Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
ရင်နာစရာတွေ စုထားဟေ့ ဘုံဆိုမှာ ကြွေနေသူတွေ ဒီကို လာကြဟေ့
ဂျာနယ်တွေမှာ ပါဖို့လေ မှိုင်တွေသူ အသဲကွဲသမားများ အတွက် သတင်းကောင်းနဲ့ မိတ်ဆက်
အရက်ဆိုင်မှာ ကြိတ်ငိုကာ ဆွေးမနေပါနဲ့ ဆူးလေမှာ အများမြင်အောင် ပြနိုင်ပါတယ်
အချစ်ဒဏ်တွေ ကြေညာပြချင် ပါတယ်ဆိုရင် White board ကလေးများနဲ့ ငါ့နောက် လိုက်ခဲ့
မြန်မာပြည်တွင် ရှိသော တချို့လူတွေဟာ သူရဲကောင်းတွေပါဟေ့ အားကျမိတဲ့ စိတ်နဲ့ငါ ထိုင်ငေး ဆိုင်းဘုတ် ကလေးများကိုင်ကာ ငါတို့လည်း ပြကြမယ်
ငါသေသေချာချာ စုထားခဲ့တဲ့ မျှော်လင့်ချက်တွေ ပြန်ပေး ခိုးသွားခဲ့တဲ့ နှလုံးသားတွေ ပြန်ပေး ဆိုင်းဘုတ်ကိုင်ပြီး လမ်းလျှောက်မယ်
ပါလားပါလားပါး...ပါလားပါလားပါး... အေ့ အေ့ အိုး...အိုး...အို
တစ်.. Soft pen များအသင့် နှစ်.. မကျေနပ်သမျှ ရေးချပစ် သုံး.. ဆိုင်းဘုတ် တစ်ယောက်ကို တစ်ဘုတ်နှုန်း အဲ့ဒါခေတ် {ဘာခေတ်} ဒီမိုကရေစီခေတ်
ရည်းစားနဲ့ ပြတ်တဲ့အခါ {တို့အရေး} ဖုန်းကဒ်ကုန် သွားတာလည်း {တို့အရေး}
အိမ်မှာ ချက်တဲ့ဟင်း မကောင်းတာလည်း {တို့အရေး} ဒီနေ့ကြည့်တဲ့ ရုပ်ရှင် မကောင်းတာလည်း{တို့အရေး}
ရင်နာစရာတွေ စုထားဟေ့ ဒီလို ခေတ်မှီချင်သူ ဒီကိုလာကြဟေ့ အဖြစ်မှန်တွေကို ဘာမှ မေးမနေနဲ့ လက်ခုတ်တီး ပြီးတော့ အားပေးလိုက်ကြစို့
အရက်ဆိုင်မှာ ကြိတ်ငိုကာ ဆွေးမနေပါနဲ့ ဆူးလေမှာ အများမြင်အောင် ပြနိုင်ပါတယ်
တကယ် အချစ်ဒဏ်တွေ ကြေညာပြချင် ပါတယ်ဆိုရင် White board ကလေးများနဲ့ ငါ့နောက် လိုက်ခဲ့
ပညာရေးစနစ် တို့မြင့်ရေး {တို့အရေး} စားဝတ်နေရေး ပြေလည်ရေး {တို့အရေး}
အင်တာနက် လိုင်းတွေ မြန်ဆန်ရေး {တို့အရေး} အကျိုးမဲ့ ဆန္ဒထုတ်ဖော်မှု ပပျောက်ရေး{တို့အရေး}
ရင်နာစရာတွေ စုထားဟေ့ ဘုံဆိုမှာ ကြွေနေသူတွေ ဒီကို လာကြဟေ့
ဂျာနယ်တွေမှာ ပါဖို့လေ မှိုင်တွေသူ အသဲကွဲသမားများ အတွက် သတင်းကောင်းနဲ့ မိတ်ဆက်
အရက်ဆိုင်မှာ ကြိတ်ငိုကာ ဆွေးမနေပါနဲ့ ဆူးလေမှာ အများမြင်အောင် ပြနိုင်ပါတယ်
အချစ်ဒဏ်တွေ ကြေညာပြချင် ပါတယ်ဆိုရင် White board ကလေးများနဲ့ ငါ့နောက် လိုက်ခဲ့
