Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
မနက် စောစောထ အလုပ်သွားဖို့ ယူနီဖောင်းနဲ့ ခြေအိတ်ကို ဝတ် ဖိနပ်ကိုစီး လျှောက်တဲ့ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းက တစ်နေ့ ဘေလ်ဂိတ်လို ဖြစ် ချင် တဲ့ စိတ်ကူးတွေနဲ့ ညဘက် အိမ်မက် မက်တော့ အပြည်ပြည် ဆိုင်ရာ လေဆိပ်ကိုမြင် ဒါက ပြည်ပရောက် မြန်မာတွေအတွက် ဖြေသိမ့်ဖို့ သီချင်း ဟောဒီ ကမ္ဘာ့ မြေပုံထဲက ဖွံ့ဖြိုးဆဲ နိုင်ငံငယ်လေးကို လွမ်းလို့ ကျွန်တော်ထိုင် ရေးတဲ့ ပြိုင်စံမယ့် တေး အဲဒါ မြန်မာပြည် တနည်းအားဖြင့် ကျနော့် မွေး ရပ် မြေကို သတိရကြောင်း တင်ထားတဲ့ Status တွေဖတ်ပြီး တနေ့ထက် တနေ့ပိုကျသတဲ့ အမေ့ မျက်ရည် အချိန်တွေအိုကာ သက္ကရာဇ် ဟောင်းသွားလည်း ငါ အိတ်ကပ်ထဲမှာ ပလပ်စတစ် လောင်းထားတဲ့ ရွှေတိဂုံ စေတီ တော်ရဲ့ ရုပ်ပုံလေးပဲ မှန်းပြီးတော့ အနောက်တိုင်း သီချင်းတွေ ကြားရင် ဂစ်တာတီးနေကြ အုတ်ခုံလေးပဲ လွမ်းရော
လွမ်း.. မိုင်တွေ ရာချီ ကွာဝေးနေ ဒီ အိမ်ပြန်ချင်တဲ့ အိမ်မက်တွေ အဆင်မပြေမှုတွေ ကြုံတိုင်းလွမ်းမိရတယ် အမေ့ရဲ့ အိမ်အိုလေး ပြန်ဆုံချင်တယ် သူငယ်ချင်းတွေ ဒီ အပေါ်ယံတွေကို မပျော်ဘူးလေ အို ဒီရုပ်ဝတ္ထုတွေကြားထဲကနေ ပြေးထွက် ခဲ့မယ် အိမ်ကို လွမ်းလို့ အိမ်ကို လွမ်းလို့..
ကျနော် ဒီနိုင်ငံမှာ မနေချင်တော့ဘူး ထွက်ပြေး ပါရစေ ခက်တာက အမေ့အကြွေး တွေလည်း မဆပ်ပေး ရသေး ကျွန်တော့် အလုပ်ရှင် သူဌေး မျက်နှာပေးက အချေ စိတ်ချမ်း သာစရာ တစက်လေးမှ မတွေ့ မိုးမျှော် တိုက်တွေ ဆောက်ထားတဲ့ တိုင်းတစ်ပါးမြေပေါ် ရပ်ငေးကာတွေး အခုအချိန်ဆို ကျနော်တို့ မြို့မှာ လိုင်းကား တွေရော ကြပ်သေးလားမေး လေယာဉ်ပေါ် တက်ခါနီး ငါတို့သူငယ်ချင်းတွေ ပြေးဖက်တာကို သတိအမြဲရတယ် သားကြီးတို့ မင်းတို့ကို လွမ်းတဲ့စိတ် အလုပ်တစ်ဖက်နဲ့ ရှေ့ဆက် ငါ ဘယ်လို ညှိမလဲကွာ စိတ်ဓာတ်ကျတိုင်း ခေါင်းရင်းက ဓာတ်ပုံထဲက အဖေ့မျက်နှာကို ကြည့်ဆဲပါ ဒီမှာ ဘယ်လောက်ပဲ ကောင်းတဲ့ အစားအသောက်တွေ ပေါပေါ အမေ့လက်ရာကို မမှီတဲ့အခါ အမေ ခူးခပ်ပြီး ကျွေးတဲ့ ထမင်းဝိုင်းထဲက တူးကပ်ပြီး