Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
ရန်ကုန်မြို့မှာ ဒီလိုမိုးတွေ ဆွေလာတဲ့ အခိုက်အတန့်မှာ ငါပိုလွမ်းတယ်
ဟိုအရင်ကဆို ဒီလိုမိုးရေအောက် ထီးတချောင်းနဲ့ တူတူ ထီးတချောင်းနဲ့ တူတူ
မိုး..နတ်မင်းကြီး ကိုယ်တိုင်က ရွာမလို မရွာမလိုလိုနဲ့ နှောက်ယှက်နေလားကွာ
မြန်မာပြည် ရာသီခွင်ထဲမှာ June , July ဆို ငါပိုသတိရ ဘဝမှာ ကံခေနေဆဲ အချစ်နဲ့ အလောင်းကစား
အိုး မိုး တွေသဲတဲ့ နေ့ဆို ငါမနေနိုင်လို့ လွမ်းနေရတဲ့ အဖြစ်တွေကို မခံစားနိုင်လို့
မိုးမိသွားလို့ အဖျားဝင် ဘာဆေးမှမတိုး ဘာအညှိုးနဲ့ မဆဲပဲသဲမလဲ ကိုယ့်ရဲ့မိုး
ရန်ကုန်မြို့မှာ ဒီလိုမိုးတွေ ဆွေလာတဲ့ အခိုက်အတန့်မှာ ငါပိုလွမ်းတယ်
ဟိုအရင်ကဆို ဒီလိုမိုးရေအောက် ထီးတချောင်းနဲ့ တူတူ ထီးတချောင်းနဲ့ တူတူ
ဒီလိုမိုးတွေ ရွာနေတဲ့အချိန် ငါအရမ်း လွမ်းတတ်တာ မယုံလည်းနေ
ဟိုအရင်ကဆို ဒီလိုမိုးရေအောက် တို့နှစ်ယောက်က အတူတူ တို့နှစ်ယောက်က အတူတူ
ရွာနေတဲ့ မိုးတွေ ဆိုနေတုန်းပါ ဒီရင်ထဲ မင်းအကြောင်းတွေက အဆိပ်တက်
ဒီလိုမိုးသဲတဲ့ နေ့ရက်တွေဆို အရမ်းလွမ်းမိ အတူတူ ထီးလေးဆောင်းပြီး လျှောက်တဲ့ အရင်က လမ်းဆီ
ခဏလောက် ထွေးပွေ့ထားချင်လို့ ဖက်ထားပါ မင်းလေး အနားနေမလို့
မိုးချိန်းသံကြားတော့ ကြောက်နေလို့ပါငါ အရင်ကလို အနွေးဓာတ် မဲ့နေလို့...
ပြတင်းတံခါးမှာ တွဲလည်း ကျနေတဲ့ မိုးစက်တွေရဲ့ကြား မင်းနဲ့အတူ အမှတ်တရတွေ ဟိုးအတိတ်ကို နောက်တခါ ပြန်မရ
နာကျင်နေတဲ့ မင်းပေးတဲ့ ဒဏ်ရာတွေတောင် မကျပ်သေးဘူး ကံကြမ္မာက တခါလောက်လေးမှ မျက်နှာသာမပေး … Yeah