Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
ဘဒ္ဒ ကမ္ဘာကြီးထဲ လူလာဖြစ်တဲ့ တဒင်္ဂ ခဏတာလေးမှာ စင်္ကြာဝဠာကြီးနဲ့သာ ယှဉ် ကိုယ်တို့ဟာ မထင်မရှား ဘဝပါလေ တစ်သက်တာ ဘဝခရီးထဲ မင်းဖြတ်သန်းလို့ သင်ကြားသမျှ အရာတွေမှာ ဒုက္ခ..နဲ့တွေ့ရင် ရင်ဆိုင်ဖို့အတွက် အင်အားမျှပါစေ ဟိုးမှာ ကြည့်စမ်းကွယ် ပန်းပွင့်လေးတွေ ဝင့်ကြွားလှပနေ ညှိုးငယ်ချိန်ရောက်တော့ အပင်အဖျား အနားက ကြွေ ကိုယ်တို့ဟာ သေမင်းလက်မှာ ဝပ်တွားရမှာ မသွေ ကိုယ်သာအရင် သွားရပါစေ ကိုယ်မရှိတော့တဲ့ ကမ္ဘာထဲမှာ မင်းဟာ ကျင့်သားရပါစေ
ကိုယ်ဟာ လွင်ပြင်ကျယ်တွေကို ကျော်လွန်ခဲ့ပြီးနောက် ပင်လယ်ကို ဖြတ်ပျံလို့ သမုဒ္ဒရာထဲ လေနီကြမ်းတွေဆိုး မုန်တိုင်းကို တိုးမိတော့ ကိုယ့်အတောင်ပံတွေဟာ စုတ်ဖွာကြဲ ခေါင်းကိုငုံ့ကာလွှဲ တောင်းပန်တိုးလျှိုးရတယ် မလုပ်ပါနဲ့လို့ ကမ္ဘာမြေရေ ဒါဘယ်လို ဒုက္ခငရဲ ဒီကြယ်ဟာ အမှောင်ယံတွေထဲ ပြုတ်ကျခဲ့တဲ့ ဥက္ကာခဲ အားလုံးဟာ မုန်းလောက်ပါပြီ သိက္ခာတွေ ကုန်းကောက်စရာမရှိပုခုံးညောင်းစရာ ခရီးက အရာရာကို လွှတ်ချခဲ့ပြီးနောက် ကိုယ်ပိုင်ဆိုင်တာဆိုလို့လည်း အရှုံးပေါင်း ရာချီ သေရာပါ Trauma တွေ ဦးနှောက်မှာ ငြိ ဝါးလုံးခေါင်းရှာပြီး သာရတဲ့ လတစ်စင်းဟာ Aprilနေ့ရက်တွေထဲက ပြေးထွက်လာပြီးနောက် မင်းရင်ခွင်က လွဲပြီးလည်း ပုန်းအောင်းစရာမရှိလူတွေဟာ ဘယ်လိုများလဲ အချစ်ရယ်လို့ မင်းဆီမှာ ခေါင်းထိုးပြီး ငိုရတဲ့အဖြစ်ရယ် ကိုယ်တည်ဆောက်ခဲ့သမျှ ကိုယ်ပြန်ဖြိုချခဲ့ပစ်မယ် ကိုယ့်အမြီး ကိုယ်ပြန်ပြီး မြိုရတဲ့ ခေတ်ထဲမှာ မင်းကို ပြန်ရခဲ့တာ ဒါ ဘုရားသခင်ရဲ့ တစ်ခုတည်းသော သနားကြင်နာမှုပဲ အခြား တစ်ပါးသူလက်ထဲတော့ မထားချင်ပါဘူးရယ် ဒါ့ကြောင့်ပဲ ကိုယ်ဟာ ကြားဝင်ကာ လှခဲ့တယ် ကိုယ့်မှာက မင်းပဲရှိတာ သူတို့မှာက ရွေးချယ်စရာတွေ အများ..