မြန်မာပြည်တွင် ရှိသော တချို့လူတွေဟာ သူရဲကောင်းတွေပါဟေ့ အားကျမိတဲ့ စိတ်နဲ့ငါ ထိုင်ငေး ဆိုင်းဘုတ် ကလေးများကိုင်ကာ ငါတို့လည်း ပြကြမယ်
ငါသေသေချာချာ စုထားခဲ့တဲ့ မျှော်လင့်ချက်တွေ ပြန်ပေး ခိုးသွားခဲ့တဲ့ နှလုံးသားတွေ ပြန်ပေး ဆိုင်းဘုတ်ကိုင်ပြီး လမ်းလျှောက်မယ်
ပါလားပါလားပါး...ပါလားပါလားပါး... အေ့ အေ့ အိုး...အိုး...အို
ဘယ်သူက အမျက်ထွက်ပြီး ဘယ်သူတွေက ငတ်ပျက် လူတွေက ကျပ်ညက်ပြီး ဆူးလေမှာ တစ်ပတ်ပတ်
Human right ဆိုတဲ့ လူ့အခွင့်အရေး အချက် လိုတာထက် ပိုလိုချင်သူတွေ အတွက်
တရားမျှတမှု အတွက်ဆို အားပေး လက်ခံတယ် ပြပါစေ အရမ်းမှန်တယ်
တခါတလေကြ အားနေယားနေတိုင်း လမ်းပေါ်ထွက် လမ်းသလား နေတာ ဘာတွေလည်း ငါလက်လန်တယ်
လူမျိုးရေး ခွဲခြား ဆက်ဆံသေးတယ် တစ်ယောက်ဆဲရင် ဝိုင်းဆဲ အရမ်း ဉာဏ်ပြေးတယ်
အထက်ကိုလည်း ဖိအားတွေ ထပ်မံပေးတယ် မြန်မာပြည်ကြီး ကျန်းမာဖို့က အရမ်းရမ်းဝေးဆဲ
စနစ်ဟောင်းတွေ ပြင်ပီးရင် စိတ်ဓာတ်တွေ ပြင်ကြ ဖုန်းတစ်လုံး ၁၅၀၀ အိပ်မက်လို့ ထင်ထား
သိန်းတစ်ရာနဲ့ အရင်ကဆို ၄ဘီကားပဲ မင်းရမှာ သိန်းငှက်လို ဖြစ်လာဖို့ စိတ်ဓာတ်ကို အရင်ပြင်မှ
မွဲနေတဲ့ ပြည်သူကို ပြေလည်အောင် ဆုံးဖြတ်ဖို့ နာရီဝက် တစ်နာရီနဲ့တော့
ဒိုင်နမိုတောင် မလုပ်တတ်
နိုင်ငံ့ အကူးအပြောင်းမှာ အမှိုက်လို အရှုပ်အယှက်တွေ အမှိုက်ပုံးထဲ ကောက်ထည့်ပြီး တစ်တိုင်းပြည်လုံး ရုန်းထွက်
အရက်ဆိုင်မှာ ကြိတ်ငိုကာ ဆွေးမနေပါနဲ့ ဆူးလေမှာ အများမြင်အောင် ပြနိုင်ပါတယ်
အချစ်ဒဏ်တွေ ကြေညာပြချင်ပါတယ်ဆိုရင် White board ကလေးများနဲ့ ငါ့နောက် လိုက်ခဲ့
မြန်မာပြည်တွင် ရှိသော တချို့လူတွေဟာ သူရဲကောင်းတွေပါဟေ့ အားကျမိတဲ့စိတ်နဲ့ ငါထိုင်ငေး ဆိုင်းဘုတ် ကလေးများ ကိုင်ကာ ငါတို့လည်း ပြကြမယ်
ငါသေသေချာချာစုထားခဲ့တဲ့ မျှော်လင့်ချက်တွေ ပြန်ပေး ခိုးသွားခဲ့တဲ့ နှလုံးသားတွေ ပြန်ပေး ဆိုင်းဘုတ်ကိုင်ပြီး လမ်းလျှောက်မယ်
ပါလားပါလားပါး... ပါလားပါလားပါး...အေ့ အေ့ အိုး အိုး အို
အဲ့ဒါခေတ် ဘာခေတ် ဒီမိုကရေစီခေတ် အေး...အို...အေး..အို
အကျိုးမဲ့ဆန္ဒ ထုတ်ဖော်မှု ပပျောက်ရေး တို့အရေး ဘာတွေလဲ ငါလက်လန်တယ်
အေး...အို...အေး..အို အေး...အေး...အို...အို..