မွှေးတဲ့ ဟင်းအတိုင်းပဲ ကျနော် ပြန်စားချင်လို့ နောက်ပီး အဖေ သိပ်ကြိုက်တဲ့ ဦးငှက်ကြီး ရေးတဲ့ သီချင်း အတိုင်းပဲ အိမ်ပြန်ချင်တယ် အခု ပြန်ချင်တယ် ဪ တွေးမိတိုင်း ဝမ်းနည်းတဲ့ mood ပြန်ဝင်တယ် ဘယ်သူ့ ခြံအပြင်ရဲ့ရှေ့ဖြစ်ဖြစ် ဂရု မစိုက်ပဲ ဘောလုံးတွေ ဘာတွေ စု ကန်ချင်တယ် သူ့ တစ်ယောက်ထဲ ချန်ထားခဲ့တာလား ဆိုပြီး ဆူဆဲ ရိုက်နှက်ခဲ့တဲ့ သူလည်း သူနဲ့ လိုက်ဖက်တဲ့ လူနဲ့ ယူပြီး ဥမကွဲ သိုက်မပျက်နဲ့ ဖြစ်သွားပီ ကြားလို့ ဝမ်း သာတယ် ငါကတော့ အချိန်ပိုလေးတွေ ဆင်းပြီး တိမ်လို တရွေ့ရွေ့ ပြန်ခဲ့မယ် အိမ်အိုလေးရှေ့ အိမ်အိုလေးရှေ့
လွမ်း.. မိုင်တွေ ရာချီ ကွာဝေးနေ ဒီ အိမ်ပြန်ချင်တဲ့ အိမ်မက်တွေ အဆင်မပြေမှုတွေ ကြုံတိုင်းလွမ်းမိရတယ် အမေ့ရဲ့ အိမ်အိုလေး ပြန်ဆုံချင်တယ် သူငယ်ချင်းတွေ ဒီ အပေါ်ယံတွေကို မပျော်ဘူးလေ အို ဒီရုပ်ဝတ္ထုတွေကြားထဲကနေ ပြေးထွက် ခဲ့မယ်
မေတ္တာ တရားတွေ နဲ့ဝေး သစ္စာ တရားတွေနဲ့ဝေး ရွေးချယ် ခွင့်တွေလည်းဝေး စိတ် ဖိစီးမှုများ အပြည့် ဖြစ်ချင်သမျှ တွေလည်း မေ့ နေ့ နေ့ နေ့တွေ ညတွေ တရွေ့ရွေ့ ကောင်းကင် ကြီးကိုပဲ ငေး ကျနော့်ရဲ့ အိပ်မက်လေး တွေလည်း ဆွေး မနက်စာ စားချိန်တွေဆို အမေ့ရဲ့ ထမင်းကြော် လွမ်းနေတာမျိုး စက်ပစ္စည်းတွ ပျက်တော့ အဖေ့ကို ပြေးမြင် မိနေတာမို့ ကမ္ဘာမှာ အငြိမ်း ချမ်း ဆုံး နေရာ ရှာကြည့်တဲ့ အဆုံးမှာ ကျနော် သိခဲ့ရတာ အိမ်ကို လွမ်းလို့ အိုး.. ဝိုး.. အိမ်ကို လွမ်းလို့
မိုးမျှော် တိုက်တွေ ဆောက်ထားတဲ့ တိုင်းတစ်ပါး မြေပေါ် ရပ်ငေးကာ တွေး အခု အချိန်ဆို ကျနော်တို့ မြို့မှာ လိုင်းကား တွေရော ကြပ်သေးလားမေး အိမ်ပြန်ချင်တယ် အခု ပြန်ချင်တယ် ဪ တွေးမိတိုင်း ဝမ်းနည်းတဲ့ mood ပြန်ဝင်တယ် ဘယ်သူ့ ခြံအပြင်ရဲ့ရှေ့ ဖြစ်ဖြစ် ဂရုမစိုက်ပဲ ဘောလုံးတွေ ဘာတွေ စုကန်ချင်တယ် ရွှေတိဂုံ စေတီတော်ရဲ့ ရုပ်ပုံ လေးပဲ မှန်း ကန်တော့ အနောက်တိုင်း သီချင်းတွေ ကြားရင် ဂစ်တာ တီးနေကြ အုတ်ခုံလေးပဲ လွမ်းရော.. လွမ်းရော..
ဝိုး.. အိမ်ကို လွမ်းလို့ အိမ်ကို လွမ်းလို့... Yeah! ပြည်တွင်းသို့ပေးစာ ဝိုး.. ဝူး.. ဟိုး..