ကြီးပဲနေမှာ သံယောဇဉ်တွေ ထားမိခဲ့လေသမျှ ပြန်စွန့်လွှတ်ဖို့ ဆိုတာလည်း အားမရှိတဲ့ အနေအထားပါ ဝါး ဓနိနဲ့ နေရ နေရ ချစ်ခြင်းမေတ္တာကိုတော့ မင်းဆီကလွဲ တစ်ခြားနည်းနဲ့ မဖွေရှာ မျက်ရည်မိုးတွေဟာ အတားအဆီးမဲ့ ကြွေကျလာ အဲ့လို ကိုယ်တို့ရဲ့ ခါးသီးတဲ့နေ့များမှာ ကမ္ဘာ့ရဲ့ အမှောင်ခြမ်းရောက်ရင်တောင် မင်းလှမ်းငေးတိုင်း မြင်ဖို့ လောင်ကျွမ်းပြနေမယ် ဘယ်သူ့ကို အချစ်ခဲ့ဆုံးလဲ အချစ်ခဲ့ဆုံးလဲ မေးတိုင်း မင်းနာမည်ပဲ အခုထိ ကယောင်ကတမ်း ထဖြေတယ် မိတ္ထီလာ ကလောနဲ့ အောင်ပန်းကနေ ညောင်ရွှေမြို့တစ်ဝိုက်က တောင်တန်းအလှတွေပေါ် မင်းလက်တွဲပြီး နောက်တစ်ခေါက် ရှောင်စမ်းပါရစေ ကိုယ်တို့အတူနင်းဖူးတဲ့ ထောင်နှုတ်ခမ်းဝတွေ
ကိုယ်ဟာ နောင်တများစွာ သယ်ပိုးရင်းနဲ့ လူ့ဘဝကြီးအလယ် ကိုယ်စွန့်စားခဲ့သမျှ နာကျည်းခဲ့သမျှ ဘယ်သူမှ မသိလည်း.. ဒီလူဆိုးဘက်မှာ အချစ်ဟာ ရပ်တည် တကူးတက ရှိမြဲ..ရယ် ဒါ သမုဒယနဲ့ ချည်တဲ့ နွယ်.. ကိုယ်အော်ဟစ်ခဲ့သမျှ အနိုင်ကျင့်ခဲ့သမျှ တူးဆွမိဆဲ.. ကိုယ်ဖွက်ထားခဲ့တဲ့ ချစ်ခြင်းတရားကို အခုမှသိတယ် ဒီကမ္ဘာကြီးထဲမှာ အသက်ရှင်ရတာ မထူးရသည့်ထဲ... မင်းကို ထပ်ဆုံးရှုံးရရင် ရူးရချည်ရဲ့..ကွယ်.. ရူးရချည်ရဲ့.. ရူးရချည်ရဲ့..ကွ
မြစ်တစ်ဖက်ကမ်းမြို့ကနေ ထိုင်ပြီးတွေးခဲ့မိ ဒီအိမ်ပြန်လမ်းတွေဟာ ဘယ်လောက် မိုင်ခရီးဝေးမလဲ မသိဘယ်သူနဲ့မှ ယှဥ်ပြိုင်ပြီး မရွေးနဲ့နော် တစ်ခုခုဆို ဘဲကြီးမှာ ကွိုင်သီးလေးပဲ ရှိတာ ကြောက်စိတ်တွေဟာ အလွန်အကဲပါ အချစ်ရေ ဒီလူဟာ အတိတ်တွေရဲ့ နွံထဲမှာ နစ်နေ ဘာကိုမှ မကျွံရဲစရာ နှစ်တွေမှာ မင်းရှိလို့ ပျော်စရာတွေ ဒွန်တွဲကာ ရစ်ခွေ နောင်တတွေရမှာ အတပ်သိရဲ့သားနဲ့ ဘူတာမှားပြီး သွားရပ်မိတဲ့ ရထားငယ် အခက်အခဲတွေ ကြုံလာတော့ သတ္တိတကယ် အားနည်း မင်းမရှိတော့ လူတွေအလယ်မှာ မျက်စိသူငယ် နားသူငယ် တိုက်ခန်းလေး တစ်ခုထဲမှာ မနက်ထိလည်း က,တယ် ငါတို့ တောင်ပေါ်ရွာလေးတွေကိုလည်း ပတ်ကြည့်ခဲ့ကြတယ် အထီးကျန်လွန်းတဲ့ မင်းအတွက် အဖေါ်ဆိုပြီး