Songs ↓
Thanzin
Song Library

Song detail

နှစ်လေးငါးခြောက်ဆယ်

Key N/A Published

Controls

Display, spacing, and layout

Reset to default

Columns

1 cols

Select 1 to 4 columns for reading.

Original key

Re-anchor the chords to the key you actually play in.

Capo

0
- 0 +

Lower the shapes without changing the pitch.

Play as

Set an original key first

Transpose

Key: N/A
-+0 +

Shift chords up or down.

Accidentals

Write chords with sharps or flats.

Display

Choose overlay or lyric view.

Line spacing

0px

Adjust lyric and chord line height.

Label width

4.0x

Widen the section-label column.

Key - N/A
Intro:
A E F#m D
Round:
A E F#m D

​

𝄞

နောက်ဆုံးတော့ ငါ့ရဲ့ဘဝက နောက်ဆုံးတော့ မင်းရင်ခွင်

နောက်ဆုံးသော ငါ့ရဲ့အချစ်အတွက် တစ်ယောက်တည်းသော ဖူးစာရှင်

အရာရာ အမြဲတမ်း နောက်ကျပီးတော့ အထီးကျန်နေတဲ့ ဘဝတစ်ခု

မီးလျံထဲက နိုးထရအောင် အသိဥာဏ်နဲ့ စေစားသူ

ဘဝတွေက အနေအထား မတူပေမဲ့ ဘယ်တော့မှ ပစ်ချမသွားဘူး

မင်းကငါ့အတွက် သစ္စာထားသူ မင်းက ကောင်းကင်က ကြွေကျသူ

အမှောင်ထုထဲက အလင်းတစ်ခုပေါ့ မင်းရဲ့ချိုမြိန်တဲ့ အချစ်

ကန္တာရလို ငါ့ရဲ့ဘဝအတွက် အေးမြတဲ့ OASIS

​

𝄞

မင်းသိတဲ့ အတိုင်းပါပဲ အကုန်လုံးတော့ မပြည့်စုံဘူးပေါ့

ဒါပေမဲ့ နှစ်ယောက်အတူတွဲ စွန့်စားမယ် အတွေ့အကြုံတစ်ခုနော်

လူတွေက တွေ့ဆုံကြုံကွဲ လောကရဲ့ နိယာမသဘော

နောင်လာမယ့် ရတုအဆက်ဆက် ငါ့ရဲ့အနား မင်းရှိမှာလားပြော

ငါဒီမှာ မင်းနန္ဒာပေါ့ ရှင်မွေးနွန်း မင်းဆန္ဒရော

ဒါမှမဟုတ် ပုံပြင်ထဲက ခွန်ဆမ်လောနဲ့နန်းဦးပြင်နော်

ဂန္ဓဝင်မြောက် အချစ်တွေလိုမျိုး ငါတို့ရဲ့ အမှတ်တရတွေပေါ့

ဆိုခဲစေမြဲစေ မင်းနဲ့ငါ လက်ထပ်ပါရစေတော့

​

𝄞𝄞

ဟေး...... ဘာဖြစ်ဖြစ်ချစ်မယ် နှစ်လေးငါးခြောက်ဆယ်

အမြဲတမ်း တူတူနေမယ် ဘဝတစ်သက်စာ လက်တွဲ

နင်အဝေး ထွက်မသွားနဲ့ ငါ ထွေးဖက်ထားမယ်

ငါ့ ပုခုံးဦးထက်မှာ မှေးစက်ပါ အချစ်ရယ်

​

𝄞

နှစ်လေးငါးခြောက်ဆယ် ဘာမှ အချစ်တွေးကာ မကြောက်နဲ့

စိုးရိမ်သောက ဗျာဘာဒတွေ မင်းရဲ့အဝေးမှာ ပျောက်ကွယ်

ရှေ့ရေးကိုတွေးပီး စိတ်တွေ တစ်ထစ်လေးမှ မင်းမလျှော့နဲ့

ငါက မင်းအလိုမကျလို့ စိတ်ကောက်တိုင်းလဲ ဆံပင်လေးဖွရင်း ချော့မယ်

ဘဝဆိုတာ ကြိုဖတ်ခွင့်မရတဲ့ ပြဌာန်းပီးသား စာအုပ်တဲ့

