Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
ရေစက်ရှိလို့ ကြုံဆုံခွင့်ရတယ်လူ့ဘဝလမ်းထက်မှာ
ငါနဲ့ပတ်သတ်သမျှ လူတွေအကုန်လုံး
အဆင်ပြေစေဖို့နှလုံးသွင်းထားပြီ
အကြွေးရှိလို့ ပြန်ပေးရတယ်ဒုက္ခတို့အဖုံဖုံ
ဪဝင်လာသမျှအကုန်ခါးစည်းခံရင်း
ဥပေက္ခာပြုထားဖို့စိတ်ကူးအသွေးအသားထဲမှာ
တစ်စက်မှမပါဘူးအမက်မောဆုံးအရာ
ငါ့ဘေးနားကလူတွေအားလုံးရဲ့အပြုံး
ကဲ ဒီထက်ဘာတတ်နိုင်ဦးမလဲ ရပါတယ် ရေး ရေး
ဝေဒနာတွေအပြည့်နဲ့ လမ်းပေါ်မှာလျှောက်ရင်း
ကဲ ဒီထက်ဘာဖြစ်စေချင်သေးလဲ
ငါကိုယ်တိုင်အဆိုးဆုံးအခြေအနေတွေ ရောက်ဖူးထားတော့
ခဏခဏရတဲ့ ဒဏ်ရာကအသေးမွှားလေးပဲ
ဪ အသေးမွှားလေးပဲ
ပိုခံစားတတ်ရင် ပိုရင်ကျိုးရတာလောကရဲ့ဓမ္မတာ
ဘယ်လိုပဲဖြစ်ဖြစ် လိပ်ပြာလုံဖို့ယုံကြည်ရာအသံလွှင့်လို့ထူရင်း
နောင်အကြွေးမရှိဖို့ မေ့ထားရတဲ့အာဃာတတို့အဖုံဖုံ
ဪဒီလောက်နဲ့ပဲ ကြေပါစေတော့
ကဲ ဒီထက်ဘာတတ်နိုင်ဦးမလဲ ရပါတယ် ရေး ရေး
ဝေဒနာတွေအပြည့်နဲ့ လမ်းပေါ်မှာလျှောက်ရင်း
ကဲ ဒီထက်ဘာဖြစ်စေချင်သေးလဲ
ငါကိုယ်တိုင်အဆိုးဆုံးအခြေအနေတွေ ရောက်ဖူးထားတော့
ခဏခဏရတဲ့ ဒဏ်ရာကအသေးမွှားလေးပဲ
Solo 3/4 Timing - :||__ |__ |__ |._ ||:
ဥပေက္ခာပြုထားဖို့စိတ်ကူးအသွေးအသားထဲမှာ
တစ်စက်မှမပါဘူးအမက်မောဆုံးအရာ
ငါ့ဘေးနားကလူတွေအားလုံးရဲ့အပြုံး...
ကဲ ဒီထက်ဘာတတ်နိုင်ဦးမလဲ ရပါတယ် ရေး ရေး
ဝေဒနာတွေအပြည့်နဲ့ လမ်းပေါ်မှာလျှောက်ရင်း
ကဲ ဒီထက်ဘာဖြစ်စေချင်သေးလဲ
ငါကိုယ်တိုင်အဆိုးဆုံးအခြေအနေတွေ ရောက်ဖူးထားတော့
ခဏခဏရတဲ့ ဒဏ်ရာကအသေးမွှားလေးပဲ
မသိတဲ့လူထက် သိတဲ့လူ ဖြေသိမ့်ရခက်သလို
ငါသည်စဉ်းစားဆင်ခြင်နိုင်သည်ဆိုပေမယ့်
မသိတဲ့လူထက် သိတဲ့လူ ဖြေသိမ့်ရခက်သလိုမျိုး
ကြာလာတော့လည်းဘယ်သူကိုငါ ယုံကြည်ကိုးစားရမှာလဲ
End - ရေစက်ရှိလို့ ကြုံဆုံခွင့်ရတယ်လူ့ဘဝလမ်းထက်မှာ
ငါနဲ့ပတ်သတ်သမျှ လူတွေအကုန်လုံး
အဆင်ပြေစေဖို့နှလုံးသွင်းထားနေရင်း...
FINE