Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
နွေးထွေးနေဆဲ မင်းအငွေ့အသက်များ အရိပ်တစ်ခုအဖြစ် ကိုယ့်နားမှာ
ပျော်နေတဲ့ မင်းမျက်နှာ ထာဝရ ပန်းခင်းထဲမှာ
ချိုသာတဲ့ မွှေးရနံ့များနဲ့ လန်းဆန်း စေဖို့ရာ
ကိုယ်အသက်လောက် ချစ်တဲ့ မင်းဘဝနစ်မွန်းမှာ
ကိုယ်ဘယ်လို ခူးရက်ပါ့မလည်း ပန်းကလေးရယ် ပြောပါ
အတူရှိခဲ့ကြတဲ့ နေ့ရက်များမှာ အချစ်ကို ကိုးကွယ်ယုံစားကာ
ကိုယ့်နှလုံးသားနဲ့ တည်ဆောက်ခဲ့ မင်းအတွက် ပန်းဥယျာဉ် လေးဟာ
ရူးသွပ်မှု သက်သက်ပါ ပန်းကလေးရယ် နင်မေ့လိုက်ပါတော့
ငါဆိုတာမင်းရဲ့ ဘဝမှာ မရှိခဲ့သူလို့
ပန်းရနံ့ မွှေးလေးရယ်
ရင်မှာလေ အစဉ်အမြဲ သိမ်းထား ချင်ပါတယ် သက်ဆုံးကွယ်
တမ်းတ လွမ်းဆွတ်မြဲ ဒီပုံပြင်လေးထဲ ပန်းကလေးညှိုးလို့ သွားမှာ ကိုယ်စိုးတယ်
နင်မရှိတဲ့ ဘဝမှာ အဆင်ပြေနိုင်ဖို့ရယ်
ဘယ်လောက် ခက်ခဲတယ် ငါသိရဲ့သားနဲ့
အကြင်နာဆုံး နှလုံးသားကို စတေးခဲ့မယ်ပန်းကလေးရယ်
မငိုပါနဲ့ကွယ်
မင်းမက်မောတဲ့အိမ်မက်တွေဟာ ဘယ်လိုမှငါနဲ့မသက်ဆိုင်တဲ့အခါ
သတ္တိမရှိတော့ပါ မင်းလက်လေးကိုဆုပ်ကိုင်ထားဖို့ရာ
ထိုက်တန်တဲ့သူရှိလာတဲ့အခါ ကြိတ်မှိတ်ပီးနင်မုန်းပစ်လိုက်ပါကွာ
နားလည်မှုတွေကြီးစွာနဲ့ မင်းကိုစွန့်လွှတ်လိုက်ပါတယ်
အားလုံးတစ်နေ့မှာ မင်းမေ့လို့သွားလိမ့်မယ်
အချစ်လေးရာသာသာယာယာနင်ပွင့်လန်းတိုင်းမှာ
ငါ့ရဲ့ကမ္ဘာပြီးပြည့်စုံမှာ
ပန်းရနံ့ မွှေးလေးရယ်
ရင်မှာလေ အစဉ်အမြဲ သိမ်းထား ချင်ပါတယ် သက်ဆုံးကွယ်
တမ်းတ လွမ်းဆွတ်မြဲ ဒီပုံပြင်လေးထဲ ပန်းကလေးညှိုးလို့ သွားမှာ ကိုယ်စိုးတယ်
နင်မရှိတဲ့ ဘဝမှာ အဆင်ပြေနိုင်ဖို့ရယ်
ဘယ်လောက် ခက်ခဲတယ် ငါသိရဲ့သားနဲ့
အကြင်နာဆုံး နှလုံးသားကို စတေးခဲ့မယ်ပန်းကလေးရယ်
မငိုပါနဲ့ကွယ်
ပန်းရနံ့မွှေးလေးရယ်
ရင်ထဲမှာပဲ သိမ်းထား လိုက်တော့မယ်