Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
ဟိုး... အဝေးမှာလဲ ဘယ်ကောင်မှ "မ"အနား အကပ်ခံနဲ့
လောကကြီးမှာလေ ဘယ်သူမှ ကျွန်တော်လောက် "မ" အပေါ် ဘယ်လိုမှ မကောင်းနိုင်
အထိန်းအကွပ် မဲ့နေတဲ့ ကျွန်တော်က "မ"အတွက် ကစားစရာပဲ
"မ"အကြိုက် ခိုင်းစေပါ ဒါပေမဲ့ ကျွန်တော်တော့ ပစ်လို့ မသွားနဲ့ "မ" ရယ်
"မ" အဝေးကို ပြေးလို့ ထွက်သွားသလား အတွေးမှာ ဆွေးကာ မပြတ်သားပါ
အဆွေး ကမ္ဘာလေးမှာ ချန်ကာ ထားခဲ့ မေ့မရသေးပါ ဒါဏ်ရာများ
ကလေးလို ဘေးကို ဖယ်ထားသလား တွေးငို ရေးဆို စာသားများ
အဝေးက ပြေးကာ ပြန်လာပါ နင့်ကို ပြေးကြို ချင်လို့ပါ
ကျွန်တော့်ရဲ့ ဘဝက စုတ်ပြတ်တယ်
ဘယ်သူနဲ့ယှဉ်ယှဉ် ကျွန်တော်က အရှုံးဘက်ပဲ
လုပ်ရက်တဲ့ "မ" ကို ဘယ်လိုမှ မမုန်းရက်ခဲ့
ကိုယ်ချင်းလည်း စာကြည့်ပေးပါ ထူးခန့်ဆိုတဲ့ ကျုပ်ဘက်လည်း
"မ" စိတ်ညစ်တိုင်း ကျွန်တော့် အနားလာခဲ့
ကျွန်တော့်ရဲ့ရင်ခွင် "မ"တစ်ယောက် အတွက်တော့ နွေးထွေးတယ်
တွေးသေးလည်း အိပ်မက်ကလေးတွေ ရေးတေးတေးနဲ့
မောင့်ကို သနားရင်လေ မောင်မရှိနိုင်မယ့် အဝေးမပြေးနဲ့
"မ" အဝေးကို ပြေးလို့ ထွက်သွားသလား အတွေးမှာ ဆွေးကာ မပြတ်သားပါ
အဆွေး ကမ္ဘာလေးမှာ ချန်ကာ ထားခဲ့ မေ့မရသေးပါ ဒါဏ်ရာများ
ကလေးလို ဘေးကို ဖယ်ထားသလား တွေးငို ရေးဆို စာသားများ
အဝေးက ပြေးကာ ပြန်လာပါ နင့်ကို ပြေးကြို ချင်လို့ပါ
သူ့ဘက်က ပြောင်းလဲချင် နေသလား အဲ့ဒီအကြောင်းပဲ ခေါင်းထဲဝင်နေတာ
ဖုန်းထဲမှာ "မ" အသံမကြားရ နားဝမှာ မဟောင်းတဲ့ ဆင်ခြေများ
ခယကာ တောင်းတဲ့ အရင် အနေအထား
"မ"ကသာ အကြောင်းမဲ့ အပြစ်တွေရှာ
ထားသွားမလား ကြောက်တယ် စကားများ လာမဖောင်းနဲ့ အကျင့်တွေပါ
ငါ့ဘဝမှာ မပြောင်းလဲ တစ်နေရာ
ထားတာမှ တစ်ယောက်တည်း အချစ်တွေက
အနားနားက ပျောက်ခဲ့ လွင့်နေသလား
တခြားမှာ သွားရောက်လည်း ဖြစ်နေမှာ
ညည တစ်ယောက်ထဲ ညစ်နေတာ အားမပါ ပေါက်ကွဲခြင်းတွေများ
"မ"ကရှောင်လွှဲ ဖြစ်စေသလား သနားပါ တစ်ခေါက်ပဲ ဖြစ်ပါစေဗျာ
နားတွေ ရှင်းမသွား "မ"ရဲ့ သတင်းစကား ကြားခဲ့ခြင်းက အမှားပဲ ဖြစ်ပါစေ
ဘဝနဲ့ရင်းကာ ထားခဲ့ချင်တာ "မ"ရဲ့အချစ်က ငါ့အတွက် ဖြစ်ပါစေ
"မ" ရဲ့ မေတ္တာ ထားတဲ့သစ္စာ ဘဝနဲ့ အချစ်က ငါ့အတွက် ဖြစ်ပါစေ
မ နဲ့အပြင်မှာ သွားတဲ့တခြားငနဲ့ ကြားတဲ့သတင်းက အမှားပဲဖြစ်ပါစေ
နှလုံးသားက ကျတဲ့သွေးများ မှင်အဖြစ် ပြောင်းလဲစေ
ရင်ထဲက ထွက်သော စာသား သီချင်းအဖြစ် ပြောင်းလဲစေ
ကျခဲ့တဲ့ မျက်ရည်စတို့ လွင့်စင် ပျောက်တဲ့နေ့
"မ"သာ အနားမှာရှိရင် နောက်တစ်ကြိမ် ချစ်ခွင့် တောင်းမယ် တွေး