Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
သီတင်းကျွတ် ညလေးတစ်ည ပြန်လည်ကာ အမှတ်ရ မိပါတယ်
မီးကလေးတွေ ထွန်းတော့ စည်ပါတယ် လမ်းထဲမှာကွယ်
ချစ်တဲ့ ကောင်လေးတစ်ယောက် ယောင်လည်လည် တစ်ဦးတည်း လျှောက်ကာလည်...
အတွဲလေး မရှိဘူးပေါ့.. သမင်လည်ပြန်.. ခဏခဏ လှည့်ကြည့်တယ်..
စည်ကားတယ် သီတင်းကျွတ်ည မီးပန်းတွေ ပစ်လွှတ်ကြ
ပျော်နေတဲ့ လူတွေကြား အဖော်မပါတဲ့ ငါ့ရဲ့ဘဝ
ဒီလိုအချိန် ငါ့မှာ အတွဲလေးသာ ရှိရင်တော့
ငါ့အတွက် ဒီညက အများနည်းတူ အလှဆုံးပေါ့
စိတ်ကူးတွေ ဖြစ်တည် နောက်မှ ကောင်မလေးကိုတွေ့မိ
အကြည့်ချင်း တွေ့ ဆုံပြီး ဘယ်ညာချီတက် လှမ်းခဲ့သည်
ခင်ချင်တယ် မိတ်ဖွဲ့ ရည်းစားစကား ပြောဖြစ်
အဖြေက ဘယ်လိုလဲ ပြောလိုက်စမ်းပါ ဟေ့အချစ်
ငွေစန္ဒာ သာချိန်မှာ... ဆူညံတဲ့ သီချင်းသံ
ငါ့ရင်ထဲ အပျော်တွေဟာ စိတ်လှုပ်ရှားပြီး နေလို့လား
နှစ်ယောက်မျက်လုံး အဆုံမှာ ငါ့စိတ်ကလေးတွေ ဘာဖြစ်လဲ
ချစ်မိ သွားပြီကွယ်... ချစ်သူတစ်ယောက် ကောက်ရတယ်

နှစ်ယောက်မျက်လုံး အဆုံမှာ ငါ့ စိတ်ကလေးတွေ ဘာဖြစ်လဲ
ချစ်မိ သွားပြီကွယ်... ချစ်တဲ့ကောင်လေး တို့တွေ့တယ်..
သီတင်းကျွတ် ညလေးတစ်ည ပြန်လည်ကာ အမှတ်ရ မိပါတယ်
မီးကလေးတွေ ထွန်းတော့ စည်ပါတယ် မီးထွန်းပွဲတော်မယ်..
ချစ်တဲ့ ကောင်လေးတစ်ယောက် ယောင်လည်လည် တစ်ဦးတည်း လျှောက်ကာလည်
အခုတော့ တို့ရည်းစား သူလည်စရာ အတွဲလေး ရှိပေါ့ကွယ်...
နောက်တစ်နှစ်မှာ ဒီလိုပဲ သီတင်းကျွတ်က ရှိမြဲ
ပြောင်းခဲ့တာ ငါ့ဘဝ ချစ်သူလေးကို လက်တွဲ
ချစ်လေးကို ခေါ်လို့. သီတင်းကျွတ်မှာ ပျော်တော့
တွေ့သမျှသူ လျှောက်ပြော ဒါ ငါ့ရည်းစားပေါ့...
မနှစ်ကနဲ့ ဒီနှစ် အဖြစ်အပျက်က မတူညီ
လျှောက်လည်ရင်းနဲ့ အချိန်တွေလည်း ကုန်ခဲ့ပြီ
အပျော်တွေလွန်ပြီး လမ်းလျှောက်ရတာ မောလို့
မောပြီလား မေးတော့.. အချစ်က မောပြီ ကိုကို....
ငွေစန္ဒာ သာချိန်မှာ... ဆူညံတဲ့ သီချင်းသံ
ငါ့ရင်ထဲ အပျော်တွေဟာ စိတ်လှုပ်ရှားပြီး နေလို့လား
နှစ်ယောက်မျက်လုံး အဆုံမှာ ငါ့စိတ်ကလေးတွေ ဘာဖြစ်လဲ
ချစ်မိ သွားပြီကွယ်... ချစ်သူတစ်ယောက် ကောက်ရတယ်
ငွေစန္ဒာ သာချိန်မှာ... ဆူညံတဲ့ သီချင်းသံ
ငါ့ရင်ထဲ အပျော်တွေဟာ စိတ်လှုပ်ရှားပြီး နေလို့လား
နှစ်ယောက်မျက်လုံး အဆုံမှာ ငါ့ စိတ်ကလေးတွေ ဘာဖြစ်လဲ
ချစ်မိ သွားပြီကွယ်... ချစ်တဲ့ကောင်လေး တို့တွေ့တယ်..
သီတင်းကျွတ် ညလေးတစ်ည ပြန်လည်ကာ အမှတ်ရ မိပါတယ်
မီးကလေးတွေ ထွန်းတော့ စည်ပါတယ် မီးထွန်းပွဲတော်မယ်..
ချစ်တဲ့ ကောင်လေးတစ်ယောက် ယောင်လည်လည် တစ်ဦးတည်း လျှောက်ကာလည်
အခုတော့ တို့ရည်းစား သူလည်စရာ အတွဲလေး ရှိပေါ့ကွယ်...
သီတင်းကျွတ် ညလေးတစ်ည ပြန်လည်ကာ အမှတ်ရ မိပါတယ်
မီးကလေးတွေ ထွန်းတော့ စည်ပါတယ် လမ်းထဲမှာကွယ်
ချစ်တဲ့ ကောင်လေးတစ်ယောက် ယောင်လည်လည် တစ်ဦးတည်း လျှောက်ကာလည်...
အတွဲလေး မရှိဘူးပေါ့.. သမင်လည်ပြန်.. ခဏခဏ လှည့်ကြည့်တယ်..
သီတင်းကျွတ် ညလေးတစ်ည.. သီတင်းကျွတ် ညလေးတစ်ည..