အချစ်ဆိုတာ ဒီစာအုပ်ထဲမှာ ကိုယ်တိုင်ရေးရမယ့် ကဗျာတစ်ပုဒ်ပဲ

နေ့ရက်တိုင်းက အထိမ်းအမှတ်ပဲပေါ့ ရက်စွဲတွေလဲ အတိအကျနော်

လက်တွေ့က ရုပ်ရှင်မဟုတ်တော့ အခက်အခဲတွေလဲ ရှိမှာပေါ့

​

𝄞

တစ်ယောက်လဲရင် တစ်ယောက်ထူပီးတွဲ ဆက်လျှောက်မယ် ဒီခရီးကို

မှောင်မိုက်တဲ့ သမုဒ္ဒရာကြီးထဲ မင်းငါ့ရဲ့နတ်သမီးလို

မင်းလက်ကို ဆုပ်ကိုင်ထားရင်း လောကကြီးကို ဘာမထီလို့

မင်းအတွက် အမြဲရှင်သန်နေမယ့် မီးတောက်ထဲက ဇာမဏီလို

မာန်မာန မလိုအပ်ဘူး ဘာအတွက်မှ သံဿယမဆို

ဘဝတစ်ခုလုံး တာဝန်ယူပြီး စောင့်ရှောက်မယ့် သယံဇာတလို

ဦးဆွေးဆံမြေ့ပါပဲ ဘယ်တော့မှ မဝေးဘူး ငါတို့

မင်းပေးတဲ့ အချစ်တွေနဲ့ အရာရာတိုင်းအတွက် ကျေးဇူးပါလို့

​

𝄞𝄞

ဟေး...... ဘာဖြစ်ဖြစ်ချစ်မယ် နှစ်လေးငါးခြောက်ဆယ်

အမြဲတမ်း တူတူနေမယ် ဘဝတစ်သက်စာ လက်တွဲ

နင်အဝေး ထွက်မသွားနဲ့ ငါ ထွေးဖက်ထားမယ်

ငါ့ ပုခုံးဦးထက်မှာ မှေးစက်ပါ အချစ်ရယ်

​

𝄞

Na... Na... Na... Na... Na... Na...

Na... Na... Na... Na... Na...

Na... Na... Na... Na... Na... Na...

Na... Na... Na... Na... Na...

Na... Na... Na... Na... Na... Na...

Na... Na... Na... Na... Na...

I... I... I... freaking love you

​

𝄞

Na... Na... Na... Na... Na... Na...

Na... Na... Na... Na... Na...

Na... Na... Na... Na... Na... Na...

Na... Na... Na... Na... Na...

Na... Na... Na... Na... Na... Na...

Na... Na... Na... Na... Na...

I... I... I... freaking love you

​

𝄞

And I love you more.....

And I love you more.....

And I love you more... And

more And more And more.. each day

And I love you more.....

And I love you more.....

And I love you more... And

more And more And more.. each day

​

𝄞𝄞

ဟေး...... ဘာဖြစ်ဖြစ်ချစ်မယ် နှစ်လေးငါးခြောက်ဆယ်

အမြဲတမ်း တူတူနေမယ် ဘဝတစ်သက်စာ လက်တွဲ

နင်အဝေး ထွက်မသွားနဲ့ ငါ ထွေးဖက်ထားမယ်

ငါ့ ပုခုံးဦးထက်မှာ မှေးစက်ပါ အချစ်ရယ်

​

𝄞

ဒီနေ့ကစပီး နောက်နှစ်တွေ အများကြီး အများကြီးအထိ

နောက်ဆုံးထွက်သက် ရောက်တဲ့အထိ

ငါမင်းရင်ခွင်မှာပဲအိပ်စက်ချင်တာ တကယ်ပါ....

I'm Freaking Love You

About this song
Writers
Unknown
Albums
Unknown
Release year
Unknown
Language
Level
Created by
a******9@gmail.com