Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
ငယ်စဉ်တုန်းကလို အပူပင်မရှိတဲ့ ဘ၀ကို အခုပြန် ယူချင်မိ တစ်ယောက်နဲ့ တစ်ယောက်က စနောက်ရင်းနဲ့ ကျောင်းဆင်းချိန်ကနေ ကျုရှင်ထိ
မနာလိုခြင်းမရှိပါ ဖြူစင်ပြီး ကလေးဘ၀ အရွယ်ကတည်းကနေ အတူခင်သည့် ကျူရှင်ကအပြန်မှာ ဘော်ဒါတသိုက်နဲ့ ရုပ်ရှင်ရုံထဲကို အတူဝင်ကြည့်
တစ်ယောက်ရဲ့ အကြောင်းကို တစ်ယောက် နားလည် Game ဆိုင်ကို သွားတယ် ပေါက်ကြားမယ်
ကျောင်းတွေလည်း လစ်ပြီးတော့ လျှောက်သွားခဲ့ ဆေးလိပ်တွေ ခိုးသောက်မယ် အနောက်ကြားထဲ
ဟျောင့် လျှောက်မပွားနဲ့ အတန်းပိုင် ဆရာမ မင်းကိုမိလို့ ခေါက်သွားလည်း ကိုယ်လုပ်တာ ကိုယ်ခံရမှာ ဟျောင့် ပြုံးထားစမ်းပါ ယောင်္ကျားပဲ
မုန့်စားကျောင်း ဆင်းချိန်မှာ crush လေးအား လှေခါးမှာစောင့်ပြီးတော့ လက်လေးတား
စာတော်ပြီး အရမ်းချေတယ် မျက်နှာဘေးက လိုက်ထုရင် သားကြီးရေ ထွက်ပြေးကြ
အကွက်လေးချ Guideline ပေါ်မှာ စာထွက်ရေးတဲ့ အချိန်တွေဆို လက်ရေးမလှ
Bio ဆရာမက ဒေါသထွက်ရင် တစ်ကျောင်းလုံးကို ငါတို့ပဲ ပတ်ပြေးရတယ်
ငါ့စားခွက် လာပြီးတော့ မင်းမထိနဲ့ မျက်စောင်းလေး ထိုးပြီးတောင်မင်းမကြည့်နဲ့
ငါတို့တွေ အဲ့လောက်ထိ ရင်းနှီးခဲ့ ငါ့အိမ်မှာ အဆင်မပြေတာ မင်းသိတယ်
အရင်းအနှီးလည်း ငါရှာမပေးနိုင်ခဲ့ မိသားစု အတွက်တော့ အပျင်းကြီးခဲ့
Aww ကျောင်းစာတွေ လုပ်မယ့်အစား ခုံကိုခေါက်ပြီး သီချင်းညည်းတယ်
ငါအဆင်မပြေ တော့တဲ့ အခိုက်မှာ လူတွေ ငါ့အနားက ထွက်ခွါ ငါရှိတဲ့ အခိုက်မှာ လူတွေ ငါ့အနားနား ဝိုင်းလာ
ဘ၀ဟာ မိတ်ဆွေ အစစ်တွေ ရှားတယ် ငါ့မှာ ဂျင်းအခါခါမိခဲ့ ယုံကြည်ထားသူ တချို့ရဲ့ ထိုးတဲ့ ဓားဟာ ကျောမှာ ပိုနက်တယ်
ငါရှိတဲ့အခိုက်မှာ { ဒီလူတွေ လူတွေက } ငါအဆင်မပြေတော့တဲ့ အခိုက်မှာ { ဒီလူတွေ လူတွေက }
ဘ၀ဟာ မိတ်ဆွေ အစစ်တွေ ရှားတယ် ငါ့မှာ ဂျင်းအခါခါမိခဲ့ ယုံကြည်ထားသူ တချို့ရဲ့ ထိုးတဲ့ ဓားဟာ ကျောမှာ ပိုနက်တယ်
မင်းတို့တွေ တက္ကသိုလ်တက်တဲ့ အချိန်မှာ ငါက Rap ကိုစပ် ငါ့အိမ်မှာ အကြွေးတွေ ပိနေပြီ အဲ့တော့ အလုပ်လုပ်ဖို့အတွက် မနက်ဆိုထွက်
သံသရာက ဒလက်လိုပတ် ငါ့ကိုတွေ့တော့ အခွက်ကိုဖြတ် မသိချင်ယောင် ဆောင်တယ် မင်းတို့ကွာ နှုတ်ဆက်မိလိုက်တယ် လက်ကိုဖွက်
လဲကျချိန် မင်းရဲ့ဘက်က ရပ်မယ့် မိတ်ဆွေ ရွှေထက်ရှားတယ် တချို့တွေကျ ဖေးမသလိုနဲ့ မင်းရဲ့စိတ်ကို အသေသတ်သွားမယ်
အသုံးလိုတဲ့ အချိန်မှာ မင်းကို ဘော်ဒါ ဆိုပြီးတော့ အသေကပ် ဖားလည်း ကမ္ဘာမီးလောင် သားကောင် ချနင်းတဲ့ ကောင်တွေက အရေအတွက် များတယ်
စိတ်ဓာတ်တွေ ပျက်သုဉ်းသွား လူရင်းက ထိုးခဲ့ဝာာ အနက်ဆုံးဓား ပျက်လုံး စကားတွေနဲ့ ယုံကြည်မှုတွေကို အသုံးချခဲ့တာ လက်တလုံးခြား
မျက်နှာဖုံးများနဲ့ ကောက်ကြံတက်တဲ့ မိတ်ဆွေမျိုးကို တစ်သက်လုံး မထား ခွင့်လွှတ်ခြင်းက အမြတ်ဆုံးတရား ငါ့လက်မှာ ကိုင်ဆွဲပြီး ဆက်ပြုံးထားတယ်
အခုတော့လည်း ပြောင်းလဲသွား မင်းတို့ လုပ်သမျှကို ခေါင်းထဲမထား ထမင်းချိုင့်လေးဆွဲ အံကိုကြိတ်လို့ လျှောက်လာရင် ခေါင်းထဲက
မခံချင် စိတ်တွေကို စီကာရေးဖွဲ့ ရမယ်ဆိုတဲ့ အကြောင်းပဲများ မတော်တဆ ငါအောင်မြင် သွားခဲ့လည်း ငါတို့က တစ်ကျောင်းထဲသား..
