Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
ငါ ဒီနေ့ကစ နင့်စိတ်နဲ့ပဲ အသက်ရှူမှာ ငါ့ကို တုတ်တုတ်မှ မလှုပ်နိုင်အောင် နင်ထပ်ပြုစား
ကျုပ်က ဘောပင် ဒါဆို ခင်ဗျားက စက္ကူစ ပကာသနတွေ ချွတ်ပစ်လိုက် GFATT မဟုတ်ဖူး မြတ်သူပါ
ကံတရားကို ကပ်တိုးငါငြိပြီး လာဘ်ထိုးစရာမရှိ ကျုပ်က ခင်ဗျားခြေထောက်နဲ့ မတော်တဲ့ ဖိနပ်မျိုးပါ အမိ
မနက်ကိုးနာရီ အိပ်ရာထတာနဲ့ပဲ အမြတ်တနိုးငါ ကြည့်ဖို့ နင့်ဓါတ်ပုံကို ထပ်ခိုးမှာချည်
ရူးနေပြီပေါ့ ငါ ယဉ်ယဉ်လေးနဲ့ နင်ပြင်ပေးတဲ့ မနက်စာ စားပြီးသွားကြောင်း Facebook ပေါ်တောင် တင်ချင်သေးရဲ့
တစ်ခါတစ်လေ ကြက်တူရွှေးလို ငှက်ကလေး ဖြစ်ချင် ဒါမှ နင့်ကိုချစ်တယ် ပြောပြီးတော့ ငါ Relationship
နောက်ဆို ဘယ်လို အကြောင်းပြချက်နဲ့မှ အိမ်အလည်မလာနဲ့ ဖုန်းလည်းမဆက်နဲ့ မအားလို့တဲ့ လိမ်တယ် ညာတယ်
သူ့သူငယ်ချင်းတွေရှေ့ မောင်းထုတ်ရင် ပိုသိမ်ငယ်ပါရဲ့ တစ်နေ့တစ်နေ့ ကျုပ်မှာ ကံတရားကို ကျိန်တွယ်ကာဆဲ
မင်းလေးကိုပေးမယ် သီချင်းတွေ ဂစ်တာတီးရင်းဆို ငါ့ရာသီထဲ နင့်အပြုံးတွေသာ သီးပွင့်လို့
ဖွင့်မပြောရဲတဲ့ စိတ်နဲ့ ငါ စီးချင်းထိုး ရှက်ဖို့ကောင်းပါတယ် ငါ့မျက်နှာငါ ပြန်လှီးပစ်မလို့ ရို့
ဒီလူသားက အလှဆုံး နှလုံးသား တစ်ခုပေးချင်လို့ပါ ရွှေမင်းသမီးလေးရဲ့ မျက်နှာတော်ညိုးမှာ
သေအောင်ကြောက်လို့ ဖွင့်မပြောရဲခဲ့တာ ရာစုနှစ်များစွာကြာ
ဒီလူသားဘ၀ ချို့ယွင်းချက် အားနည်းချက် အပြည့်အဝနဲ့သာ အဖြူသက်သက် အချစ်ကတော့ သန်းပေါင်းများစွာ
တစ်ဘဝလုံးအတွက် မယိုင်လဲတဲ့ သစ္စာပါဗျာ ဒီသီချင်းနဲ့ သိစေချင်တာ
အချစ်က မင်းအလှပြင် ခုံထက်က မှန်တစ်ခုမဟုတ် ဒါကြောင့် နင်မဲ့ပြလဲ ငါပြန်ပြုံးမယ် ရန်မပြုလို့
နင့်မိဘ နင့်အတွက် အုပ်တံတိုင်းဆို ငါက အဲ့ဒီအုပ်တံတိုင်းပေါ်က သံစူးကြိုး ဘာလို့ ပြောတာလဲ နင်နဲ့ငါ မတန်ဘူးလို့
ဆုပ်ဖြဲလိုက်တဲ့ ပြကတိန် ရွက်ဟောင်းတွေလို အသုံးမဝင်တော့ဘူး ခံစားချက်တွေ တစ်ဖက်စောင်းနေလို့
ပလောင် တောင်တက်နှေးလဲ မစားရဘူး လက်ဘက်ကောင်းတွေကို တွေ့တာနဲ့ ကျုပ်ကို မျက်စောင်းတွေထိုး
ဒါ ဘာ ဖြစ် လို့ပါလဲ အချစ်ဆုံးရာ မင်းကိုလက်ထပ်ဖို့ မုန့်ဖိုးတွေစုမယ် တစ်နှစ်လုံးစာ
အိပ်မက်က လက်တွေ့ မဖြစ်တုန်းမှာ သူရည်းစားရသွားပြီဆိုတော့ မင်းက ဝက်အူလှည့် ငါက မူလီတွေလို အရစ်ပြုံးသွား
ဝမ်းနည်းပက်လက်နဲ့ အခန်းထဲ ကက်ဆက်ထည့် အဆွေး သီချင်းတွေဖွင့် အရမ်းပဲ ရက်စက်တယ်
အတူရှိဖူးတဲ့ ရက်စွဲများ မေ့နေလား နင်ညှပ်ချခဲ့တဲ့ လက်သည်းစလေးတွေ