါက ဒုက္ခများဟာ
ဆရာ အကြည်တော် ပြောခဲ့ဖူးသလိုဆိုရင် ဟာသ တစ်ပုဒ်စာပါ
မိုးတွေ ရွာချတုန်း ခဏလား နေတွေ သာရဦးမှာကွာ
မွေးကတည်းက လက်ဗလာနဲ့မို့ ငါတို့ ဘာမှရှုံးစရာ မပါ
ဘာမှ မက်လောက်စရာ မပါ မျက်မှောက် ကမ္ဘာဟ
စင်္ကြာဝဠာနဲ့ ယှဉ်ရင် အစက်အပြောက် သာသာ
ငါတို့ဟာ အဲ့ဒီ့ အစက်အပြောက် ကမ္ဘာရဲ့
အထက်အောက် မြေလွှာပေါ်က အပ်ပေါက်ရာများ
သံသရာမှာ ကျင်လည်သ၍ ကံတွေဟာ သက်ရောက်လာမှာ
ရှင်သန်ချိန် ဆိုတာလည်း ပင်လယ်ရေ တစ်ပွက်လောက် ပမာဏ
ဒါဘဝ ဘာမှ မမြဲခြင်း တရားတွေ သင်ကြားလေ့လာ
သဘာဝဟာ လူကို သေစေတတ်ကြောင်းလည်း အထင်အရှား တွေ့လာ
မင်းစိတ်နဲ့ ခန္ဓာကိုယ် ကို ဘယ်တရားမှ ရင်ကြားစေ့မရ
လွန်ပါစေတော့ မင်းဖြတ်သန်းနေရတဲ့ ကစဉ့်ကလျား နေ့များ
လွတ်မြောက်ပါစေတော့လေ.. ကြိုးမဲ့ ချည်တိုင်ကနေ..
သောက ပန်းတွေ တစ်ပွေ့တစ်ပိုက်နဲ့ လူ နင်း..ထားတဲ့ နွေအပူ..
ငါ့သီချင်းထဲက တိမ်တိုက်တွေ.. နှင်းမိုးအဖြစ် ရွာခိုက်လေ..
စိတ်တွေ ကျန်းမာပါစေ...
ဟေး အရာရာအပေါ်မှာ စိတ်ခံစားမှု လျှော့
ကိုယ်မတတ်နိုင်တဲ့ အခြေအနေတွေဆိုတာ အတိတ်ကံတရား တစ်ခုပေါ့
တစ်နေ့ကျ ငါတို့မေ့လျော့နေတဲ့ သေခြင်းတရားဟာ ဖိတ်မန္တက ပြုတော့
အကုန်လုံး ထားခဲ့ပြီး အိပ်စက်သွားရမှာ နိဗ္ဗာန်ကား တစ်ခုအပေါ်
ချစ်ခင်ခဲ့တုန်းက အရာတွေ အပေါ် ဝိညာဉ်နဲ့ နှလုံးသား ဟာ
နစ်ဝင်ခဲ့ ရုန်းမရ လူဖြစ်စဉ်ရဲ့ အဆုံး အစ မှာ
ဒီသစ်ပင်နဲ့ တောင်တန်းတွေ အပါအဝင် မြစ် ပင်လယ် သမုဒ္ဒရာ
ကမ္ဘာကြီးရဲ့ အဝေးဆုံးအထိ ငါ လွင့်စင်ခဲ့ဦးမလား
တဖြည်းဖြည်း လုံးပါးပါးလာတဲ့ ဒီ လက်ကျန်နှစ်တွေ
အချိန်တွေဟာ တစ်စက္ကန့်ချင်း ရှေ့သွားနေရင်းနဲ့ မရပ်တန့်ခြင်းတွေ
နှောင်ကြိုး အဟောင်းတွေ ဖြတ်လည်း နှောင်ကြိုး အသစ်တွေဟာ ထပ်မံရစ်ခွေ
မှတ်ဥာဏ် အသစ်တွေထဲတောင် မဖျောက်နိုင်တော့တဲ့ လက်ပံပွင့်ကြွေ
ဒုက္ခနဲ့ အဖျားခံတာမို့ မွေးကတည်းက ကျားကန်ကာ ငို
လောကကို အားမတန်တာမျိုးဆို ဆုတောင်းဖို့ ဘုရားထံမှာ ခို
မေတ္တာဟာ အသွားအပြန်လာလို့ လည်နေတဲ့ ဘဝသံသရာမျိုး
စိတ်ဟာ တရားမှန်ရှာဖို့ လူဆိုတာ အငှားခန္ဓာကိုယ်
သြော် တစ်ချိန်က ငါလည်း ဒီဇာတ်လမ်းမှာ ဇာတ်နာသူ တစ်ယောက်ပဲ
သိပ်သိတာပေါ့ကွာ မင်းစိတ်ဒဏ်ရာ မသက်သာမှု နောက်ကွယ်
မတည်မြဲခြင်းရဲ့ သဘောဘက်ကိုသာ မျက်နှာမူ လျှောက်ခဲ့
မင်းစိတ်တွေလည်း ပေါ့ပါးပါစေတော့ ဆပ်ပြာ ပူဖောင်းသဖွယ်
လွတ်မြောက်ပါစေတော့လေ.. ကြိုးမဲ့ ချည်တိုင်ကနေ..
သောက ပန်းတွေ တစ်ပွေ့တစ်ပိုက်နဲ့ လူ နင်း..ထားတဲ့ နွေအပူ..
ငါ့သီချင်းထဲက တိမ်တိုက်တွေ.. နှင်းမိုးအဖြစ် ရွာခိုက်လေ..
စိတ်တွေ ကျန်းမာပါစေ...
လိုချင်သလောက် ဆင်းရဲနေရဦးမယ်
ဆုံတွေ့ခြင်း အားလုံးရဲ့ ဇာတ်သိမ်းဟာ
ရှင်ကွဲ မဟုတ်ရင် သေကွဲ.. ဘာများ မြဲနိုင်မလဲ...
ပိုင်ဆိုင်သလောက် ဆုံးရှုံးမှာ မဟုတ်လားကွယ်
ငိုသံနဲ့ စတဲ့ ဒီဇာတ်လမ်းအလယ်...
ဘယ်ပြန်ထွက်သွားရမယ် မသိတဲ့
ကမ္ဘာကို အလည်အပတ် ရောက်တဲ့ ခရီးသည်...
ကမ္ဘာကို အလည်အပတ် ရောက်ခဲ့ ခရီး..သည်
ဘယ်ပြန်ထွက်သွားရမယ် မသိ...