Songs ↓
Thanzin
Song Library

Song detail

ပထမဆုံးအချစ်

Key D Published

Controls

Display, spacing, and layout

Reset to default

Columns

1 cols

Select 1 to 4 columns for reading.

Original key

Re-anchor the chords to the key you actually play in.

Capo

0
- 0 +

Lower the shapes without changing the pitch.

Transpose

Key: D
-+0 +

Shift chords up or down.

Accidentals

Write chords with sharps or flats.

Display

Choose overlay or lyric view.

Line spacing

0px

Adjust lyric and chord line height.

Label width

4.0x

Widen the section-label column.

Key - D
Intro
(D Bm G A)2
Round:
D Bm G A
V

မင်းလက်ကလေး ဆုပ်ကိုင်မိချိန် ခေါင်းလေး ငုံ့ကာထားတယ်

မင်းနှုတ်ခမ်းလေး ကိုက်ပီး ရှက်ပြုံးလေး ပြုံးတာလားကွယ်

ဘာလို့ ရှက်နေတာလဲ တို့နှစ်ယောက်က တရားဝင် ချစ်သူတွေပါကွယ်

တယောက်နဲ့ တယောက် စကားတွေ မပြောလဲ

တယောက်စိတ်ကို တယောက် နားလည်

တယောက်နဲ့ တယောက် အကြည့်တွေကျွံလဲ

တယောက် မေတ္တာ တယောက်သိတယ်

ကြင်ကြင်နာနာ မြတ်မြတ်နိုးနိုးနဲ့

မပြောင်းလဲ သက်ဆုံးတိုင် မင်းတယောက်သာ ချစ်ပ့ါမယ်

Cho

ဟေးးးး ကိုယ့်ရဲ့ပထမဦးဆုံး မိန်းကလေး

ဟေ ဟေးးဟေ ရင်တွေခုန်လိုက်တာ

တို့နှစ်ယောက် ချိန်းတွေ့တဲ့နေ့

ဟေ ဟေးဟေး တို့နှစ်ယောက် ပထမဦးဆုံး ချိန်းတဲ့နေ့

ဟေ ဟေးးဟေ သူ့နဖူးလေးထက်ကို မရဲတရဲ အနမ်းတွေခြွေ

Rap

ပထမဆုံး မိန်းကလေးနဲ့ ပထမဆုံးချိန်းတွေ့

ပထမဆုံးနေ့ တစ်နေ့ရဲ့ ပထမဆုံး အထိအတွေ့

ရင်တွေ ခုန်တယ်ဟေ့ ရင်တွေ ခုန်တယ်ဟ

ရင်တွေ ခုန်တယ်ဟေ့ ရင်တွေ ခုန်တယ်ဟ

သူမအနား သိပ်မကပ်နဲ့တဲ့ မျက်စောင်းလေး ချိတ်လျက်ပဲ

ကိုယ်ကစကား သိပ်မတတ်တော့ နှစ်ယောက်သား တိတ်ဆိတ်လျက်ပဲ

လူက သိပ်ပြတ်တယ် ကိုယ်တို့ ချိန်းတွေ့တဲ့ နေရာ

သူမသိပ်ရှက်သတဲ့ လူတွေ ခိုးကြည့်လို့နေမှာ

ဟုတ်လဲဟုတ်ပဲနဲ့ တကယ် ဟုတ်လဲဟုတ်ပဲနဲ့

သူ့ကိုလဲ ဘာမှလဲ လုပ်လဲလုပ်ပဲနဲ့

ကျုပ်လဲ ရုပ်ဖြဲဖြဲနဲ့ ဟိုကြည့်ဒီကြည့်

ဘယ်သူမှလဲ တို့နှစ်ယောက်ကို ရှုပ်လဲရှုပ်ဖဲနက်

