Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
𝄞
လူစုံတဲ့ ခန်းမကြီးရဲ့အလယ် ပန်းကလေးတွေ သိမ်ငယ်လို့
ဂါဝန်ဖြူပါးပါး လေးနဲ့ကွယ် နှင်းစက်တို့ ဝေနေသလို
ဟန်ဆောင်မှု ကင်းမဲ့လွန်းတဲ့ သူ့ရဲ့အပြုံးမှာ မျက်တောင်မခတ် ဝိုင်းကြည့်နေလို့
ကြင်သူနှစ်ဦး ပေါင်းဖတ်ရမယ် ရက်မြတ်မင်္ဂလာ ရောက်ပြီမို့
𝄞
နှစ်ဖက်မိဘ စုံလင်စွာရှေ့ ကတိသစ္စာ တိုင်တည်ထားကြ
ရိုးမြေကျ ပေါင်းဖတ်ပါ့မယ် ပြီးပြည့်စုံတယ်..ဒါဟာငါ့ဘ၀
ကိုယ်စိတ်ကူးထားတဲ့ အတိုင်းလေး ဖြစ်ခွင့်ရလို့ သိပ်ပျော်မိ
မင်္ဂလာပွဲ ခန်းမကြီးထဲ ဖြစ်ခွင့်ရပြီ ကိုယ့်သတို့သမီး
𝄞𝄞
ဘိတ်သိပ်ဆရာ ကြေညာတယ် အနမ်းလေး ပေးစေချင်ပါတယ်
ပါးလေတွေ နီကာရဲ ရှက်လို့သွားပြီ ထင်ပါတယ်
ငါအားခဲပြီးတော့ သူ့ရဲ့ရှေ့မှာ ကလေးလေး တစ်ယောက်လို ဂျီကျမယ်
တာ၀တိံသာ ဟိုးအမြင့်ဆုံးက နတ်မိဖုရားနဲ့ ကျွန်တော့ သတို့သမီးကို တင်စားမယ်
𝄞𝄞
တစ်ယောက်လက်ကို တစ်ယောက်တွဲ ဟိုးမိုးကောင်းကင် တိမ်တွေထက်
ဝဲလို့ပျံ ချင်ပါရဲ့ ကိန္နရီ ကိန္နရာ မောင်နှံသဖွယ်
ဒီလိုပြောပြောပြီးတော့ ကိုယ့်ချစ်ဇနီးကို ချစ်လွန်လွန်းလို့ ကျီစားတယ်
အဖိုးတွေ အဖွားတွေ ဖြစ်တဲ့အချိန်ထိ ရွှေလက်တွဲပြီး ချစ်သွားမယ်
𝄞
မင်္ဂလာဦးည ရောက်ခဲ့ပြီ အချိန်ခါတစ်ခုမှ ပေါင်းရမယ် ကြင်စဦးမှ နောင်နှစ်တရာတိုင် ရင်မှာယုယ
သူ့ရဲ့အနားလေးကပ်လို့ တိုးကာ ကိုယ်ခါးလေး ဖတ်ချင်လို့ပါ
သူဟာ ပဉ္စပါပီ မင်းသမီးလေးဆို အထိအတွေ့နဲ့တင် ရူးမှာ
𝄞
ဒီအချန်းကျဉ်းထဲမှာ အချိန်တွေကြာလဲ နှစ်ယောက်သားက တိတ်ဆိတ်လျက်
တကယ်တော့ ဆိုင်းဝိုင်းကြီးတွေ တီးနေသလိုမျိုး ရင်ဘက်ထဲလဲ တဒိန်းဒိန်းနဲ့
စိတ်ကူးနဲ့ ရူးခဲ့ဖူးတဲ့ တို့နှစ်ယောက်ရဲ့ အချိန်တွေလဲ
ချစ်စရာကောင်းတဲ့ ကလေးလေးတွေလည်း ကိုယ့်ကိုမြန်မြန် မွေးပေးကွယ်
𝄞
ကြည်ဖြူပါနော် ဒီလိုအချိန်မှာ ရင်ခုန်သံခြင်း အမြစ်တွေတွယ်
လိုချင်ပါတယ် ပျော်ရွှင်စရာ အိမ်ထောင်သည်လေး ဖြစ်ချင်တယ်
