Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
ဒီကမ္ဘာကြီးမှာ မင်းနဲ့ ဝေးရရင်.. ဒီကမ္ဘာကြီးမှာ အခုငါ အသက်မရှိချင်..
ပင်လယ်ကြီးသာ ခမ်းရင် ခမ်းသွားပါစေ..
ဒီလူသား ရင်ထဲမှာ မင်းအပေါ် အချစ်တွေ မခြောက်ခမ်း ဘူးလေ
ပြန် တမ်းတလိုက် မင်းကို လွမ်းမောလိုက် ငါ သတိတွေ ပိုရလာ
တန်းဖိုးရှိတဲ့ နေ့တွေ အဆုံးသတ်တော့ မှာလား...
ဝေးရမယ် ဆိုတာ သေချာသည်...
သိသိလျက်နဲ့ မင်းအနား ရသလောက်တော့ ငါ ကပ်တွယ်ပါ ဦးမည်
ဝေးရမယ် ဆိုတာ သေချာသည်...
နည်းနည်းလောက် နည်းနည်းလောက်ပေါ့
နှလုံးသားလေးကို မင်းစာနာသင့်သည်.. ဝေး ရ ပြီ...
လမ်းခွဲသွားပြီး ပြန်လာမယ့် ရက်တွေကို ငါ ရေတွက်ထားတယ်
မင်းရှိရင် အသေ ဖက်ထားမယ် မင်းမရှိရင် မနေတတ်သားနဲ့
ကိုယ် သိလိုက်ပါတယ် မင်းဆီက ချစ်ခြင်းမေတ္တာ ရွှေထပ် ရှားတယ်
ကြည့်စမ်းပါဦး ဥဩတွေ တွန်နေပါပြီ နွေရက်များထဲ
အဝါရောင်ဥတု ရောက်ပြီ အချစ် မင်းကြိုက်တဲ့ ပိတောက်ပန်းတွေ သီ
နွေညတွေ တစ်ယောက်တည်း ဖြတ်သန်းတော့ ခင့်ကိုပါ မောင်လွမ်းနေပြီ
မင်းကြိုက်တဲ့ တောင်တန်းတွေဆီ ခရီးတွေထွက်မယ် စောက်ရမ်းတွေ ခွီ
ကိုယ့် ကမ္ဘာဟာ အမှောင်ကြမ်း နေပြီးတောင် မင်းနာမည် ယောင်ရမ်းဖြေမိ
မေ့ဖျောက်ဖို့ ခက်တယ် မင်းရဲ့ အကြည့် တစ်ချက်မှာ ရူးတယ်
စိတ်ငြိမ်အောင် တရားထိုင် ဝိပဿနာရှု့လဲ
သတိကပ် မလာဘူး ကြာလာရင် ဒီ့ထပ်ငါ ရူးမယ်
ရင်ခုန်သံ စည်းချက်က မတူ မနီးစပ်ပါ ဘူးကွယ်
အချစ်ရေ မင်းနေတဲ့ မြို့မှာ ပန်းတွေ ပွင့်ပြီလား
ကိုယ်နေတဲ့ မြို့မှာတော့ အရက်သမားရဲ့ အလွမ်းတွေ စစ်ချီလာ
မင်းမရှိတဲ့ နေ့ကစလို့ ကိုယ့် ဘေးနား တစ်ယောက်လို နေတာ
ကမ္ဘာကြီး ကျဉ်းကျဉ်းလေး ဆိုတာ တကယ်တမ်း စောက်ပိုတွေပါ
ဝေးရမယ် ဆိုတာ သေချာသည်...
သိသိလျက်နဲ့ မင်းအနား ရသလောက်တော့ ငါ ကပ်တွယ်ပါ ဦးမည်
ဝေးရမယ် ဆိုတာ သေချာသည်...
နည်းနည်းလောက် နည်းနည်းလောက်ပေါ့
နှလုံးသားလေးကို မင်းစာနာသင့်သည်.. ဝေး ရ ပြီ...
ကိုယ်ဟာ တယုတယ ကြင်နာစွာ မင်းကို မြတ်နိုး နေမှာလေ
မင်း စိတ်ဆိုးပြေမယ့် ရက်တွေကို ငါ လက်ချိုး ရေကာနေ
မင်းဟာ ငါ့ရဲ့ ပျော်ရွှင်မှုလေး ဒါကြောင့် သက်ဆိုး ရှည်ပါစေ
နေ့တိုင်း ဆုတောင်းမေတ္တာ ပို့ပါတယ်ဗျာ ကပ်ဆိုးတွေပါ ဝေး
အချစ်ရေ အရင်လို ဆူးလေနားမှာ မင်းနဲ့ ခိုစာလေးတွေ ကျွေးမယ်
တစ်ခါတလေ အချစ်ကြောင်း လွမ်းတဲ့ နေ့ဆို ကိုယ် ကဗျာလေးတွေ ရေးတယ်
မင်းနဲ့ မြောက်ဝင်ရိုးစွန်း သွားပြီး ပိုလာလေးတွေ မွေးမယ်
ဒါတွေဟာ အိပ်မက်ပါ ကိုယ့် ကမ္ဘာလေးရေ ဝေးတယ်
ငါ့အပေါ် အကောင်း မမြင်လဲ အေးဆေးပဲ ငါ သည်းခံရင်း တစ်ယောက်တည်း
အတိတ်ကို လွမ်းတဲ့ နေ့ဆို ကျကျ သွားတယ် အထီးကျန်ခြင်း ချောက်ထဲ
လွမ်းရတဲ့ အချိန်တွေဆို ငါ စိုင်းထီးဆိုင် သီချင်းများ ဟ
အသည်းကွဲ နေပါတယ် ဆိုမှ ဘလိုင်းကြီး ထိုင်ဖွင့်ကြ
ကလေးလေးကို အရေးပေးပြီး ရင်ဝယ်ထဲမှာ ထားတာ
တစ်ဘဝ လုံးစာ ရည်ရွယ်ပြီး ခင်တွယ်ခဲ့တာ အားနာ
ကိုယ်ဟာ ငါးစာလေးနား ဝဲပြီးတော့ ကျင်လည်ခဲ့တာ မှားတာ
မင်းဟာ ငါးမြှားချိတ် ကိုယ်ဟာ ပင်လယ်ထဲက ငါးပါ
ဝေးရမယ် ဆိုတာ သေချာသည်...
သိသိလျက်နဲ့ မင်းအနား ရသလောက်တော့ ငါ ကပ်တွယ်ပါ ဦးမည်
ဝေးရမယ် ဆိုတာ သေချာသည်...
နည်းနည်းလောက် နည်းနည်းလောက်ပေါ့
နှလုံးသားလေးကို မင်းစာနာသင့်သည်.. ဝေး ရ ပြီ...