Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
ဒီမိုးထဲ လက်ချင်းတွဲ ငါမင်းနဲ့ ကစားခဲ့ ဆံပင်တွေလည်း ရေတွေရွှဲ လွမ်းတယ်...
ရင်ခွင်ထဲမှာ ငါ့ကို ဖက်ထားတယ် မိုးစက်တွေလို ... ကာကွယ်ပေးပြီး ငါနဲ့ရင်းနှီး ဝေးပြီ
နင်ထားခဲ့တဲ့ အလွမ်း မိုးရေထဲမှာ မျှော်လင့်ချက် နေ့စွဲ လဲပြိုခဲ့တာ နေဝင်သွားတဲ့ ဒီဘဝမှာ မပျော်နိုင်ဘူး...
ဟိုးအဝေးက မင်းလွမ်းနေတဲ့ အခါ သတိရတယ် မိုးရေထဲမှာ အရင်လိုထီး ဆောင်းကာပေးမလား နင်မရှိဘူး...
မိုးရေထဲမှာ အတူတူသွား အတူတူစားတာ တို့တတွေပဲကွာ သတင်းတွေမှား အချင်းတွေများတာ
ကျိုးကြေခဲ့ရ ဘာဖြစ်လို့များ ဒီလောက်တောင် တအား ကံတွေ ဆိုးနေသလဲကွာ ငါ့ခေါင်းတည့်တည့် ပစ်ချလိုက်ပါတော့
မိုးကြိုးတွေနဲ့သာ အချစ်က ဒါမျိုးတွေပဲလား ငါလဲ ရိုးမနေခဲ့ပါ ကိုယ် ကျိုးတွေနဲလာ
နောက်ပြီးတော့ အငြိုးတွေနဲ့ကွာ လိုက်ပြီးတော့ မိုးတွေပဲရွာ မိုးတွေရွှဲတာ ဂရုမစိုက်ဘဲ ဒိုးနေဆဲပါ
ဘာမှမထူးခြား အကျိုးတွေနည်းရ ရောဂါတွေပဲ ဆက်တိုက် ပိုတိုးနေခဲ့တာ
အေးခဲ ထုံကျင်နေပြီ ငါ့ရဲ့အရိုးတွေထဲက
ငါတစ်ယောက်ထဲပဲ အဲဒီ နင်ပြောတဲ့ မိုးရေထဲမှာ မိုးရေထဲမှာ မိုး မိုး မိုး မိုးရေထဲမှာ
နင်ထားခဲ့တဲ့ အလွမ်း မိုးရေထဲမှာ မျှော်လင့်ချက် နေ့စွဲ လဲပြိုခဲ့တာ နေဝင်သွားတဲ့ ဒီဘဝမှာ မပျော်နိုင်ဘူး...
ဟိုးအဝေးက မင်းလွမ်းနေတဲ့ အခါ သတိရတယ် မိုးရေထဲမှာ အရင်လိုထီး ဆောင်းကာပေးမလား နင်မရှိဘူး...
လက်ပြလို့ နှုတ်ဆက်သော အခါ မျက်နှာညို လျှပ်စီးတွေ တဖျတ်ဖျတ်ကြား ရင်ကိုစုံကန် ထွက်ခွာလို့
အချစ်တွေက ထာဝရ တစ်သက်မကဆို သံယောဇဉ် ဖြတ်မရလို့ ၂၀၁၃ July လက နင်ထားခဲ့တဲ့ အမှတ်တရမိုး
ပေးခဲ့တဲ့အမုန်းက နွံအိုင်ထဲမှာလို ရုန်းမရ နင်ပြုစားလိုက်သော ရင်ဘတ်ထဲက ကျိန်စာသင့်ခဲ့ နှလုံးသား
တစ်ချိန်က မင်းရဲ့ အပြုံးများ မပိုင်တော့လို့ ငါရှူံးသွား လူလည်ကြီးလို့ မင်းပြောနေလည်း တကယ်တော့ ငါကငတုံးပါ
မိုးရာသီမှာ အရင်တုန်းကဆို အတူတူ ကော်ဖီသောက်တယ်
မိုးရာသီဆို လမ်းပေါ်ထွက်လို့ ငါတို့ပျော်ပြီး လျှောက်လည်
မိုးသည်းတဲ့ အခါ ကားပေါ်မှာပဲ အချစ်တွေ အတော် ခရီးရောက်ခဲ့ ဒီမိုးတွင်းကြီးပဲ ရုတ်တရက် နင်ငါ့ကိုလျှော်ပြီး ခေါက်တယ်
မိုးတွေသဲသဲ ကောင်းကင်မဲမဲ မင်းကိုလွမ်းဆဲ မုန်တိုင်းတွေကြမ်းလဲ အရင်လိုနင် ဖက်ပေးထားရင် ငါအားရှိတယ်...
မိုးရေတဖွဲဖွဲ မင်းပျောက်သွားခဲ့ အခုအချိန်လောက်ထိ ဘယ်ရောက်နေလဲဟေ့ မိုးများခြိမ်းရင် ငါကြောက်လို့
နင်ထားခဲ့တဲ့ အလွမ်း မိုးရေထဲမှာ မျှော်လင့်ချက် နေ့စွဲ လဲပြိုခဲ့တာ နေဝင်သွားတဲ့ ဒီဘဝမှာ မပျော်နိုင်ဘူး...
ဟိုးအဝေးက မင်းလွမ်းနေတဲ့ အခါ သတိရတယ် မိုးရေထဲမှာ အရင်လိုထီး ဆောင်းကာပေးမလား နင်မရှိဘူး...
အစဉ်အမြဲ ခေါင်းပေါ်မှာ ရွာသွန်းဖြိုး လေထဲလဲ တိုက်အိမ်တွေဆောက်ခဲ့လို့
ဇာတ်သိမ်းခန်း တစ်ခုကို စာတန်းထိုး အိုနိုး ကံမကောင်းတဲ့ ထစ်ချုန်းမိုး
အစဉ်အမြဲ ခေါင်းပေါ်မှာ ရွာသွန်းဖြို လေထဲလဲ တိုက်အိမ်တွေဆောက်ခဲ့လို့