Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
ငါ့နှလုံးသားလေး လောင်ကျွမ်းလို့
မျက်နှာရူးလို့ နင်ခေါ်လည်း ဘာ..မှမထူး..
ပြဇတ် တစ်ပုဒ် မဟုတ်ဘူး
ကံကြီးထိုက်လိမ့်မယ် ကလေးငယ်
ပေကပ်ကပ်နဲ့ မျက်စောင်း လေး..ကထိုး..
စကားတွေ ပြောတိုင်း...
အချစ်စစ်တခုကို ရှာဖွေရင်းနဲ့ မင်းကိုတွေ့
အပိုများ မပြောတဲ့ ငါ့ရဲ့စကားကို ယုံပေးပါ
မင်းရဲ့ဘေးက ကောင်တွေ ဝိုင်းကြီး ပတ်နေလို့
ဒါတွေ မင်းတကယ် သိဖို့ကောင်းပြီ Baby စောဒက တက်လို့ရူး
ငါမခံနိုင် လောက်အောင်ရူး...
သင်္ချာတွေ တွက်သလိုမူး...
ဒီရေဆီ ရေလှိုင်းလေးထဲ မျော..ရင်းမော..
တိမ်ဆိုင်တွေ မော့ကြည့်ရင်း...
ဝန်ခံတယ် မင်းတစ်ယောက်ပဲ...
ဒီလို စောင့်လို့ ရခဲ့တဲ့ နေ့များ
ဘာလို့ အခုထိ အသိမှတ် မပြုပါလဲ.....
ခြောက်သွေ့တဲ့ အသဲနှလုံးဟာ နင်နေလှန်းလို့
အဝေးက မျှော်ကြည့်နေရင်း
မြတ်နိုးခွင့်လေးတောင် ရမနေတာဆိုး...
အတိတ်မေ့သွားတဲ့ လူတစ်ယောက်ဆို
မင်းနဲ့ အမှတ်တရတွေ ကျန်သေးလို့
အဲ့လို သိသလို မသိသလိုမျိုး
မလုပ်နဲ့ ကိုယ့်ရင်ထဲ ပိုခံရလို့
သံယောဇဉ်ကြိုးတွေ ရစ်နှောင်နေပြီး
အနေအထားက ကောင်းကင်နဲ့ အို မြေကြီး
ပုံသေနည်း ပျောက်သွားသလို ငါ့မှာ အဖြေမရှိတဲ့
ပုံစံတစ်ခုလို ဖြေရှင်းဖို့ ခက်လို့နေပြီ..
ချစ်မိလို့ ရူးသွား ဒီလို မိန်းကလေးတစ်ယောက်ကို ခုံမင်ဖူးသမျှ
မထုံတက်တေး အပြုအမူလေးတွေနဲ့ ပြုစား
ချာချာလည်နေပြီ ငါ့ရဲ့ခေါင်းထဲ ပိုမူးသွား
ငါမခံနိုင် လောက်အောင်ရူး...
သင်္ချာတွေ တွက်သလိုမူး...
ဒီရေဆီ ရေလှိုင်းလေးထဲ မျော..ရင်းမော..
တိမ်ဆိုင်တွေ မော့ကြည့်ရင်း...
ဝန်ခံတယ် မင်းတစ်ယောက်ပဲ...
ဒီလို စောင့်လို့ ရခဲ့တဲ့ နေ့များ
ဘာလို့ အခုထိ အသိမှတ်
မခံနိုင် လောက်အောင်ရူး...
သင်္ချာတွေ တွက်သလိုမူး...
ဒီရေဆီ ရေလှိုင်းလေးထဲ မျော..ရင်းမော..
တိမ်ဆိုင်တွေ မော့ကြည့်ရင်း...
ဝန်ခံတယ် မင်းတစ်ယောက်ပဲ...
ဒီလို စောင့်လို့ ရခဲ့တဲ့ နေ့များ
ဘာလို့ အခုထိ အသိမှတ် မပြုပါလဲ.....