ငါအဆင်မပြေ တော့တဲ့ အခိုက်မှာ လူတွေ ငါ့အနားက ထွက်ခွါ ငါရှိတဲ့ အခိုက်မှာ လူတွေ ငါ့အနားနား ဝိုင်းလာ
ဘ၀ဟာ မိတ်ဆွေ အစစ်တွေ ရှားတယ် ငါ့မှာ ဂျင်းအခါခါမိခဲ့ ယုံကြည်ထားသူ တချို့ရဲ့ ထိုးတဲ့ ဓားဟာ ကျောမှာ ပိုနက်တယ်
ငါရှိတဲ့အခိုက်မှာ { ဒီလူတွေ လူတွေက } ငါအဆင်မပြေတော့တဲ့ အခိုက်မှာ { ဒီလူတွေ လူတွေက }
ဘ၀ဟာ မိတ်ဆွေ အစစ်တွေ ရှားတယ် ငါ့မှာ ဂျင်းအခါခါမိခဲ့ ယုံကြည်ထားသူ တချို့ရဲ့ ထိုးတဲ့ ဓားဟာ ကျောမှာ ပိုနက်တယ်
မိတ်ဆွေအသစ်တွေ မပိုင်ချင်တော့ဘူး Game ဆော့ရင် မပြိုင်ချင်တော့ဘူး
ဘယ်သူ့ကိုမှလည်း မနိုင်ချင်တော့ဘူး တွဲထားတဲ့ လက်တွေကို မကိုင်ချင်တော့ဘူး
အပေါင်းအသင်းတွေ စုပြီးတော့ ဒီလက်ဖက်ရည် ဆိုင်မှာ မထိုင်ချင်တော့ဘူး
ငါလဲ ကျပြီးတော့ အားငယ်ရင်လည်း ဘယ်သူ့ကိုမှငါ မတိုင်ပင်တော့ဘူးး
မိတ်ဆွေဟောင်းတွေ မပိုင်ချင်တော့ဘူး Game ဆော့ရင် မပြိုင်ချင်တော့ဘူး
ဘယ်သူ့ကိုမှလည်း မနိုင်ချင်တော့ဘူး တွဲထားတဲ့ လက်တွေကို မကိုင်ချင်တော့ဘူး
အပေါင်းအသင်းတွေ စုပြီးတော့ ဒီလက်ဖက်ရည် ဆိုင်မှာ မထိုင်ချင်တော့ဘူး
ငါလဲ ကျပြီးတော့ အားငယ်ရင်လည်း ဘယ်သူ့ကိုမှငါ မတိုင်ပင်တော့ဘူးး
ဆုံးမခဲ့တာလည်း မိတ်ဆွေ မင်းကို အသုံးချ ခဲ့တာလည်းမိတ်ဆွေ ပုခုံးပေါ်မှာ လက်တင်ကမ်းတဲ့ ခွက်ကို သောက်လိုက်မိတာ အဆိပ်တွေ
မင်းကို တွန်းချခဲ့တာလည်း မိတ်ဆွေ မင်းကို ဆွဲထူခဲ့တာလည်း မိတ်ဆွေ ရင်ဖွင့်တဲ့ စကားသံတွေကို သတင်းအဖြစ် အတင်းတုပ် ကြတာလည်း မိတ်ဆွေ
မင်းကို တွန်းချခဲ့တာ မိတ်ဆွေ ဆွဲထူ ပေးခဲ့တာ မိတ်ဆွေ ပုခုံးပေါ်မှာ လက်တင် ကမ်းတဲ့ ခွက်ကို သောက်လိုက်မိတော့ အဆိပ်ရေ
မင်းကို ဆုံးမခဲ့တာ မိတ်ဆွေ အသုံးချခဲ့တာ မိတ်ဆွ ၀ဋ်ဆိုတာ မင်းရဲ့ အနောက်ကို တကောက်ကောက် လိုက်နေခဲ့တဲ့ အရိပ်တွေ.....