Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
¶
မင်း ချစ်တယ်ဆိုငါ ရီချင်တာပေါ့ မင်း လွမ်းတယ်ဆိုငါ ရီချင်တာပေါ့
ပေ၁၀၀လောက် မင်းအတွက် မေတ္တာတွေပေးလဲ နင်၁လက်မလောက် ငါ့ကိုမလွမ်း
မင်း ပြုံးမယ်ဆို ငါပျော်တာပေါ့ အစားထိုးမယ်ဆိုငါ ဗွေမယူပါနော်
အိမ်စာမလုပ်ခဲ့တဲ့ ကလေးလို မင်းမှာ ဆင်ခြေ အကောင်းဆုံးတော့ ရှိမှာပါ
¶¶
မချစ်သင့်တဲ့ လူထဲ နင်ထိပ်ဆုံးက မလွမ်းသင့်တဲ့ လူထဲ နင်ထိပ်ဆုံးမှာ
ဟိုအရင်ချိန်က ခွင့်လွှတ်ပေးခဲ့ဖူးတာ မေ့ထားပါ ရေပေါ်မှာ ရေးဆွဲတဲ့ အရုပ်မဟုတ်ဘူး ငါ
မလွမ်းသင့်တဲ့ လူထဲ နင်ထိပ်ဆုံးက မချစ်သင့်တဲ့ လူထဲ နင်ထိပ်ဆုံးမှာ
အရိုသေမဲ့သော အချစ်၁ခုကို မနှမျောပါ ပြန်ဆုံနိုင်ဖို့ လုံး ဝ မဖြစ် နိုင်ပါ
ဘယ်လို အကြောင်းပြချက်နဲ့ လမ်းခွဲတာလဲ မင်းနဲ့ပတ်သတ် သမျှတွေက နာကျင်စရာမို့
မင်းဘေးက မင်းလို$ကျင့်နဲ့ အပေါင်းအသင်းတွေ အားလုံးကို ဆရာတင်တာဆိုး
နင့်အပေါ်မှာ ပေးဆပ်ခဲ့တဲ့ လူကိုမှကွာ ခါးခါးသီးသီးပစ်ခွာ ဖလာမြင်လာလို့
ညဘက်ကြီး ၁နာရီလောက် ဖုန်းမအားတာ သူငယ်ချင်းဆီကလို့ ညာချင်တာမျိုး
ရွှေနဖူးစာ နက္ခတ်ကလွဲ! လွဲပီးရင်း လွဲနေသော အလွဲများနဲ့ သံသရာ
လူဆိုတဲ့ သတ္တဝါက ကိုယ့်အပေါ် မကောင်းတဲ့သူကိုမှ အစွဲများနဲ့ခံတာ
ကျုပ်ကိုသာ အချစ်ဆုံးဆို ကျုပ်ကလွဲရင် ဖွဲ နဲ့ ဆန်ကွဲ များပဲ ကျန်တာ
ကျောက်မြောင်းဘက်က အုံးခနဲ အသံကြားရင် မလန့်ပါနဲ့ ကျုပ်အသဲကွဲကျတဲ့ အသံပါ
ထမင်းဘယ်နှလုပ် စားလဲက အစ ဘယ်သွားတယ် ဘာလုပ်တယ် သံတော်ဦး တင်ခဲ့တာ
မင်းကတော့ ငါ့ကိုဆို ဘာမှ အသိမပေးပဲနဲ့ အ ပျော် ကျူး ချင်ဆဲပါ
ငါနဲ့တွဲတော့မှ မရင့်ကျက်သေး ရေသန့်ဗူး အဖုံးလေးတောင် မဖွင့်တတ်တဲ့ ကလေးအထာ
အခုကျမှ အဆင့်တက် အသဲနှလုံးကို ဟောင်းလောင်းပေါက် ဖြစ်သွားအောင်
ပွင့်ထွက် အကျင့်ပျက်တဲ့ Player အကျင့် အကျင့် အကျင့်ပျက်တဲ့ Player
¶¶
မချစ်သင့်တဲ့ လူထဲ နင်ထိပ်ဆုံးက မလွမ်းသင့်တဲ့ လူထဲ နင်ထိပ်ဆုံးမှာ
ဟိုအရင်ချိန်က ခွင့်လွှတ်ပေးခဲ့ဖူးတာ မေ့ထားပါ ရေပေါ်မှာ ရေးဆွဲတဲ့ အရုပ်မဟုတ်ဘူး ငါ
မလွမ်းသင့်တဲ့ လူထဲ နင်ထိပ်ဆုံးက မချစ်သင့်တဲ့ လူထဲ နင်ထိပ်ဆုံးမှာ
အရိုသေမဲ့သော အချစ်၁ခုကို မနှမျောပါ ပြန်ဆုံနိုင်ဖို့ လုံး ဝ မဖြစ် နိုင်ပါ
အစပိုင်းကတော့ ချစ်ပြလိုက်တာ အတူတူ ရှိနေရရင်ကို ခွေးဖြစ်ပျော်ပါသည်
ဆိုပြီး...အရူးအမူးတွေဖြစ် အခု...တော့ ဘေးနားမှာ သူဌေးအစစ် ပေါ်လာပြီ
နောက်ပိုင်း အကြောင်းရှာဖြတ် Yoh နှစ်ယောက် အတူတူ ၄နှစ်ကျော်ကြာသည့်
သံယောဇဉ်တွေကို ၄မိနစ်နဲ့ ဖျောက်သွားတဲ့ မှော်ဆရာမကြီး ဒေးဗစ်ကော်ပါဖီး ငါက မင်းနန္ဒာ မဖြစ်ခဲ့တာပါ နင်က ရှင်မွေးလွန်း ဟဲ့
ငါနဲ့ တွဲလို့ သူများတွေ အထင်သေးပြီး ကဲ့ရဲ့မှာ နင်က ရင်လေးလွန်း Omm
ငါ့ကို ဟိုး...ချောက်ကမ်းပါးကြီးထဲကို နင် ပြေး တွန်း လဲ
စိုးရိမ်တယ် ဘယ်သူနဲ့အိပ်အိပ် ကုတင်ဘေး အစွန်းမှာ ခြင်ဆေးထွန်း
လိုက်လေ ဝေးလေ အဲ့ဒီ့အခြေနေ၁ခု မလွမ်းသင့်တော့ ဘာမှ မတွေဝေဘူး
Clubတွေ Barတွေ သွားပြီး အသေ အကြေ မူးနေတဲ့ အပေအတေ လူတစ်စုနဲ့ ကေတွေရှုး
ငါရဲ့ လေးနက်ခြင်းတွေနဲ့ ပေးဆပ်ခြင်းတွေကို ခွေးဇာတ်ခင်းရတာ ပျော်လား
အိမ်နီးချင်း မိတ်ဆွေဆိုပြီးတော့ လိမ်ပြီး မင်းအိပ်နေ သည်းခံခြင်းတွေကိုစော်ကား တော်ကွာ