Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
ကြယ်တွေကြွေတိုင်း ဆုတွေတောင်းမယ်
ဘာဆုတောင်းလဲ မေးရင်ကွယ်
ကြယ်တွေမကြွေဖို့ ဆုတွေတောင်းတယ်
ကိုယ်ဟာ လွမ်းရတဲ့သူ
ဆံပင်ရှည်လာလည်း မညှပ်ပစ်ဘူးကွယ်
ဂျပ်ပစီလိုပဲ လွှင့်နေမယ်
ဘယ်လိုလူလဲ မေးရင်တော့
ကိုယ်ဟာ လွမ်းရတဲ့သူ
ဂျပ်ပစီလိုပဲ ခရီးနှင်ခဲ့ရင်း အချိန်တွေ ကြာမြင့်ခဲ့ပေမယ့်
အလည်လွန်နေတဲ့ ငှက်မလေးကို
နေဝင်ချိန်အထိ စောင့်နေတယ်
ပြန်လာပါတော့ ချစ်သူရယ်
မျှော်တော်ယောင် ဘဝ ကျွတ်ချင်တယ်
ရံဖန်ရံကာ အလွမ်းမျိုး မဟုတ်တော့ ဘယ်လိုလုပ်မလဲ
ဆံပင်ရှည်လာလည်း မညှပ်ပစ်ဘူးကွယ်...
ဂျပ်ပစီလိုပဲ လွှင့်နေမယ်...
အိပ်မက်ဆိုးများထဲက ရုန်းထွက်မရ
အိပ်မက်ဆိုးများထဲက ရုန်းထွက်မရ
ဘယ်လိုလူလဲ မေးရင်တော့ ကိုယ်ဟာ လွမ်းရတဲ့သူ
ကြယ်ကြွေတွေ လိုက်ကောက်ရင်း ကြင်နာသူ ပျောက်ကွယ်
ရင်နာသူ မြှောက်ခဲ့တဲ့ အပေါက်တည့်တည့် အပြင်မှာ
တိတ်တိတ်လေး သနားပေါ့ကွာ အသင်ဟာ လူတစ်ယောက်ပဲ
ဟစ်တလာ အတွက် ဂျူးတစ်ယောက်လို
ရူးသလောက်ကို ရင်မှာဖွဲ့
သူ့တစ်ယေက်ကို သင်ဟာအမြဲ
အလင်္ကာဖွဲ့ ဒူးထောက်လို့ နင်ဟာအမြဲ မကြင်နာခဲ့
မထင်ပါနဲ့ အရူးတစ်ယောက်လို
ညနေကြီးမှာ ပျံထွက်သွားတော့ ကိုင်ဗျာ သိမ့်သိမ့်ခါ
လှိမ့်ပိန့်ပါတဲ့ အလွမ်း အနမ်းများ တိတ်ဆိတ်ကာ
သိပ် စိတ်မနာနိုင်ခဲ့ပါ ယိုင်လဲစရာ အတိတ်နိမိတ်
သန်းခေါင်ယံဆို သိပ်ချမ်း အိပ်ခန်းဆီ လှမ်းလဲ့ချိန်
မကြွေပန်းနွမ်း ဝမ်းနည်းနေ အမှောင်ယံတွေ ဆိပ်ကမ်း
အိပ်တန်းကို ကျိတ်လွမ်းလည်း အတောင်ပံတွေ သိပ်မစွမ်း
ဆံပင်ရှည်လာလည်း မညှပ်ပစ်ဘူးကွယ်...
ဂျပ်ပစီလိုပဲ လွှင့်နေမယ်...
အိပ်မက်ဆိုးများထဲက ရုန်းထွက်မရ
အိပ်မက်ဆိုးများထဲက ရုန်းထွက်မရ
ဘယ်လိုလူလဲ မေးရင်တော့ ကိုယ်ဟာ လွမ်းရတဲ့သူ
ဆံပင်ရှည်လာလည်း မညှပ်ပစ်ဘူးကွယ်...
ဂျပ်ပစီလိုပဲ လွှင့်နေမယ်...
အိပ်မက်ဆိုးများထဲက ရုန်းထွက်မရ
အိပ်မက်ဆိုးများထဲက ရုန်းထွက်မရ
ဘယ်လိုလူလဲ မေးရင်တော့ ကိုယ်ဟာ လွမ်းရတဲ့သူ
လှိုင်းကြောင်း သောင်ပြင်တွေထဲ ညတွင်းဆည်းဆာ ရှည်လျား
ကြယ်ကြွေဖို့ ဆုတောင်းရင်း လမင်းကြီးပါ ကြွေကျ
ဘယ်လိုဘယ်ပုံ ကြွေကျသလဲ ကြယ်လိုလား ပန်းလိုလား
သိပ္ပံနည်းကျ စဉ်းစားရင်တောင် ဘယ်လိုမှ မှန်းလို့မရ
အပြာရောင် ကော်ဖီဆိုင်ထဲမှာ သီချင်းကို ပိုက်ကာပွေ့
တစ်လမ်းဝင် တစ်လမ်းထွက်နဲ့ မင်းကို လိုက်ရှာသေးတယ်
အပြာရောင်ကို မကြိုက်ချင်ဘူး တမ်းတတယ် ခမ်းနားတဲ့ အဖြူ
ကိုယ်ဟာ ရင်တွေကွဲလျက် လွမ်းရတဲ့သူ
စိတ်အလိုကို လိုက်၍ကျွန်တော် ခေါင်းစဥ်တွေ လျှောက်တင်ခဲ့
သီချင်းတွေချည်း ရေးသားခဲ့ ကောင်းကင်ကြွေ ကောက်တဲ့လက်
အဝါရောင် နေကြာပန်း အတွက် အပြာရောင်တွေဟာ အလွမ်း
ဂစ်တာကြိုးလေး ပြတ်တာတောင် မတပ်ဖြစ်ဘူး အချစ်ရယ်
ခက်ဆစ်တစ်ခုဖွင့်ရင် ခူးဆွတ်စရာ အစုံအလင်နဲ့ ရူးသွပ်စရာ ပုံပြင်
ဦးညွှတ်ပါ ခုံမင်ရတဲ့ ခပ်မိုက်မိုက် Lady ရှေ့မှာ လက်ပိုက်ပိုက်နေမိတယ်
ဆံပင်ရှည်လာလည်း မညှပ်ပစ်ဘူးကွယ်...
ဂျပ်ပစီလိုပဲ လွှင့်နေမယ်...
အိပ်မက်ဆိုးများထဲက ရုန်းထွက်မရ
အိပ်မက်ဆိုးများထဲက ရုန်းထွက်မရ
ဘယ်လိုလူလဲ မေးရင်တော့ ကိုယ်ဟာ လွမ်းရတဲ့သူ
ဆံပင်ရှည်လာလည်း မညှပ်ပစ်ဘူးကွယ်...
ဂျပ်ပစီလိုပဲ လွှင့်နေမယ်...
အိပ်မက်ဆိုးများထဲက ရုန်းထွက်မရ
အိပ်မက်ဆိုးများထဲက ရုန်းထွက်မရ
ဘယ်လိုလူလဲ မေးရင်တော့ ကိုယ်ဟာ လွမ်းရတဲ့သူ