Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
လေပြင်းပြင်းတိုက်တဲ့ ဟိုးနေ့က
သီချင်းလေး တပုဒ်ကို ခိုးဖွင့်
လေပြင်းပြင်းတိုက်တဲ့ ဟိုးနေ့က
သီချင်းလေး တပုဒ်ကို ခိုးဖွင့်
ငါစောင့်လိုက်ရတဲ့ လေးမိနစ်မှာ
လိုနေတာက အနွေးဓာတ်
မင်းထွက်လာတာနဲ့ ပြေးဖက်
တို့ချစ်သူဖြစ်တဲ့ လေးရက်
အော် ကြွပ်ကြွပ်အိတ် ကြွပ်ကြွပ်ကြိုး
ကြွပ်ကြွပ်ရွရွ ပေါပေါသောသော
အမျိုးမျိုးတွေး အမျိုးမျိုးပြော
လန်းလန်းဆန်းဆန်း ဝေဝေဆာဆာ
ခိုးခိုးတွေ့ ခိုးခိုးချစ်
မင်းလဲ လုံပါစေ ငါလဲ လုံပါစေ
ရိုးရိုးကျင့် မြင့်မြင့်ကြံဆို
မြင့်မြင့်ဆိုတာ ဘယ်သူလဲမေးပါ
မင်းလက်လေးများဟာ ငါကိုင်လို့ထားမှာ
ဒီအချိန်ဟာ တို့နှစ်ယောက်ရဲ့ သီးသန့်အချိန်ပါ
မင်းလက်တို့ မြဲပါစေ တစက္ကန့်မှ မခွဲချင်
သူသူငါငါ ပြောကြလဲပဲ ဂရုမစိုက်နိုင်ပါ
အိုး ငါစိတ်ညစ်လိုက်တာ ဒီဘက်လေး လှည့်ချိန်မှာ
မင်းမရှိတော့ပါလား..
တုန်တုန်ရီရီ ဆုံးဖြတ်ချက်တွေ တဇွတ်ထိုး မချခင်မှာ
ရှုးသွားပေါက်တာပါ
အိုး ငါစိတ်ညစ်လိုက်တာ ဟိုဘက်လေး ကြည့်ချိန်မှာ
မင်းက ပျောက်ကာသွား
နာရီတွေကို ခေါက်တုံ့ခေါက်ပြန် အကြိမ်ကြိမ် ကြည့်လိုက်ချိန်မှာ
လေးမိနစ်ရှိပြီကွာ
Junction Square,Junction City
Junction Zawana,Junction Mawtin
လမ်းသင့်တဲ့ Junction ဆိုရင်
ဝင်သာဝင်လှည့် ရင်ပူနေပြီ
ပန်းခင်းတဲ့ လမ်းလေးတွေဟာ
မင်းနဲ့ငါနဲ့ဆုံတဲ့ နေရာပဲ
အရမ်းချစ်လို့ မလွှတ်နိုင်တော့ဘူး
နှစ်ယောက်စလုံး လက်မှာ ချွေးတွေချည်းပဲ
လက်ကိုတား Taxi ငှား
အဲကွန်းမဖွင့်ရင် မစီးချင်ဘူး
ချွေးတွေထွက် အသက်ရှူကြပ်
မင်းစိတ်ညစ်တာ မကြည့်ချင်ဘူး
လေညှင်းခံ လမ်းလျှောက်ထွက်
ကန်ဘောင်ပေါ်မှာ သူနဲ့ဟေ့
သိပ်ချစ်လွန်းလို့ ဖူးဖူးမှုတ်ဆို
ဖူးဖူးဆိုတာ ဘယ်သူလဲမေးပါ..
မင်းပါးလေးထက်မှာ အနီရောင် သမ်းလို့လာ
အညိုရောင်တွေပါ ပြောင်းသွားတဲ့ထိ နမ်းပစ်ချင်တာ
မင်းလက်တို့ မြဲပါစေ တစက္ကန့်မှ မခွဲချင်
သူသူငါငါ ပြောကြလဲပဲ ဂရုမစိုက်နိုင်ပါ
အိုး ငါစိတ်ညစ်လိုက်တာ ဒီဘက်လေး လှည့်ချိန်မှာ
မင်းမရှိတော့ပါလား..
တုန်တုန်ရီရီ ဆုံးဖြတ်ချက်တွေ တဇွတ်ထိုး မချခင်မှာ
ရှုးသွားပေါက်တာပါ
အိုး ငါစိတ်ညစ်လိုက်တာ ဟိုဘက်လေး ကြည့်ချိန်မှာ..
မင်းက ပျောက်ကာသွား...
နာရီတွေကို ခေါက်တုံ့ခေါက်ပြန် အကြိမ်ကြိမ် ကြည့်လိုက်ချိန်မှာ
လေးမိနစ်ရှိပြီကွာ...