Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
စံပယ်ဖြူလေးနဲ့ တွေ့တဲ့နောက် ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ရင်
ဘယ်ကောင်နဲ့မှ စစ်မဖြစ်လို့တဲ့ ချာတိတ်ဟာ မင်းအပေါ်မှာ ကျတော့ သစ်မြစ်လိုတွယ်
ငါဂရုစိုက်တာ ဆက်ဆံရေးတွေ ဒီထက် ကျစ်လစ်ဖို့ပဲ ဆိုတော့ နှုတ်ခမ်းလေးကို လက်ဝါးနဲ့အုပ်လို့ တခစ်ခစ်ကိုရယ်
ပင်လယ်ကြီးရဲ့ အနား သူငယ်ချင်းတွေနဲ့ အတူသွား ဝိုင်ပုလင်းကိုချ ကိုယ်အဖြေရတဲ့ည စင်္ကြာဝဠာကြီးကို ပိုင်ခြင်းမျိုးပါ
ဖျော်ဖြေရေးတွေနား အလုပ်တွေပါး နှစ်ယောက်အတူ ဆိုင်ဖွင့်စို့လား
ကိုယ်ရှင်သန် နေသရွေ့ ဒီကမ္ဘာမှာ ဘယ်သူမှ မင်းကို အနိုင်ကျင့်လို့ မရ
ကလောတော့ သွားချင်သေး ဟေ့ မေမြို့က ဝါးပင်လေးတွေ မျက်လုံးလေးမှိတ် စိတ်ကူးနဲ့ပေါ့ ဖန်ဆင်းလို့ နားဆင် Babe
ဆိုင်ခန်းခ လစဉ်ကြေးတွေ ဘာကြောင့်မို့ တအားဝန်လေးနေ တစ်ယောက်တည်း တွေးမကြောက်နဲ့ ဟေး ကိုယ်ရှိလို့ အားအင်ပြည့်စေ
တစ်နေ့မှာ မင်းဟာ ဂါဝန်ဖြူလေး ဝတ်လို့ သိပ်လှပနေမယ် ချစ်တက်တဲ့ ကိုယ့်ရဲ့လက်မှာ မင်းမိဘတွေလဲ စိတ်ချရစေမယ်
ကိုယ်ဖန်တီး ပေးမှာပေါ့ မင်းမှာမရှိတဲ့ မိတ္တဗလတွေလည်း ဟောဒီကောင်က မင်းခြေလက် သေးသေးလေးတွေနဲ့ အရိပ်ကအစ ကြွေတယ်
မင်းက မသေးမျှင် ငါက တွတ်ပီပေါ့ Minus ဟာ ဗိုက်ကလေး ဖြစ်မှာဆိုတော့ သူစွတ်ရယ်ရော
ကိုယ်တကယ် စိတ်မလုံခြုံ ရခြင်းတွေ ကြားက လွတ်ပြီနော် ဟုတ်တယ်မလား
ငြိမ်းချမ်းတဲ့ ကဗျာလေးကို ဇာတ်သိမ်းခန်းမှာ ရွတ်သည်ပေါ့
ငွေကြေးတွေ မလောက်ငှသည့် အထဲ ဒီခရီးကို လျှောက်ရသည့် အရွယ်
ကိုယ်ဟာ ဝင်္ကဘာထဲ မြေပုံစာရွက်လေး ကောက်ရသည့်နှယ်
စိတ်ဓာတ်တွေ အောက်ကျသွားတိုင်းမှာ အဆင်မပြေမှုတွေကို မင်းအပေါ်မှောက်ချမိတယ်
မင်းတန်ဖိုး နောက်မှသိမယ်လို့ မင်းပြောတော့ ကြောက်လှချည်ရဲ့
ညတွေက အိပ်မက်ဆိုးတွေနဲ့ ယဉ်ပါးဆဲ မျက်လုံးသာ ပွင့်မသွားရင် တသက်လုံး ပြန်မနိုးတော့ ဘူးတောင် ထင်ရတယ်
ကိုယ်ဘယ်လောက်တောင် အင်အားနည်း မင်းကြည့်ရင် မြင်ရမယ့် အရပ်မှာ အလံဖြူလေး လွှင့်ထားတယ် မင်းမရှိပဲ နေထိုင်နည်း တွေကိုတော့ မသင်ကြားရဲ
ဒီအရူးက ကိုယ့်ကိုယ်ကို လောကကြီးအကြောင်း အလေ့လာဆုံးထင်
ပေါက်ကရတွေ လုပ်ပြီးရင် မင်းရင်ထဲပဲ အပြေးလာ ပုန်းချင်
တစ်နေ့မှာ ဝေးရာ မင်းထွက်သွားလို့ မေ့ကာ မုန်းရင် ဒါက မင်းပြန်လာဖို့ တစ်ခုတည်းသော ကိုယ့်ရဲ့ အရေးပါဆုံး သီချင်း
အားလုံးနဲ့လဲပြီး ရွေးခဲ့တာ မလား ကိုယ်ဟာ ဘယ်တော့မှ မမေ့ပါ မင်းဆီကနေ ချစ်တယ် ကြားဖို့
ရုန်းကန်ခဲ့တဲ့ အခိုက်အတန့် တိုင်းဟာ ဆွတ်ပျံ့ ကြည်နူးစရာ
တိမ်တွေဟာ အကန့်အသက် မဲ့ကိုလှ နေဝင်ချိန် တစ်ခုနဲ့ တွဲလို့က ရွှေဝါရောင် မီးသီးလေးတွေ လင်းလာ ကိုယ်မြင်နေရတဲ့ မြို့ပြည
တစ်ခါတလေ ကိုယ်စိတ်ဓာတ် လေးတွေကျ အိမ်ပြန်ချင်မိတဲ့ အခိုက်အတန့်များ
ပိုင်ဆိုင်တာ အားလုံးပဲ့ကြွေ သွားပါစေ ဒီလူဟာ မင်းမရှိလို့တော့ မရ
ဒီလူဟာ မင်းမရှိလို့တော့ မရ ဒီလူဟာ မင်းမရှိလို့တော့ မရ ဒီလူဟာ မင်းမရှိလို့တော့bမရ ဒီလူဟာ မင်းမရှိလို့တော့ မရ
ပိုင်ဆိုင်တာ အားလုံးပဲ့ကြွေ သွားပါစေ ပိုင်ဆိုင်တာ အားလုံးပဲ့ကြွေ သွားပါစေ ပိုင်ဆိုင်တာ အားလုံးပဲ့ကြွေ သွားပါစေ ဒီလူဟာ မင်းမရှိလို့တော့ မရ