Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
ဒါ အချစ်တဲ့လား...... လက်ကလေးတွဲလို့ ထားရင်
စေတသိတ် လမ်းမပေါ် လိပ်ပြာတွေဝဲ...နေ
ဪ.. အိပ်မက်တဲ့လား... ပဟေဠိ တစ်ခုလိုပဲကွယ်
မပိုင်ဆိုင်ရမှာထက် ဆုံးရှူံးမှာ ပို.....ကြောက်တယ်
သူ ဒေစီပန်းလေး တစ်ပွင့်ဆိုရင် နေရောင်ခြည်လေး ဖြစ်ခွင့်ရချင်မိ
လေပြေလေး တိုးဝှေ့သွားချိန် မွှေ့ပျော် ယိမ်းနွဲ့နေဟန်လေး...ကို
အဝေးကနေ တိတ်တိတ်ကလေးပါပဲ ရှူ့စားရရုံ အမောပြေ
ကိုယ့်ရဲ့အချစ်ဆုံးရေ ကိုယ်လောင်ကျွမ်းရင်း မင်း ရှင်သန်စေ
အမြဲသိချင်တာ မင်းပျော်နေရဲ့လား အပြုံးလေးက ကိုယ့်ရဲ့ကမ္ဘာ
ဝေးကွာလွန်းတဲ့ အိပ်မက်များအတွက် ပေးဆပ်ချင်ပါတယ် အရာရာ
အချစ်ဆိုတာ ..... အသွားတိုင်းအပြန် တကယ်မရှိတာ
တစ်နေ့နေ့တော့ မင်းသိမှာပါ ဒေစီပန်းလေး သူ့..အတွက်
နေရောင်ခြည်လေး အဖြစ်နဲ့ အဝေးမှာ အမြဲတမ်းရှိနေမှာ..
မသိစိတ်ကို ခဏ ကိုယ်မေးကြည့်ပါဦးမယ်...
အလှဆုံး ပန်းကလေးမို့ မက်မောနေတာလားကွယ်
စန္ဒာလရဲ့ ဆွဲငင်အားကြောင့်များ
ပင်လယ်ကြီး ဂယောက်ဂယက်ဖြစ်တာလား
အဖော်မဲ့ ကမ်းစပ်မှာ လရိပ်သာ မြင်ခွင့်ရ