Songs ↓
Thanzin
Song Library

Song detail

သူငယ်ချင်းသို့ပေးစာ

Key G Published

Controls

Display, spacing, and layout

Reset to default

Columns

1 cols

Select 1 to 4 columns for reading.

Original key

Re-anchor the chords to the key you actually play in.

Capo

6
-6 +

Lower the shapes without changing the pitch.

Transpose

Key: G
-+0 +

Shift chords up or down.

Accidentals

Write chords with sharps or flats.

Display

Choose overlay or lyric view.

Line spacing

0px

Adjust lyric and chord line height.

Label width

4.0x

Widen the section-label column.

Key - Db Capo - 6
Round:
Db Ab Bbm Fm Gb Db Ebm Ab
V1

ဘာတွေဘယ်လို ဖြစ်သွားလဲ မသိပါ နင်ရယ်ငါရယ် သူငယ်ချင်း အရင်းကြီး ပါ ပြောင်းလဲကာ ခံစားချက်တွေ ပိုတာ အပြစ်ရှိလား

ဟန်ဆောင်ကာ နေဖို့ အားမရှိပါ ကြာလာရင် သူငယ်ချင်း မင်းကြောင့်ငါ ရူးတော့မယ် ဖွင့်ပြောလိုက်ရင် နင်လေ စိတ်ကောင်းမလား

ချစ်မိသွားပြီ မြတ်နိုးမိသွားပြီ မင်းနဲ့ အစထဲကငါ သူငယ်ချင်း မဟုတ်ရင် ကောင်းမယ်ကွာ သိလား

ချစ်မိသွားပြီ မြတ်နိုးမိ သွားတဲ့ ငါ့ရဲ့ ကြင်နာသူ လေးဟာ တစ်ဦးတည်း မင်းပဲ သူငယ်ချင်းရာ

Rap1

သတိရခြင်း များစွာနဲ့ငါ စာရေးလိုက်တယ် မင်းဆီ အခုစာ ကျန်းမာရေးကို ဂရုစိုက်ပါ ငါတို့တော့ အရင်လိုပဲကွာ

ဘော်ဒါတွေ စုံလင်ဆဲပါ မင်းတစ်ယောက်ပဲ ငါတို့ကို ခွဲခွာ သူစိမ်းတွေနဲ့ အတူ ယှဉ်တွဲကာ ပညာတွေ သင်ယူခဲ့ပါ

အိပ်ရေးတွေ ပျက်နေတုန်းလား မျက်တွင်းတွေ နက်နေဦးမှာ လက်သည်းရှည်နေရင် ညှပ်ပါ ငါမရှိတော့ ပြောတာ မှတ်ဟာ

နင်ချစ်သူ ကြင်ရာဘက်ပါ ထွေနေပြီ လားကွာ တစ်သက်စာ ကျောင်းတွေတက် စာတွေကျက်နဲ့ ကန်တင်းတောင်မှ မထိုင်ဖြစ်ဘူးငါ

နင်မရှိတော့ ပျင်းတော့ ပျင်းစရာပဲ နင်ကော ဘယ်လိုလဲ အဲဒီမှာလဲ ရာသီဥတုက သာယာလဲ ဒီမှာထက်တော့ ပိုအေးမှာပဲ

ကျန်းမာရေး ဂရုစိုက် မမေ့ပါနဲ ဆေးသောက်ဖို့လဲ နင်ပျင်းတာပဲ နင့်ကိုဘယ်သူ စာ‌တွေရှင်းပြလဲ မင်းသတင်းတွေ နားစွင့်ရင်း ငါအမြဲ

ဒီလိုလေးပါပဲ သူနဲ့ကျွန်တော် သူငယ်ချင်းပါပဲ ရင်ထဲမှာ ဘယ်လိုတွေ များတင်းလဲ

ခင်မင်မှုတွေ ပျက်ယွင်းကာ ကွဲမှာကိုလဲ စိုးရိမ်နေ ခဲ့ခြင်းကလဲ ငါညံ့ဖျင်းခဲ့ ခြင်းပါပဲ

ရင်ထဲမှာ ဘယ်လိုပင် ဝေးကွာလဲ လွမ်းနေတယ် သူငယ်ချင်း ငါအမြဲ

V2

မင်းက မသိတော့ အားလုံးကို ထားခဲ့ပြီပေါ့ လေယာဉ်ပျံကြီးနဲ့ လက်ပြနှုတ် ဆက်သွားတယ်

တစ်ယောက်တည်းပဲ အိုး ကျန်နေလို့ ဘယ်လိုနေ ရမှာလဲ ဘယ်လိုနေ ရမလဲ သူငယ်ချင်းရယ် ပြောပေးပါဦး

