Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
ကျွန်တော် ကိုးတန်းကျောင်းသား အရွယ်က သိပ်ဆိုး သူ့လွယ်အိပ်လေးမှ ကူပြီး လွယ်ပါရစေလို့
ဘယ်လောက်လေးလေး သူ့ထမင်းချိုင့်လေး သယ်ပါရစေလို့ အဲလို တောင်းဆိုမှုတွေ သူမဘက်က မပယ်ချစေဖို့
ဆုတောင်းတယ် ဘဝအဆက်ဆက်က အဆွယ်အပါးတွေကို သူ့ပါးမှာ သနပ်ခါးက လွှဲပြီး မခြယ်သစေလို
အော် ဟိုးကောင်းကင်ထက်က ကြယ်တွေ လတွေကို ငေးရင်း အောက်မေ့မိတယ် ငယ်ဘဝတွေကို
စနေတနင်္ဂနွေ ကျောင်းပိတ်ဆို သတိရနေပါ့မယ် ငါနားမထောင်ဘူး စာကျက်ခိုင်းတဲ့ မိဘတွေ စကားလဲ
တကယ်ချစ်မှာ ခေါင်းမညိမ့်နဲ့ အတိအကျ ဖြေကြားကွယ် သူစိတ်နာသွားတဲ့ အချက်က ကျုပ်မှာ ရည်းစားတွေ များခဲ့
နောက်ဆုံး သူထားသွားတဲ့ အချိန်အခါကျမှ နောင်တတွေနဲ့ ငိုကြွေးနေမိတာ အကြိမ်၁၀၀ မကပါ
ငါသိပါတယ် အစောကတည်းက လိမ္မာရမှာ အချစ်က အခိုးအငွေ့လို လွှင့်ပျယ်သွားတယ် တိမ်လွှာများကြား
ပါးရည်နားရည်တွေ တွန့်ပြီး ဆံဖြူသွားကြိုးတဲ့ အချိန်ထိ ဒီလူသား မင်းအတွက် အသက်ရှင်နေပါ့မယ်
အိုကမ္ဘာကြီး အိုကမ္ဘာကြီး ပျက်စီးသွားခဲ့တောင် ဒီအချစ်က မင်းအပေါ် ထာဝရထက် တစ်ရက်ပိုသည်
ပါးရည်နားရည်တွေ တွန့်ပြီး ဆံဖြူသွားကြိုးတဲ့ အချိန်ထိ ဒီလူသား မင်းအတွက် အသက်ရှင်နေပါ့မယ်
အိုကမ္ဘာကြီး အိုကမ္ဘာကြီး ပျက်စီးသွားခဲ့တောင် ဒီအချစ်က မင်းအပေါ် ထာဝရထက် တစ်ရက်ပိုသည် နောက်ဘဝတွေ အထိ
လူတွေပြောတယ် ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပဲပေါ့ ဝေးသွားရတဲ့ နှစ်တွေမှာ ငါမင်းသတင်း လေးပဲမျှော်
နင်ရှိမယ့်ရက်တွေ စုံစမ်းပြီး ရောက်လာခဲ့တဲ့ ငါ့ကို ပြန်ချစ်ပါ အရင်ကလို အတင်းအဖျင်း မတွေးနဲ့တော့
နေ့တိုင်းငါ သွားစောင့်တယ် ကျောင်းထိပ်မှာပဲ ငါယုံတယ် သဲယောဇဉ်ဆိုတာ ဘယ်ဟောင်း လိမ့်မှာလဲ
ရွှေတံဂုံ စေတီပေါ်မှာ ချစ်သူဖြစ်ခွင့်ကို ဒုတိယအကြိမ် တောင်းဆိုတော့ သူမရှက်ပြုံးပြုံးနဲ့ ခေါင်းညိမ့်ပါတယ်
တကယ်တော့ ကျွန်တော်တို့က ငယ်ချစ်တွေပါဗျာ သံယောဇဉ်က မပျက်ဘူး ဘယ်နှနှစ်တွေ ကြာကြာ
သူမစိတ်ကူးယဉ် အိပ်မက်တွေကို ကျုပ်အစွမ်းအစနဲ့ အကောင်အထည် ဖော်ရင် တကယ် ဖြစ်စေမှာပါ
၅လပိုင်း ၂၂ရက် မင်္ဂလာနံနက်ခင်း အကြင်အနာ အသက်ချင်း ထပ်ခဲ့ အစဉ်အလာတွေ မပျက်ယွင်း
လူတွေလည်း စုံနေပြီ ခန်းမထဲမှာ ဒီညတော့ အတိုးချခဲ့ပြီး အရင်က လွမ်းခဲ့ရသမျှ
ပါးရည်နားရည်တွေ တွန့်ပြီး ဆံဖြူသွားကြိုးတဲ့ အချိန်ထိ ဒီလူသား မင်းအတွက် အသက်ရှင်နေပါ့မယ်
အိုကမ္ဘာကြီး အိုကမ္ဘာကြီး ပျက်စီးသွားခဲ့တောင် ဒီအချစ်က မင်းအပေါ် ထာဝရထက် တစ်ရက်ပိုသည်
ပါးရည်နားရည်တွေ တွန့်ပြီး ဆံဖြူသွားကြိုးတဲ့ အချိန်ထိ ဒီလူသား မင်းအတွက် အသက်ရှင်နေပါ့မယ်
အိုကမ္ဘာကြီး အိုကမ္ဘာကြီး ပျက်စီးသွားခဲ့တောင် ဒီအချစ်က မင်းအပေါ် ထာဝရထက် တစ်ရက်ပိုသည် နောက်ဘဝတွေ အထိ
{ဟေ့ အချစ်ရေ Happy Birthday သားသားမီးမီး လေးတွေ မွေးပေးပါအုံး ဒယ်ဒီ အတွက်လေး
မင်းမျက်နှာလေး ပြုံးနေတာ ကြည့်ပြီး စိတ်ဆင်းရဲမှုတွေ ဘယ်ဆီထွက်ပြေး
ယနေ့မှစ နှစ်ရာချီတဲ့ထိ ဒီမိသားစုလေး ချစ်ကမ္ဘာ တည်မြဲပြီး နှလုံးသား နှစ်ခုလုံး အပြစ်အနာ မရှိပဲ ကတိ အတူထား ထားတဲ့အတိုင်း သစ္စာညီမယ့် ခရီး}2