Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
𝅘𝅥𝅮
လွယ်လွယ် ရှင်သန်ခဲ့ရလည်း သံစဉ်တွေ ညဉ်းရင်း
ငါ့ဘဝမှာ ငါမင်းသား မဟုတ်ခဲ့ဘူးလေ
အကိုင်းအခက်မဲ့ သစ်ပင်လို ဒီမျှော်လင့်ချက် ကြယ်များ ပျောက်နေလို့
အလွယ်တကူ ဝင်ကာ လက်မောင်းတန်းကြတဲ့
အတုအယောင်တွေရဲ့ ကြားမှာ မရှင်သန်လိုဘူး
ညာလက်ခုပ်တီးတဲ့ လူလိမ်တွေရဲ့ အစား
အဖက်လုပ်ပြီး ဆဲတဲ့ လူမှန်တွေ ပျောက်ကွယ်
အို..ကံကြမ္မာကြီးရယ် တရားမျှတစွာ လွတ်မြောက်အောင် ကယ်တင်ပါအုန်း
လဲပြိုနိုင်တယ် စိတ်ဓာတ်တွေ မိုက်မဲစွာ ညတိုင်းလာ နှိပ်စက်နေလို့
ငါ့အတွက် လမ်းကောင်းပြပေးတဲ့ မိခင်နဲ့ နောင်ကြဉ်အောင် ထိုးနှက်တဲ့ ရန်သူရယ်
ဒီမှာမိတ်ဆွေ လူတွေ မုန်းခြင်းအတွက် ငါ..သွေးပျက်မနေပါဘူး
ပုခုံးချင်းဖက်ကာ ရှေ့ဆက် နေရာယူ..
𝅘𝅥𝅮𝅘𝅥𝅮
ငါပျံသန်းမဲ့ အားအင်တွေ နိုးထခွင့်ကို ဘယ်သူတွေ ချုပ်ကိုင်ထားလဲလို့ အဖြေရှာရင်း
လမ်းကြမ်းများထက် လျှောက်လိုက်မယ် မျှော်လင့်ခြင်းတွေ
စိတ်ဓာတ်တို့ ဟိုးအောက်ထိ လဲပြိုကာကျ အမြဲတမ်း ပေးဆပ်ရမဲ့ ဇာတ်ရံငါလားလို့
ပန်းတိုင်းလဲ ဖူးပွင့်ခွင့်ရှိကြတယ်ဆို လိုချင်တောင့်တမိတယ် မျှတခြင်း အလင်းတန်းလေး
𝅘𝅥𝅮
အမှောင်တွေ လာရင် ငါမတ်တပ်ထရပ်မယ်
ပြဇာတ်ရဲ့ ကြမ်းခင်းအလယ်မှာ အသုံးတော်ခံမယ်ဒီည
ဇာတ်ရုပ်က သူများလောက် စိတ်ဘဝင်ကျအောင် ရွှေလက်ခုပ်သံတွေ သိပ်မကြားရ
ငါ့အတွက်ကြောင့် ရွှေမင်းသား မင်းသမီးငို
ငါ့အတွက်ကြောင့် ဗီလိန်တွေလဲ အလုပ်တွေပို
ရင်ထဲမှာပဲ ပြောဖြစ်ခဲ့တယ် လူတကာထက် သာအောင် လုပ်ပြနိုင်တယ်ဆိုတဲ့ အကြောင်းတွေကိုလည်း
ခဏတော့ မေ့ပစ်လိုက်မယ် အမြဲတမ်း ကူးခပ်ချင်ခဲ့မိတာ ဟိုးအမြင့် ရောင်စုံတိမ်များထဲ
ဒါဟာလောကရဲ့ ဇာတ်တစ်ခုပါ ငါဟာ ပေးဆပ်နေရင်း အသက်ရှင်သူပဲ
လူတွေ ချစ်ရလောက်အောင်လဲ မပြည့်စုံ လူတွေမုန်းပြီး အမှတ်ရနေမဲ့သူမဖြစ်
ကန့်လန့်ကာတွေ ချလိုက်တိုင်း မေ့ပစ်ကြပါ ပြန်တွေ့မယ် နောက်ထပ် နောက်ထပ်တစ်နေ့..