Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
𝅘𝅥𝅮
လူတွေ ဖြတ်လျှောက်သွားတဲ့
လမ်းရဲ့တစ်နေရာ အချိုးအကွေ့လေးမှာ
ကိုယ့်အတွေးတွေဟာ
ပိန်းပိတ်အောင် မှောင်နေပါတယ် ကူရာကယ်ရာမဲ့
မာနတွေ အောက်ချလို့ ငါလက်ဝါး ဖြန့်ထားပါတယ်
ဥပေက္ခာတွေ လာမစွန့်ကြဲလိုက်ပါနဲ့
ညနေခင်း လေညှင်းတွေ တိုက်တုန်းမှာ
တစ်ယောက်ထဲ မျက်နှာငယ်
𝅘𝅥𝅮
တတ်နိုင်သလောက် ငါနားလည်မှုတွေ ပုခုံးပေါ်ထမ်းခဲ့လဲ
တစ်ခေါက်တစ်ခါ ရှိခဲ့ဖူးတဲ့ အမှားကို
ထောက်ပြပီး အခွင့်အရေးဟာ
နောက်တစ်ခါ မရှိတော့ဘူးတဲ့လား
ဒါကြုံနေရတဲ့ ဘဝပါ
အိမ်မှာ ပြန်ပြောပြတဲ့အခါ
အဆင်ပြေတယ်ပဲ ကြားချင်စေတဲ့ အခါ
မျိုသိပ်လိုက်ရတဲ့ သောကဝေဒနာများ
𝅘𝅥𝅮𝅘𝅥𝅮
မင်းလဲ ငါ့လိုပါပဲကွာ တစ်ရံတစ်ခါတော့ မှား
တစ်စုံတစ်ရာ မထိခိုက်ခဲ့ရင်
ခွင့်လွှတ်ပေးလို့ မရဘူးလား
ဟားတိုက်လို့ လှောင်ရယ်ပြီး
စွန့်ပယ်တာ ဖြစ်သင့်လား
အခွင့်အရေးလေး တစ်ခုတော့ ရှိသင့်ပါတယ်ကွာ
𝅘𝅥𝅮
အတောင်မစုံပဲ ငါပျံသန်းခဲ့မိခြင်းလား
မရေရာပါဘူး ကောင်းကင်ကြီးရယ်
ရင်ဆိုင်ရမဲ့အရာတွေ အားလုံးကိုငါ
ကြောက်နေတုန်းပဲ
အဲ့ဒီစိတ်တွေနဲ့ တစ်ခါတစ်လေ
ငါမမှားလည်း တောင်းပန်ဖြစ်ခဲ့တယ်
အထင်သေးတဲ့ မျက်လုံးများ အလယ် ငါတန်ဖိုးကျခဲ့
𝅘𝅥𝅮
အရမ်းပဲ မွန်းကြပ်နေခဲ့ပြီ အဆုံးသတ်ရမဲ့ လမ်းကမရှိ
အကောင်းမြင်တတ်တဲ့ စိတ်နဲ့ ပေးဆပ်လေသမျှ
ရင်ဘတ်ထဲက ဒဏ်ရာများ
ခံစားမိလား ငါဘယ်လို ကောင်းခဲ့တာ
အမှားတစ်ခုကို အပြစ်တင်နေမဲ့ အစား
ပြန်ကြိုးစားခွင့်ပေးပါ
𝅘𝅥𝅮𝅘𝅥𝅮
မင်းလဲ ငါ့လိုပါပဲကွာ တစ်ရံတစ်ခါတော့ မှား
တစ်စုံတစ်ရာ မထိခိုက်ခဲ့ရင်
ခွင့်လွှတ်ပေးလို့ မရဘူးလား
ဟားတိုက်လို့ လှောင်ရယ်ပြီး
စွန့်ပယ်တာ ဖြစ်သင့်လား
အခွင့်အရေးလေး တစ်ခုတော့ ရှိသင့်ပါတယ်ကွာ
𝅘𝅥𝅮𝅘𝅥𝅮
မင်းလဲ ငါ့လိုပါပဲကွာ တစ်ရံတစ်ခါတော့ မှား
တစ်စုံတစ်ရာ မထိခိုက်ခဲ့ရင်
ခွင့်လွှတ်ပေးလို့ မရဘူးလား
ဟားတိုက်လို့ လှောင်ရယ်ပြီး
စွန့်ပယ်တာ ဖြစ်သင့်လား
အခွင့်အရေးလေး တစ်ခုတော့ရှိလို့ နေသင့်တာ