Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
နှစ်ယောက်သား ချစ်ခဲ့ကြတာ ယုယစွာနဲ့ ဂုဏ်ရွှေငွေ စည်းစိမ်တွေလည်း တစ်ခုမှမပါဘဲ
အခုမှဘာလည်း သူက ထူးခြားလာခဲ့သူ အသည်းကွဲတဲ့ လမ်းစဉ်လိုက်ပြီး မူးရမှာပဲအခု
မင်းနဲငါ ချစ်ခဲ့ကြတဲ့ ဇာတ်လမ်းရဲ့အစမှာ ကြမ်းတမ်းတဲ့ လမ်းတွေလည်းအတူ ဖြတ်သန်းခဲ့ကြတာ
ဖုန်းထဲက နှုတ်ခမ်းတွေနဲ့ဘဲ ဖက်နမ်းခဲ့ရရှာ လေထဲက အချစ်တွေနဲ့ဘဲ ဆက်လှမ်းခဲ့ကြတာ
မသိတော့ဘူး ငါတို့အချစ်က ဘာတွေလည်း
အရင်တုန်းက ကိုင်ခဲ့ဖူးတဲ့ မင်းရဲ့လက်ကို ရှာနေဆဲ
မရှိတော့ဘူး မညာတတ်တဲ့ မင်းညာနေခဲ့အခု
အရင်လို မဟုတ်တော့ဘူး အခုတော့လည်း မင်းအထာတွေနဲ့
မလုပ်ပါနဲ့ငါရဲ့အချစ်ကိုလုံးချေခဲ့
နင့်နဲ့ဆိုအရာအားလုံး ငါ့ဘက်ကပဲ ရှုံးနေခဲ့
ဆက်ပြီးနင်ဝုန်းမနေနဲ့ ငါ့ကိုလည်း မုန်းတယ်တဲ့
ဒါဆိုရင်ငါ့အချစ်ကို မျှောပစ်လိုက်ပါ ကျုံးရေထဲ
တမ်းတခဲ့ valentine ကပေးခဲ့ဖူးတဲ့ ပန်းများ
တမ်းတခဲ့ chritmasက ရခဲ့ဖူးတဲ့ အနမ်းများ
တမ်းတခဲ့ newyearက ပေးခဲ့ဖူးတဲ နှုတ်ခမ်းများ
တမ်းတခဲ့ လေးထပ်ဆောင် ရှေ့လျှောက်ခဲ့ဖူး တဲ့လမ်းများ
တမ်းတခဲ့ valentine ကပန်းများ
တမ်းတခဲ့ chritmas ကအနမ်းများ
တမ်းတခဲ new year ကနှုတ်ခမ်းများ
တမ်းတခဲ့ လေးထပ်ဆောင်ရှေ့ လျှောက်ခဲ့ဖူးတဲ့လမ်းများ
အခန်းထဲမှာ တစ်ယောက်ထဲ ငါဆူညံစွာ ပေါက်ကွဲ ထပ်ပြီးငါမျှော် နေမိတယ် သူပြန်လာလောက်ရဲ့
အယူခံကာ ရောက်ခဲ့ဦး မတူမတန်ပါ စောင်းငဲ့ ငါ့ဆီကို နောက်တစ်ခေါက် သူပြန်မလာမှာ ကြောက်တယ်
မမှီတဲ့ပန်းကိုမှလက်ကမ်းလို့လှမ်းမိသူ ကောင်းကင်က ထွန်းလင်းတဲ့ လရောင်ကို နမ်းသည့်လူ
ငါ့အသည်းကို ခြမ်းပြီးယူ နင့်အချစ်က ကြမ်းပြီးထူ နောက်ဆုံးတော့ သိလိုက်ပါတယ် မဖြစ်နိုင်ဘူး အနမ်းမရှိသူ
နှလုံးသားကို အနက်ရှိုင်းဆုံး ထိုးသွင်းတဲ့ အမုန်းမီးများ
အချစ်ကြီးသူ ငါ့အတွက်တော့ ပြန်ရလိုက်တာအရှုံးကြီးပါ
ဘာဖြစ်ဖြစ် ငါ့အချစ်က နင့်အတွက်တော့ အဆုံးမရှိပါ
ငါ့အချစ်ကိုသက်သေပြု တိုင်တည်လိုက်မယ် ကျုံးကြီးအား