Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
𝅘𝅥𝅮
ဟိုအရင်လို ဆူးလေဘက်မှာ ကားတွေ ပြန်ကျပ်တော့
ရွှေအိုရောင် ညနေခင်းဟာ သစ်ပင်ပန်းမန်များပေါ် ခိုတွဲဆော့
ငါ့အိပ်ကပ်ထဲမှာ လက်ကျန်ငွေ နည်းနည်းလောက်နဲ့ ဘီယာဆိုင်များစွာ ရှိတဲ့ လမ်းပေါ်
မြို့ပြရဲ့ ပလက်ဖောင်းတွေ ငါ့ရဲ့သူငယ်ချင်းတွေ မေ့မရနိုင်တဲ့ သီချင်းဟောင်းတွေ ညည်းရင်းလေ
မကြာခင်မှာ ရယ်သံတွေ ဆိတ်သုဉ်းခဲ့ပြီဆို ကျည်းမြောင်းတဲ့ အခန်းငယ်လေးဟာ အမှောင်ဖုံးလို့
𝅘𝅥𝅮𝅘𝅥𝅮
ပြန်ဆုံမယ် ရန်ကုန်ညများထဲ ပြန်ဆုံချင်တယ် ရန်ကုန်ညများရယ်
ရန်ကုန်မြို့ထဲ ပျောက်ဆုံးခဲ့တာ ရန်ကုန်ညများပဲ တစ်နေရာစီ ဝေးလည်း မမေ့ပါနဲ့
အဖော်မဲ့ ငိုညည်းသံတွေ လေထုထဲ လွင့်ပျံနေ ပြန်ဆုံကြမဲ့ နေ့တို့ မျှော်ရင်း
ပြန်ဆုံမယ် ရန်ကုန်ညများထဲ ပေါ့ပါး လွတ်လပ်တဲ့ အပြုံးတွေနဲ့..
𝅘𝅥𝅮
ပူလောင်တဲ့ လောကဓံကြားမှာ မာန်တင်းခဲ့ရချိန်ဆို သိင်္ဂုတ္တရ ကုန်းတော်ဝယ် ဆည်းလည်းသံချို
လူတန်းစားမျိုးစုံ အပန်းဖြေဖို့ ကမ်းလင့်ပြီးကြုံ မေတ္တာတရားတွေ ခြုံလွှမ်းလို့
စည်ကားခဲ့ဖူးတဲ့ ခြိမ့်ခြိမ့်သည်း ပွဲဈေးတန်းတွေထဲ ကြင်နာသူ မင်းရဲ့လက်ကိုတွဲ
ပွင့်လင်း ရာသီဝင် သက္ကရာဇ်များရယ် ပျော်ခဲ့ဖူးတဲ့ နှစ်တွေမနည်း
𝅘𝅥𝅮
စာစီကာ လွမ်းရသမျှကို ပြောပြဖို့ စုထားမယ် ဥရောပနဲ့ မလဲနိုင်ခဲ့
ဟောင်းနွမ်းတဲ့ မြို့ကြီးက စောင့်နေပါသေးတယ် နာကျင်မှု ကိုယ်စီ ထွေးပိုက်ရင်းနဲ့