ခွေးလေးတစ်ကောင် ပေးခဲ့တာရော မှတ်မိရဲ့မလားကွယ် ဘဝတွေ မပျက်သွားအောင် အဖက်ဖက်က ကြပ်တည်းတဲ့ကြားက ကိုယ်ဟာ တည်ထောင်နေရတော့ တခါတလေလည်း ကိုယ့်သံသယတွေဟာ မုန်တိုင်းတစ်ခုလို အနီရောင်အနေအထားကျော် ဒီသံယောဇဉ် ဒီမေတ္တာတွေဟာ ဒီကမ္ဘာမြေအဆုံးထိကို ချည်နှောင်စေသားပေါ့ ငါတို့အသက်တွေ မမှီအောင် ရှည်လျားသော သံသရာထဲမှာ ဘယ်ဘဝရောက်ရောက် ငါ့အနားလာ ဂဂျီဂဂျောင်တွေကျ နော် ဒါဟာ ငါမင်းကို ချစ်ခဲ့သမျှ ငါ့ဘဝ တစ်လျှောက်လုံးစာ ဖွက်ထားသမျှတွေပဲ မင်းသိတဲ့ အတိုင်းပဲပေါ့ Gfattဟာ ရင်ဘတ်က မပါပဲ ပါးစပ်ဖျားကနေ မကြွယ် နောက်ဆုံး တစ်နေ့မှာ ငါတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကို ပြတ်သားရလေမယ် ငါမင်းကို စိတ်ချလက်ချလို့ ဒီကမ္ဘာကြီးထဲကနေ ထွက်သွားပါရစေကွယ်
မင်းအတွက် အလှဆုံး သီချင်းလေးတစ်ပုဒ် ကိုယ်ဖန်တီးပေးခဲ့တယ် မိုးကုတ် စက်ဝိုင်းထိ တိမ်များသိသလို ကြယ်များ သိစေကွယ် မင်းအတွက် အလှဆုံး သီချင်းလေး တစ်ပုဒ် ကိုယ်ဖန်တီးပေးခဲ့တယ် ဆောင်းခိုငှက်များလည်း ဒီချစ်ခြင်းတရားကို ခံစားမိလေမယ် မင်းအတွက် အလှဆုံး သီချင်းလေးတစ်ပုဒ် ကိုယ်ဖန်တီးပေးခဲ့တယ် မိုးကုတ် စက်ဝိုင်းထိ တိမ်များသိသလို ကြယ်များ သိစေကွယ် မင်းအတွက် အလှဆုံး သီချင်းလေး တစ်ပုဒ် ကိုယ်ဖန်တီးပေးခဲ့တယ် ဆောင်းခိုငှက်များလည်း ဒီချစ်ခြင်းတရားကို ခံစားမိလေမယ်
ကိုယ်ဟာ နောင်တများစွာ သယ်ပိုးရင်းနဲ့ လူ့ဘဝကြီး အလယ်.. ကိုယ်စွန့်စားခဲ့သမျှ နာကျည်းခဲ့သမျှ ဘယ်သူမှ မသိလည်း.. ဒီလူဆိုးဘက်မှာ အချစ်ဟာရပ်တည် တကူးတကရှိမြဲ..ရယ် ဒါ သမုဒယနဲ့ ချည်တဲ့ နွယ်.. ကိုယ်အော်ဟစ်ခဲ့သမျှ အနိုင်ကျင့်ခဲ့သမျှ တူးဆွမိဆဲ.. ကိုယ်ဖွက်ထားခဲ့တဲ့ ချစ်ခြင်းတရားကို အခုမှသိတယ် ဒီကမ္ဘာကြီးထဲမှာ အသက်ရှင်ရတာ မထူးရသည့်ထဲ.. မင်းကိုထပ်ဆုံးရှုံးရရင် ရူးရချည်ရဲ့..ကွယ်... ကိုယ်တကယ် ရူးရချည်ရဲ့... ကိုယ်ဟာ ရူးရချည်ရဲ့..ကွယ်....