Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
ဟောင်းနွမ်းသွားတဲ့ မင်းရဲ့ ဓာတ်ပုံလေးဟာ ကို့ ပိုက်ဆံအိတ်ထဲ အရင်လိုပါ
အေးချမ်းလွန်းတဲ့ မင်းရဲ့ မျက်နှာလေး တွေးမိတဲ့အခါ
ခဏလောက် တွေ့ချင်လိုက်တာ
ခြောက်သွေ့ တိတ်ဆိတ်လွန်းတဲ့ ကိုယ့်နေ့ရက်များမှာ
အမှန်တကယ် အတိတ်မေ့ သွားရင်ကောင်းမှာ
နားလည်မှုတွေနဲ့ တို့တည်ဆောက်ထားတဲ့ ဘဝဟာ
အချိန်ရယ် တိုတောင်းလွန်းလိုက်တာ
ငြင်သာစွာ ပြုံးပြ တတ်တဲ့ နှုတ်ခမ်းပါးက အမုန်းစကား ဆိုတဲ့အခါ
ခုံမင်စွာ ဖမ်းဆုတ်ခဲ့တဲ့ လက်ဖဝါးလေးနဲ့ တွန်းဖယ် ထွက်ပြေးသွား
တစ်နေ့နေ့တော့ မေ့နိုင်မယ် ထင်ခဲ့တာ ရာသီ စက်ဝိုင်းတွေ အဆုံးသတ်မှာ
ဒီနေ့ မနက်ကော ဖြစ်နိုင်မလား ရင်ဘတ်ထဲက ငြင်းမြဲပါ
ဒီလိုသာ လုံးပါးပါးရင်း သံသရာလည် ရစ်ပတ်တဲ့ ကြိုးလေးတွေကို
ချစ်မိနေ ကို့အနာဂတ်ဟာ အဓိပ္ပါယ်မရှိတာ မင်းပဲ အသိဆုံးပါ
ကို့အသက်ရဲ့ မှီတည်ရာ မင်းအပြုံးလို့ ဖြေဆိုမယ်
ဘယ်လွယ်ပါ့မလည်း အသည်းလေးရယ် သေမလိုပဲ သိရဲ့လားကွယ်
နောင်ဘဝများ ရှိခဲ့ပါရင်ကွယ် မင်းအနားပဲ နေလိုတယ်
ဘယ်လွယ်ပါ့မလည်း အသည်းလေးရယ် သေမလိုပဲ သိရဲ့သားနဲ့
မင်းရဲ့အချစ်ကို အလေးထားပြီး ကိုးကွယ် အရာရာကို ငါစွန့်ပယ်ခဲ့
အဆုံးသတ်ရွေးချယ်မှု ငါမဖြစ်ခဲ့တော့ ဘယ်အရာကို ငါဖက်တွယ် မလည်း
မြက်ခင်းစိမ်းလေးဟာ မင်းနင်းလျှောက်ဖို့အတွက်ကို သီးသန့်ဖြစ်တည်ခဲ့တာ
နှင်းစက်လေးများ စိုနေတဲ့ အို သစ်ရွက်လေးများဟာ
နင်မရှိတော့တဲ့ နေ့တွေမှာ အလိုလို ငြှိုးနွမ်းခြောက်သွေ့သွား
ကွဲအက်ကြေမွခဲ့ စိတ်ဒဏ်ရာ ငါ့အခန်းတံခါး လေးပိတ်ထားမှာ
ရင်ခွင်ထဲ တိုးဝှေ့ခဲ့တဲ့ မင်းမျက်ဝန်းရဲ့ အရိပ်
နာကျင်ဆဲ နှလုံးသား အတွက်တော့ ဖြေဆေး မရှိတဲ့အဆိပ်
အိပ်စက်ခွင့်ပေးပါ ဒီဆောင်းညတွေမှာ
အမှောင်ဆုံး နေ့ရက်များ လွန်တဲ့အခါ တို့နှစ်ယောက် တွေ့နိုင်မလား
ကို့အသက်ရဲ့ မှီတည်ရာ မင်းအပြုံးလို့ ဖြေဆိုမယ်
ဘယ်လွယ်ပါ့မလည်း အသည်းလေးရယ် သေမလိုပဲ သိရဲ့လားကွယ်
နောင်ဘဝများ ရှိခဲ့ပါရင်ကွယ် မင်းအနားအမြဲ နေလိုတယ်
ဘယ်လွယ်ပါ့မလည်း အသည်းလေးရယ် သေမလိုပဲ သိရဲ့လား ....