Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
ဒီနေ့ ငါအလိုလို ဝမ်းနည်းနေတယ် အချစ်လေး နေရာတကာ မင်းမျက်နှာတွေ ဟာအပြည့် ငါလွမ်းလို့ပါ ဘယ်နားမင်း ပုန်းရှောင်နေ
ဒီနေ့ အရာရာ ဘာတစ်ခုမှ အဆင်ပြေတာမတွေ့ စုံတွဲများ မျက်စိရှေ့ ဖြတ်လျှောက်သွားတိုင်းဟေ့ ငါဝမ်းနည်းစိတ်နဲ့ ကျော်ဖြတ်မဲ့ မနက်ဖြန်တွေ
ငါလမ်းခွဲမပေးနိုင်ဘူး ဒီစကားကို မှတ်ပါနင်နားစိုက် မုန်းတယ်လို့ ပြောမယ့်အစား ငါ့ပါးကိုအချက်တစ်ရာ အရင်ပါးရိုက်
အရမ်းလွမ်းတယ် အရှေ့ရပ်ကနေမင်း တဖက်မှာ ဝင်သွားတိုင်း နောက်တနေ့ အိပ်ရာထတော့ မင်းစိတ်နဲ့ မျက်နှာသစ် သွားတိုက်
အတူတူစားနေကြ ဆိုင်မှာ မနက်စာထိုင်စားတော့ ဆိုင်ရှင်ကြီးကမေးတယ် ဟေ့ကောင် မင်းကောင်မလေးရော
ငါဘာပြောရမှန်းကို မသိပါ ခေါင်းကိုငုံ့ပြီးတော့ ကျလာတဲ့ မျက်ရည်စတွေကို တစ်ရှုးနဲ့သုတ်ကာ ဒီလိုနဲ့ လှည့်ပြန်ခဲ့တယ် လျှောက်နေကျလမ်းပေါ်
ဒီချိန်ဆို မင်းက အိပ်ရာထနေသေးမှာ မဟုတ်ဘူးပေါ့ ငါဒီလို စဉ်းစားမိပြန်တော့ ဘယ်သူများ ဖုန်းဆက်နှိုးမလဲ တွေးပြီးစိတ်ပူရော
ဒီနေ့ ငါအလိုလို ဝမ်းနည်းနေတယ် အချစ်လေး နေရာတကာ မင်းမျက်နှာတွေ ဟာအပြည့် ငါလွမ်းလို့ပါ ဘယ်နားမင်း ပုန်းရှောင်နေ
ဒီနေ့ အရာရာ ဘာတစ်ခုမှ အဆင်ပြေတာမတွေ့ စုံတွဲများ မျက်စိရှေ့ ဖြတ်လျှောက်သွားတိုင်းဟေ့ ငါဝမ်းနည်းစိတ်နဲ့ ကျော်ဖြတ်မဲ့ မနက်ဖြန်တွေ
သူမက ဒီကောင်းကင်နဲ့ မြေကြီးရဲ့ကြားထဲက ကျတော်အချစ်ဆုံး သူစိမ်းတစ်ယောက်ပါဗျာ
သူ့အတွက်ဆို သူ့မိဘချမှတ်တဲ့ စည်းကမ်းနဲ့ ဥပဒေလဲ သပိတ်မှောက်မှာပါ
ကျွန်တော့်ရဲ့ အလွမ်းတွေရဲ့ ဆယ်ပုံပုံတစ်ပုံစာ တစိတ်လောက်ပမာဏ သူပြန်လွမ်းမယ်ဆိုအခုချိန် အငိုတောင် တိတ်လောက်ပ့ါမလား
တခါတလေ စိတ်ကောက်စရာ ရှားလို့ ကျတော်ပြောသမျှ စကားအားလုံး ပုံပြင်တွေကြီးပဲဆိုပြီး
နှုတ်ခမ်းလေးဆူ စိတ်ကောက်နေ တတ်တာကိုပဲ ပြန်ခုံမင်နေမိ ဒါနဲ့ စကားမစပ် ရုပ်ရှင်လက်မှတ် သွားဖြတ်ထားတယ် တုံကင်တွေအမှီ
နင်ကြိုက်တဲ့ မင်းသားနဲ့ မင်းသမီးရဲ့ ဇာတ်ကားတွေ သမ္မတမှာ ရုံတင်နေပြီ
အိမ်ကခိုးထွက်ခဲ့
နင့်အမေဆူရင် အရင်လိုပဲ ငါပဲ ခေါင်းခံမှာပေါ့ တချိန်က ငါတို့အတွက်နဲ့ စိတ်ရှုပ်ခဲ့ရတဲ့ လူကြီးတွေလဲ တောင်းပန်ကာပြော
Messageတစ်စောင်တော့ အကြောင်းပြန်ပါနော် နင့်ဖုန်းက အဲဗားဧရိယာပြင်ပ ခြင်္သေ့လိုမာနနဲ့ကောင်လဲ နင့်ရှေ့ဆို ခွေးလို မြေကြီးမှာဝပ်တွား
တနေ့တကယ် ငါတို့ ပေါင်းရမယ်ထင်ပြီး နင့်ရဲ့အနွေးထည်မှာ ထိုးထားတဲ့ ငါတို့နှစ်ယောက်လက်မှတ်လေး ဆေးပြယ်မှာဆိုး
ကုန်ကုန်ပြောရရင် ထမင်းစားရင် တောင်မှ သူကြိုက်တဲ့ ဟင်းတွေပဲ ရွေးဝယ်တာမျိုး
အခုတော့ ငါတစ်ယောက်ထဲ ဘယ်လိုစားနိုင်မှာလဲ နင်မပါတဲ့ နေ့လည်စာကို
နောက်ဆုံး မုန့်ဝယ်စားရင်တောင် နှစ်ယောက်သား အတူတူ လုနေကြပါ
သူငယ်ချင်းတွေပြောကုန်ပြီ အချစ်ဆုံး မင်းအဲ့လောက်တောင် ရူးနေလားကွာ
ဆူးလေဘုရားနားက သိပ်အလွမ်းထန်တဲ့ ညနေမျိုး နင့်အကြောင်း လှမ်းမေးမိတယ် အိပ်တန်းပြန်တဲ့ ငှက်တွေကို
ဒီလိုနဲ့ မိုးချုပ်တော့မယ်ကွာ ငါတကယ်ကို စိုးထိတ်မိတာက ချည်နှောင်တဲ့ ကြိုးတွေ ငါတို့နှစ်ယောက်ကြားမှာ ပြတ်တောက်သွားပြီလား
ဒီလိုနဲ့ မိုးချုပ်တော့မယ်ကွာ နင်မပါလို့ ငြိုးအားကြီးနေတာ ငိုနေတဲ့ ငါ့မျက်လုံးတွေ အိပ်စက်သွားတောင် ခြောက်လှန့်ဦးမယ် အိပ်မက်ဆိုးတွေက