Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
ခင်တွယ်စရာ ဆိုလို့ မရှိဘူးကွယ် ကြင်နာစရာ ဆိုတော့ အလှမ်းဝေးတယ်
သူငါတွေလို အသည်းနှလုံး ရင်မှာအစဉ်သာ ကိုယ်လျှောက်လည်
အချစ်စစ်နဲ့ ချစ်သူရယ် ဘယ်တော့များ တွေ့ပါ့မလဲ
အဝေးရဲ့အဝေး အရိပ်လိုပြေး တိမ်လွှာဘုံ ကမ္ဘာထဲ တစ်ခေါက်ရောက်လို့ သွားတယ် အိပ်မက် ကလေးတော့ မမေ့ဘူးကွယ်
ကိုယ်သေရင် ဘယ်သူငိုပါ့မယ် တေလေထင်လည်း ဂရုမစိုက်တယ်
ဒီကမ္ဘာပေါ်မှာ အမှန်တော့ကွယ် လူပျိုဆိုတာဂုဏ်ရှိတယ်
အချစ်စစ်နဲ့ ချစ်သူရယ် ကိုယ်မတွေ့ဘူး မေ့မေ့မူး
ဆုံးတစ်သက်တိုင် ကိုယ့်ဘဝမှာလေ လူပျိုပမာ အလား စိတ်ဒုက္ခများ အလယ် တွယ်ရာမဲ့သမို့ တစ်ကိုယ်တည်းရယ်

စိတ်ဒုက္ခများ အလယ် တွယ်ရာမဲ့သမို့ တစ်ကိုယ်တည်းရယ်