ဘာကို ရှက်နေတာလဲ ဘာမှ ရှက်မနေပါနဲ့

တဖြေးဖြေးချင်း သူ့အနား ကပ်နေခါချွဲ

အေးစက်နေပါပီ ခြေလက်တွေကလဲ

သူလဲ ရှက်ရမ်းရမ်းပီး ဘေးက မြက်တွေသာဆွဲ

ကိုယ်နဲ့ အလှမ်းဝေးနေသေးတဲ့ သူ့နှုတ်ခမ်းကလေးနွေး

ဒီဇင်ဘာ နောက်ဆုံးရက်တွေက အရမ်း အေးနေသေး

ဒီတော့ နွေးသွားအောင် ထွေးပိုက် ဇာတ်လမ်းကလေးတွေ ရေး

သူ့နဖူးလေးထက် မရဲတရဲ အနမ်းလေးတွေပေး

Cho

ဟေးးးး ကိုယ့်ရဲ့ပထမဦးဆုံး မိန်းကလေး

ဟေ ဟေးးဟေ ရင်တွေခုန်လိုက်တာ

တို့နှစ်ယောက် ချိန်းတွေ့တဲ့နေ့

ဟေ ဟေးဟေး တို့နှစ်ယောက် ပထမဦးဆုံး ချိန်းတဲ့နေ့

ဟေ ဟေးးဟေ သူ့နဖူးလေးထက်ကို မရဲတရဲ အနမ်းတွေခြွေ

Rap

အချစ်မျက်ဝန်း ချိုချို အချစ်ရည်ရွှန်းစို

ပထမဆုံး မိန်းကလေးမို့ အချစ်တွေ အရမ်းပို

အထိအတွေ့ အနမ်းအရှိုက်မှာ အသည်းအူလှိုက်ဖို

ချိန်းတွေ့တိုင်း ထိန်းမရ ကြွလာတဲ့ဂြိုလ်

သူက ခေါ်တော့ ကိုကို ကျွန်တော်က ခေါ်တော့ဟို

စိတ်ကူးပေါက်တိုင်း လက်တည့်စမ်းရင် ရှက်သွားတာက အို

ဤဤထိုထို အကြောင်းကလေးတေကို

မန်းမြို့တော် ပေါက်စီနဲ့ မှားစရာလဲ မလို

ဟိုနားဒီနား ထိုင်ထိုင် ဟိုပါးဒီပါးကိုင်

ဟိုကြားဒီကြား သွားထိမိတော့ ဟိုယားဒီယား ကွိုင်

ငယ်ငယ်က သီချင်းတပုဒ် အဆိုပိုင်နိုင်

အဲ့ဒါ မေမေသင်ပေးခဲ့တဲ့ ချိုမိုင်မိုင်

မျက်လုံးကလေးကို မှိတ် ခေါင်းကလေးကို မော့

မင်းကို ပြောပြမဲ့ အနမ်းတပွင့်ရဲ့ အကြောင်းကလေးကိုပေါ့

ဇာတ်လမ်း ကလေးကို စ နှုတ်ခမ်းကလေးကို ဟ

နမ်းတတ်တတ် မနမ်းတတ်တတ် အနမ်းပေးဖို့ဟ

Cho

ဟေးးးး ကိုယ့်ရဲ့ပထမဦးဆုံး မိန်းကလေး

ဟေ ဟေးးဟေ ရင်တွေခုန်လိုက်တာ

တို့နှစ်ယောက် ချိန်းတွေ့တဲ့နေ့

ဟေ ဟေးဟေး တို့နှစ်ယောက် ပထမဦးဆုံး ချိန်းတဲ့နေ့

ဟေ ဟေးးဟေ သူ့နဖူးလေးထက်ကို မရဲတရဲ အနမ်းတွေခြွေ

End

မင်းလက်ကလေး ဆုပ်ကိုင်မိချိန် ခေါင်းလေးငုံ့ကာ ထားတယ်

မင်းနှုတ်ခမ်းလေး ကိုက်ပီး ရှက်ပြုံးလေး ပြုံးတာလားကွယ်

ဘာလို့ ရှက်နေတာလဲ တို့နှစ်ယောက်က တရားဝင် ချစ်သူတွေပဲ

About this song
Writers
Unknown
Albums
Unknown
Release year
Unknown
Language
Level
Created by
a******9@gmail.com