Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
နေဝင်ချိန် တေးသွားရယ် အိမ်ပြန်နေ ငှက်ငယ်များ
မှောင်ရီ မှိန်ပျောက်လို့ရယ် ရောင်စုံစာမျက်နှာများ
မြို့ပြမှာ လွမ်းရတယ် အငွေ့အသက်တွေ လွင့်ပျောက်ပြယ်
ခြေရာခံမရပါ မင်းပျောက်ကွက်
မြို့ပြရဲ့ အလင်းအောက်ဝယ် ခရီးမရောက်ပါ လမ်းပျောက်တယ်
ဘယ်ဆီကို ရောက်နေလဲ
စီးကရက် မကြိုက်တဲ့ ကိုယ်ရဲ့ ကောင်မလေး
ဘယ်ဆီကို နင်ထွက်ပြေး ရှာလေသူ ငါလေ မတွေ့နိင်
မီးများအောက်က ငါ့ရဲ့ အဖော်မဲ့တေး
ရေဒီယို အစီအစဉ်လေး အချိန်မှီသာ ပြန်လာဘေးဝယ်
သန်းခေါင်ယံ ညအေးအေးရယ် တစ်ကိုယ်တော် မြူနှင်းတွေကြား
ရှာပုံတော် တခုပေါ့ကွယ် ခေါ်သံတွေ ကြားရဲ့လား
မြို့ပြမှာ လွမ်းရတယ် အငွေ့အသက်တွေ လွင့်ပျောက်ပြယ်
ခြေရာခံမရပါ မင်းပျောက်ကွက်
မြို့ပြရဲ့ အလင်းအောက်ဝယ် ခရီးမရောက်ပါ လမ်းပျောက်တယ်
ဘယ်ဆီကို ရောက်နေလဲ
စီးကရက် မကြိုက်တဲ့ ကိုယ်ရဲ့ ကောင်မလေး
ဘယ်ဆီကို နင်ထွက်ပြေး ရှာလေသူ ငါလေ မတွေ့နိင်
မင်းသောက်တတ်တဲ့ သကြားမဲ့ ကော်ဖီလေး
ဒိချိန်မှာ ကော်ဖီအေး ပြန်လာပါ ငါလေ ဆွေးတယ်
စီးကရက် မသောက်တတ်တဲ့ ကောင်မလေးရယ်
စီးကရက် မကြိုက်တတ်တဲ့ ကောင်မလေးရယ်
စီးကရက် မသောက်တတ်တဲ့ ကောင်မလေးရယ်
စီးကရက် မကြိုက်တတ်တဲ့ ကောင်မလေးရယ်