Rap2

စာလာတယ်ဗျို့ နင်ရေးတဲ့ စာတွေ ရပါတယ် နင်တို့ကိုလဲ ငါလွမ်းပါ တယ် နောက်ပြီးတော့ ငါလဲ ကျန်းမာတယ်

နင်တို့သာ နေတာ ဗရမ်းဗတာနဲ့ ငါ့ကိုလွမ်းတာနဲ့ အတန်းတွေမဲ့ လမ်းတွေလှည့် ဒီလိုသဝေ ထိုးနေတဲ့ နင်တို့ပုံတွေကို မှန်းမြင်ရဲ့

တစ်ယောက်တည်းပဲ နေရတော့ ဒီမှာနဲနဲတော့ ပျင်းတာပေါ့ ဘော်ဒါအသစ် တွေတော့ ရတယ် ဒါပေမယ့် စိတ်ချင်းကတော့

နင်တို့နဲ့ ဘယ်တူပါ့မလဲ ငါတို့က ငယ်ပေါင်းဆိုတော့ လူချင်းသာ ဝေးနေတာ သတိရတာ နဲနဲမှ မလျော့

အချစ်ရေးလား အခုချိန်ထိ စမ်းတဝါးဝါး မသေချာ ငါလူပျိုကြီး ဖြစ်မှ နင်တို့ ကလေးတွေကို ထိန်းမယ်လေဟာ

တကယ့် စေတနာ နင်တို့လိုမျိုး မလိမ်မမာ ပေတရာ ငပေအတာ မဖြစ်စေ ရဘူးကွာ အသေချာ

ဟားဟား စတာပါ သူငယ်ချင်းရာ နင်တို့နဲ့ ရယ်ရင်းသာ အရင်လို ငါ့နေ့ရက် တွေကိုလေ ကုန်ရင်းသာ

နေချင်တယ် တသက်လုံးငါ မြင်ယောင်တယ် မျက်လုံးမှာ စိတ်ချပါ သူငယ်ချင်းရာ တစ်နေ့တော့ ငါပြန်လာဦးမှာ

V3

အရာရာ မနေ့ကလို ငါလေထင်မှတ် နေတုန်းပဲ မင်းသွားတာ အချိန်အတော် ကြာပြီပဲ

အရာရာ မနေ့ကလို မင်းကိုငါ လွမ်းနေတုန်းပဲ သူငယ်ချင်းရယ် မင်းပဲ ငါမျှော်နေ မိတယ်

Rap3

မင်းသွားတာ ဒီနေ့နဲ့ဆို ၃၆၅ ရက် မင်းနဲ့ငါ ဆက်သွယ်မှုက စာလွှာတွေပဲ ပါးလျက်

သံယောဇဉ် တံတားတချပ်ကို ငါတို့အတူတူ ထားလျှက် တနေ့တော့ အတူဆုံ ဆည်းရမယ် ဒါငါ့သစ္စာ စကားတရပ်

Rap3

မင်းသွားတာ ဒီနေ့နဲ့ဆို ၃၆၅ ရက် မင်းနဲ့ငါ ဆက်သွယ်မှုက စာလွှာတွေပဲ ပါးလျက်

သံယောဇဉ် တံတားတချပ်ကို ငါတို့အတူတူ ထားလျှက် တနေ့တော့ အတူဆုံ ဆည်းရမယ် ဒါငါ့သစ္စာ စကားတရပ်

Rap3

မင်းသွားတာ ဒီနေ့နဲ့ဆို ၃၆၅ ရက် မင်းနဲ့ငါ ဆက်သွယ်မှုက စာလွှာတွေပဲ ပါးလျက်

သံယောဇဉ် တံတားတချပ်ကို ငါတို့အတူတူ ထားလျှက် တနေ့တော့ အတူဆုံ ဆည်းရမယ် ဒါငါ့သစ္စာ စကားတရပ်

Rap3

မင်းသွားတာ ဒီနေ့နဲ့ဆို ၃၆၅ ရက် မင်းနဲ့ငါ ဆက်သွယ်မှုက စာလွှာတွေပဲ ပါးလျက်

သံယောဇဉ် တံတားတချပ်ကို ငါတို့အတူတူ ထားလျှက် တနေ့တော့ အတူဆုံ ဆည်းရမယ် ဒါငါ့သစ္စာ စကားတရပ်

About this song
Albums
Unknown
Release year
Unknown
Language
Level
Created by
a******9@gmail.com