အသက်တွေ အိုမင်းသွားတဲ့အထိ ငါနင့် အနားနားရှိချင်တယ်
ကိုယ့်ကြင်သူ ဇနီးမယားလေးရဲ့ ပါရမီဖြည့်ဖက် ဖြစ်ချင်တယ်
𝄞𝄞
ဘိတ်သိပ်ဆရာ ကြေညာတယ် အနမ်းလေး ပေးစေချင်ပါတယ်
ပါးလေတွေ နီကာရဲ ရှက်လို့သွားပြီ ထင်ပါတယ်
ငါအားခဲပြီးတော့ သူ့ရဲ့ရှေ့မှာ ကလေးလေး တစ်ယောက်လို ဂျီကျမယ်
တာ၀တိံသာ ဟိုးအမြင့်ဆုံးက နတ်မိဖုရားနဲ့ ကျွန်တော့ သတို့သမီးကို တင်စားမယ်
𝄞𝄞
တစ်ယောက်လက်ကို တစ်ယောက်တွဲ ဟိုးမိုးကောင်းကင် တိမ်တွေထက်
ဝဲလို့ပျံ ချင်ပါရဲ့ ကိန္နရီ ကိန္နရာ မောင်နှံသဖွယ်
ဒီလိုပြောပြောပြီးတော့ ကိုယ့်ချစ်ဇနီးကို ချစ်လွန်လွန်းလို့ ကျီစားတယ်
အဖိုးတွေ အဖွားတွေ ဖြစ်တဲ့အချိန်ထိ ရွှေလက်တွဲပြီး ချစ်သွားမယ်
မင်းရှိရင် အေးချန်းလွန်းလှတယ် မင်းမရှိရင် ရင်မှာ ပူလောင်လို့
ပျော်ရွှင်စရာတွေ ယူဆောင်လို့ပေးပါ အတူတူထူထောင်စို့
ဘာတွေ ဆက်ဖြစ်မှာလဲမသိ ဒုက္ခဆိုတာ ဗလာနတ္ထိ
အတူတူ ရင်ဆိုင်ကျော်ဖြတ် ပြီးသွားတဲ့အခါ မင်း အရှေ့မှာရပ်တည်
ဘာတွေ ဘယ်လိုဖြစ်ဖြစ် မင်းအနားရှိမယ် အတူတူ ရင်ဆိုင်မယ် တသက်လုံးပေါ့
ပျော်ရွှင်စရာ ကောင်းလွန်းသော နိဗ္ဗာန်လို ကိုယ့်ဘ၀မှာ မင်းလေးက အချစ်ဆုံးနော်
ကိုယ့်ရဲ့ ဇနီးလောင်းလေး အလိုမကျမှာ ဟောဒီက ဒီလူက အကြောက်ဆုံးမို့
မကောင်းတဲ့ အကျင့်တွေကို ပျောက်ဆုံးဖို့ အချိန်တန်လာပြီ မင်းလေးကနောက်ဆုံးမို့
တကယ်ပါ ပျော်လွန်းလို့ကျရတဲ့ မျက်ရည်ကို ဘာနဲ့မှမလဲ ပါ
ရိုးမြေကျ ပေါင်းသင်းလို့ သွားပါ့မယ် မင်းကို ဘယ်တော့မှ မခွဲခွာ
ကိုယ့်ရဲ့ ရင်ဘက်ထဲမှာ အမြဲစွဲလမ်း ရှိနေတာ မင်းပါ
မင်းမကြိုက်တဲ့ အရာတွေကိုမလုပ် စကားနားထောင်လို့ လိုက်နာပါ့မယ် အသဲရာ
ဒီကမ္ဘာမှာ သူ့လောက်လှတဲ့သူ မရှိပါ ကျိန်ဆို ကျိန်ပါ၏
အချိန်တွေကြာရင် အချိုးပြောင်းမယ့်လူ မဟုတ်ပါ အရင်လို လိမ္မာမည်
ပျံသန်းကြမယ် အတူတူ တိမ်လွှာထိ အလုပ်တွေပိတ်ရင် အတူတူအိမ်မှာ ရှိတဲ့အခါ
မင်းချက်ကျွေးတဲ့ ထမင်းနဲ့ဟင်းဟာ တော်တော်မိန်မှာ သိရဲ့လား